သီလဝါရှယ်ယာများ အနိမ့်ဆုံးဈေး ကျဆင်းပြီးနောက် အရောင်းအဝယ်ပြန်ဖြစ်

သီလဝါရှယ်ယာများ အနိမ့်ဆုံးဈေး ကျဆင်းပြီးနောက် အရောင်းအဝယ်ပြန်ဖြစ် - Property News in Myanmar from iMyanmarHouse.com
17 Aug 2016 10:14 am တွင် တင်ခဲ့သည်
1352 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်စတော့အိတ် ချိန်းတွင် သီလဝါအထူးစီးပွားရေး ဇုန်အများပိုင်ကုမ္ပဏီ၏ရှယ်ယာ သည် သြဂုတ် ၁၆ ရက်က အနိမ့် ဆုံးဈေး ၄၁,၀၀၀ ကျပ်သို့ကျဆင်း ပြီးနောက် အရောင်းအဝယ်ပြန် လည်မြင့်တက်လာကြောင်း သတင်းရရှိသည်။

သီလဝါအများပိုင်ကုမ္ပဏီ ၏ ရှယ်ယာဈေးများ တဖြည်းဖြည်းကျဆင်းလာပြီးနောက် ယခင် ပြင်ပပေါက်ဈေးထက် နည်းသွား ၍ သြဂုတ် ၁၆ ရက်တွင် အစုရှယ် ယာပေါင်း ၃,၂၀၀ ကျော်သာ အ ရောင်းအဝယ်ဖြစ်ခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်း တွင် ရှယ်ယာများဈေးကျနေပြီး အ ရောင်းအဝယ်နည်းခြင်းမှာ စာရင်းဝင်ကုမ္ပဏီနည်းပါးခြင်း၊ ရှယ်ယာ အဖွင့်ဈေးအမြင့်များဖြင့် ဖွင့်လှစ် ခြင်းနှင့် ငွေရှင်ကြေးရှင်များမပါ ဝင်လာတော့ခြင်းတို့ကြောင့် ဖြစ် သည်ဟု စီးပွားရေးပညာရှင် ဦးလှမောင်က ပြောသည်။

‘‘ငွေရှင်ကြေးရှင်တွေက အခုရှုံးလို့ မကစားကြတော့ဘူး။ အခုမှရန်ကုန်စတော့အိတ်ချိန်းက ပုံမှန် လည်ပတ်နေတာ’’ဟု ဦးလှမောင် က ပြောသည်။

FMI ကုမ္ပဏီ၏ရှယ်ယာတန် ဖိုးလည်း အနိမ့်ဆုံးဈေးဖြင့် ရှယ် ယာတစ်စုလျှင် ၁၉,၅၀၀ ကျပ်ဖြင့် သြဂုတ် ၁၆ ရက် ဈေးပိတ်ခဲ့သည်။သီလဝါအများပိုင်ကုမ္ပဏီ တွင် အစုရှယ်ယာလေးသန်းခန့်ရှိ ပြီး ကုမ္ပဏီစတင်တည်ထောင်ရန် ရှယ်ယာများရောင်းချစဉ်က ကျပ် ၁၀,၀၀၀ ဖြင့် ရောင်းချခဲ့ခြင်းဖြစ် သည်။ ပြီးခဲ့သည့် မေလ ၂၀ ရက် က ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာစတင်ရောင်းချခဲ့ပြီး အ ဖွင့်ဈေး၌ ရှယ်ယာတစ်စုလျှင်၅၀,၀၀၀ ကျပ် ဈေးဖွင့်ခဲ့သည်။ FMI ကုမ္ပဏီသည် ရှယ်ယာအဖွင့် ဈေးကို ရှယ်ယာတစ်စုလျှင် ၂၆,၀၀၀ကျပ်ဖြင့် ဈေးစတင်ဖွင့်ခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်း သည် ပြီးခဲ့သည့် မတ်လက စတင် လည်ပတ်ခဲ့ပြီး လက်ရှိ၌ ကုမ္ပဏီ နှစ်ခုဖြင့် လည်ပတ်နေသည်။ တ တိယမြောက်ကုမ္ပဏီဖြစ်လာမည့် မြန်မာနိုင်ငံသားများဘဏ်သည် ယခုလကုန်တွင် ရန်ကုန်စတော့ အိတ်ချိန်း၌ စတင်ရောင်းချရန် စီစဉ်နေသည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service