သန်းကြွယ်သူဌေးဖြစ်ဖို့ လွယ်ကူရိုးရှင်းသည့် အဆင့်(၅)ခု

သန်းကြွယ်သူဌေးဖြစ်ဖို့ လွယ်ကူရိုးရှင်းသည့် အဆင့်(၅)ခု - Property Knowledge in Myanmar from iMyanmarHouse.com
18 Aug 2016 11:26 am တွင် တင်ခဲ့သည်
10227 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ဖို့က အလှမ်းဝေးလွန်းတဲ့ အိပ်မက်တစ်ခုလို ဖြစ်နေပါသလား။ တကယ်တမ်းလက်တွေ့မှာတော့ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ဖို့က အရမ်းလွယ်တယ်လို့ ပြောရင် ယုံနိုင်မှာ မဟုတ်ပါဘူး။ ဟုတ်ပါတယ်။ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ဖို့ အခုဖော်ပြမယ့် အချက်(၅)ခုနဲ့ ပြည့်စုံဖို့ပဲ လိုတာပါ။

၁။ သင့်စိတ်ဆန္ဒကို တိုးတက်အောင်မြင်စေနိုင်မယ့် လူတွေနဲ့ ၀န်းရံထားပါ။

သင့်ရည်မှန်းချက်တစ်ခု ပြီးမြောက်အောင်မြင်စေဖို့အတွက် လက်ရှိအောင်မြင်ပြီးသားလူတွေနဲ့ ဆက်ဆံရေးတည်ဆောက်ထားဖို့လိုပါတယ်။ သူတို့တွေက သင့်ကို ဘာလုပ်ဖို့လိုတယ်ဆိုတာကို ပြောပြပေးနိုင်ပါတယ်။ ဒီလိုဆိုရင် မဖြစ်နိုင်ဘူးလို့ထင်တဲ့ ရည်မှန်းချက်တွေက တကယ်ဖြစ်လာနိုင်ကို သိမြင်လာပါလိမ့်မယ်။

၂။ မဖြစ်နိုင်ဘူးထင်တာတွေကို ပြန်လည်ဆန်းစစ်ပါ။

သင်အိပ်မက်ကို အကောင်အထည်ပေါ်လာဖို့ ပံ့ပိုးကူညီပေးနိုင်သူတွေနဲ့ ၀န်းရံပြီးတဲ့အခါမှာ သင့်ရဲ့ခံယူချက်ကို အဆင့်မြှင့်တင်ဖို့ လုပ်ရမှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ ကန့်သတ်ထားတဲ့ ယုံကြည်မှုတွေကို ဆန်းစစ်ပြီးအတွေးတွေကို ပြန်လည်ပုံဖော်ရမှာ ဖြစ်ပါတယ်။ ကိုယ့်သမိုင်းကိုကိုယ်တိုင်ပြန်ပြင်ရေးတဲ့သဘောပဲ ဖြစ်ပါ
တယ်။ ဒီလိုဆန်းစစ်ရာမှာ ဘယ်အချက်တွေက ရှေ့ဆက်ဖို့ အဟန့်အတားဖြစ်နေစေတာလဲ၊ တကယ်ပဲ အဟန့်အတားဖြစ်နေတာလား ဒါမှမဟုတ် စိတ်ထဲမှာပဲ တွေးကြောက်နေတာလား၊ စိုးရိမ်စိတ်တွေကို ဘယ်လို ကျော်ဖြတ်နိုင်မလဲ စသဖြင့် စဉ်းစားသုံးသပ်ရမှာဖြစ်ပါတယ်။

၃။ မျှော်လင့်မထားတဲ့ တန်ဖိုးတွေ ပေးနိုင်ပါစေ။

သင့်ရဲ့ဝင်ငွေတိုးတက်လာဖို့က မျှော်လင့်မထားတဲ့ တန်ဖိုးတွေ ပေါင်းထည့်ပေးနိုင်စွမ်းပေါ်မှာ မူတည်နေပါတယ်။တန်ဖိုးတွေ ပေါင်းထည့်ပေးနိုင်ဖို့အတွက် အလုပ်ကြိုးစားဖို့ လိုတယ်လို့ လူအများစုက ထင်တတ်ကြပါတယ်။ တကယ်တော့ မျှော်လင့်မထားတဲ့ တန်ဖိုးတွေပေါင်းထည့်ရာမှာ သင့်ရဲ့အဆက်အသွယ်တွေ၊ အချိန်တွေ၊ ဖြေရှင်းပေးနိုင်တဲ့ ပြဿနာတွေကနေ တဆင့်ပေါင်းထည့်ပေးလို့ ရနိုင်ပါတယ်။ မှန်ကန်တဲ့လူတွေနဲ့ အဆက်အသွယ်ကောင်းတွေ တည်ဆောက်နိုင်တဲ့အခါမှာ အခွင့်အလမ်းကောင်းတွေ ပေါ်ထွက်လာတတ်တာကြောင့် သင့်ရဲ့အချိန်တွေကိုရင်းနှီးမြုပ်နှံပြီး ပြဿနာဖြေရှင်းနိုင်
သူတစ်ယောက် ဖြစ်လာဖို့ လိုပါတယ်။ အလုပ်ကိုချည်းပဲ ကြိုးစားလုပ်ဆောင်ဖို့နဲ့ လစာကောင်းတဲ့အလုပ်တစ်ခုရဖို့ စတဲ့ အတွေးအခေါ်ဟောင်းတွေကို ဘေးချိန်ထားပြီး လူမှန်နေရာမှန်မှာ ချိန်သားကိုက်လှုပ်ရှားတတ်တဲ့ အလေ့အကျင့်ကို မွေးမြူထားဖို့ လိုပါတယ်။

၎။ စားသုံးသူကို သေချာရွေးချယ်ပါ။

သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်လာဖို့ အမြန်ဆုံးနဲ့ အလွယ်ဆုံးနည်းလမ်းကတော့ သင့်ရဲ့ ထုတ်ကုန် ဒါမှမဟုတ် ၀န်ဆောင်မှုကို ဈေးနှုန်းမြှင့်တင်ဖို့ပဲဖြစ်ပါတယ်။ ဒီလိုဈေးနှုန်းမြှင့်တင်ဖို့ တစ်ယောက်ယောက်ကို ပြောကြည့်မယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာမျိုးပဲ ကြားရမှာသေချာပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ စားသုံးသူတွေကို ပညာသားပါပါရွေးချယ်တတ်ဖို့ လိုပါတယ်။ စားသုံးသူတွေက ပေးချင်တဲ့ ဈေးနှုန်းဟာ သူတို့လက်ခံရရှိတဲ့ တန်ဖိုးနဲ့ တိုက်ရိုက်ဆက်နွယ်နေတာကြောင့် ဖြစ်ပါတယ်။

၅။ ရေရှည်အတွက် ရင်းနှီးမြုပ်နှံပါ။

လူအများစုက အလွယ်တကူနဲ့ မြန်မြန်ဆန်ဆန်အောင်မြင်ချင်တတ်ကြပါတယ်။ ဒီနည်းလမ်းက လူတစ်ချို့အတွက်ပဲ အလုပ်ဖြစ်ပါလိမ့်မယ်။ တကယ်တော့ ရေရှည်အတွက် ရင်းနှီးမြုပ်နှံတဲ့အခါမှာ ရလဒ်တွေက ပိုပြီး မြန်မြန်ရရှိတာကို တွေ့ရပါလိမ့်မယ်။ သင့်ရဲ့အချိန်ကို သုံးစွဲပုံ၊ ၀န်ထမ်းတွေ ခန့်အပ်မှု၊ တည်ဆောက်ထားတဲ့ဆက်ဆံရေး၊ ဖန်တီးထုတ်လုပ်တဲ့ ထုတ်ကုန်၊ လုပ်ငန်းရဲ့ဖွဲ့စည်းပုံ စတာတွေအားလုံးမှာ ရေရှည်အတွက်တွေးပြီး ရင်းနှီးမြုပ်နှံတတ်ဖို့ လိုပါတယ်။

Credit: Gentleman

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service