အောင်မြင်မှုနဲ့ လမ်းလွဲစေမည့် ဆုံးဖြတ်ပုံအလွဲများ

အောင်မြင်မှုနဲ့ လမ်းလွဲစေမည့် ဆုံးဖြတ်ပုံအလွဲများ - Property Knowledge in Myanmar from iMyanmarHouse.com
16 Aug 2016 11:37 am တွင် တင်ခဲ့သည်
2071 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

စီးပွားရေးလုပ်ငန်းလုပ်ဆောင်ရာမှာပဲဖြစ်ဖြစ်၊ ဘ၀အောင်မြင်ရေးအတွက်ပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ ကျွန်တော်တို့ပတ်ဝန်းကျင်က လူတွေ၊ အခြေအနေတွေနဲ့ ပတ်သက်ပြီး ထင်မှတ်ချက်အမျိုးမျိုး၊ အစွဲအမျိုးမျိုးရှိတတ်ပါတယ်။

စိတ်ထင်မှတ်မှုက အမှန်တကယ်ဖြစ်လာနိုင်တယ်ဆိုပေမယ့် ကျွန်တော်တို့ရဲ့ လူမှုဆက်ဆံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အောင်မြင်မှုကို လမ်းလွဲသွားစေနိုင်တဲ့ အယူအစွဲမှား၊ ထင်မှတ်မှားတာတွေ ရှိတတ်ပါတယ်။ ဒီလို မှားတတ်တဲ့ အကြောင်းအရာ(၄)ခုကို သတိပြုဆင်ခြင်နိုင်အောင် ဖော်ပြလိုက်ပါတယ်။

၁။ မဆီမဆိုင်အစွဲများ

သက်ဆိုင်မှုမရှိတဲ့ ဖြစ်ရပ်တွေ၊ ရလဒ်တွေကို အတူဆက်စပ်တွေးခေါ်တာမျိုးဖြစ်ပါတယ်။ စွန့်ဦးလူငယ်တွေမှာ အခြားသူတွေမမြင်တဲ့ အကြောင်းအရာတွေကို ဆက်စပ်ပြီး အောင်မြင်တဲ့လုပ်ငန်းတွေ တည်ထောင်နိုင်စွမ်းရှိရမယ်ဆိုပေမယ့် ဒီတစ်ခုကတော့ သဘောတရားခြင်းမတူပါဘူး။ မဆီမဆိုင်အစွဲနဲ့ ပတ်သက်ပြီး ဥပမာတစ်ခုပြောရမယ်ဆိုရင် အလုပ်စားပွဲကိုရှင်းပြီး ပစ်စရာရှိတာတွေ လွှင့်ပစ်လိုက်တယ်ဆိုကြပါစို့။ ပြီးတော့မှာ သော့ရှာမတွေ့လို့ အမှိုက်တွေနဲ့ ရောပစ်လိုက်မိပြီလို့ ယူဆပြီး အမှိုက်ပုံးကို မွှေဖို့ ဆုံးဖြတ်တာမျိုးဖြစ်ပါတယ်။ ဒီလို အစွဲမျိုးက အချိန်ကိုပြုန်းတီးစေပြီး မလိုလားအပ်တဲ့ နှောင့်နှေးကြန့်ကြာမှုတွေ
ဖြစ်စေနိုင်ပါတယ်။

၂။ တဖက်သတ်အတည်ပြုချက်အစွဲများ

လက်ရှိထင်မြင်ယူဆချက်ကို အတည်ပြုပေးနိုင်မယ့် အချက်အလက်တွေ၊ ရလဒ်တွေကိုပဲ အာရုံစိုက်နေပြီး ဒီထင်မြင်ချက်ကို ထိခိုက်စေနိုင်မယ့် အချက်တွေကို လစ်လျူရှုထားတတ်တဲ့ တဖက်သတ်အစွဲမျိုးဖြစ်ပါတယ်။ ဒီလိုအစွဲမျိုးက အမှန်တကယ်ထည့်သွင်းစဉ်းစားဖို့လိုအပ်တဲ့ အချက်အလက်တွေကို ဖယ်ထုတ်ထားသလို ဖြစ်သွားတဲ့အတွက် အရမ်းအန္တရာယ်များပြီး ဆုံးဖြတ်ချက်အမှားတွေကို ချမိနိုင်ချေပိုများသွားစေပါတယ်။

၃။ ယုံကြည်မှုလွန်ကဲသည့်အစွဲများ

နာမည်ကျော်ဂရိတွေးခေါ်ပညာရှင်ကြီးတစ်ဦးဖြစ်တဲ့ ဆော့ခရေးတီးက “မိမိကိုယ်ကို သိပါ”လို့ ပြောခဲ့ဖူးပါတယ်။ မိမိကိုယ်ကိုသိရှိနားလည်တာနဲ့ ယုံကြည်မှုလွန်ကဲတာက ဆန့်ကျင်ဖက်ဖြစ်ပါတယ်။ သင့်ရဲ့ အရည်အချင်း၊ အသိပညာဗဟုသုတတွေကို အရှိထက်ပိုပြီး ယုံကြည်မှုလွန်ကဲနေတာက ကိုယ်တိုင်ရော၊ အဖွဲ့အစည်းတစ်ခုလုံးကိုပါ ထိခိုက်စေနိုင်တဲ့ ဆုံးဖြတ်ချက်တွေ ချမိစေနိုင်ပါတယ်။ မိမိရဲ့အားနည်းချက်နဲ့ အဖွဲ့အစည်းရဲ့အားနည်းချက်တွေကို သိထားမယ်ဆိုရင်တော့ ဒီလိုအစွဲမျိုးက ကင်းလွတ်နိုင်မှာဖြစ်ပါတယ်။

၎။ လက်မလျှော့နိုင်သည့် အစွဲ

ငွေမျောရင်ငွေနဲ့လိုက်ဆိုတဲ့ အစွဲမျိုးဖြစ်ပါတယ်။ တစ်ယောက်ယောက် ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုခုဟာ အခြေအနေမကောင်းပေမယ့်လည်း ကနဦးအရင်းအနှီးပြန်ရဖို့အတွက် ငွေတွေကို ထပ်ထည့်ဖို့ ဆုံးဖြတ်တာမျိုး ဖြစ်ပါတယ်။ ဒီလိုအစွဲမျိုးရှိတဲ့သူတွေက အခြေအနေမကောင်းမှန်းသိပေမယ့်လည်း ငါတို့ဒီအထိလုပ်လာခဲ့ပြီးပြီ။ လက်မလျှော့နိုင်ဘူးဆိုပြီး ခေါင်းမာစွာ တွေးတတ်ပါတယ်။ ဒီလိုအစွဲမျိုးကင်းဖို့အတွက် ယုံကြည်ရတဲ့အပြင်လူ တစ်ယောက်ဆီက အကြံဉာဏ်ယူပြီးမှ ဆုံးဖြတ်သင့်ပါတယ်။

ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ ဒီလို အစွဲမျိုးတွေရှိနေတတ်တာကို သိဖို့မလွယ်ပါဘူး။ ဒါ့ကြောင့် သတိထားပြီး ဆင်ခြင်နိုင်ဖို့လိုပါတယ်။

Credit: Gentleman Magazine

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service