အောင်မြင်မှုနဲ့ လမ်းလွဲစေမည့် ဆုံးဖြတ်ပုံအလွဲများ - Property Knowledge in Myanmar from iMyanmarHouse.com
2072 Views

အောင်မြင်မှုနဲ့ လမ်းလွဲစေမည့် ဆုံးဖြတ်ပုံအလွဲများ

Knowledge | Posted by Aye Myat Thu

စီးပွားရေးလုပ်ငန်းလုပ်ဆောင်ရာမှာပဲဖြစ်ဖြစ်၊ ဘ၀အောင်မြင်ရေးအတွက်ပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ ကျွန်တော်တို့ပတ်ဝန်းကျင်က လူတွေ၊ အခြေအနေတွေနဲ့ ပတ်သက်ပြီး ထင်မှတ်ချက်အမျိုးမျိုး၊ အစွဲအမျိုးမျိုးရှိတတ်ပါတယ်။

စိတ်ထင်မှတ်မှုက အမှန်တကယ်ဖြစ်လာနိုင်တယ်ဆိုပေမယ့် ကျွန်တော်တို့ရဲ့ လူမှုဆက်ဆံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အောင်မြင်မှုကို လမ်းလွဲသွားစေနိုင်တဲ့ အယူအစွဲမှား၊ ထင်မှတ်မှားတာတွေ ရှိတတ်ပါတယ်။ ဒီလို မှားတတ်တဲ့ အကြောင်းအရာ(၄)ခုကို သတိပြုဆင်ခြင်နိုင်အောင် ဖော်ပြလိုက်ပါတယ်။

၁။ မဆီမဆိုင်အစွဲများ

သက်ဆိုင်မှုမရှိတဲ့ ဖြစ်ရပ်တွေ၊ ရလဒ်တွေကို အတူဆက်စပ်တွေးခေါ်တာမျိုးဖြစ်ပါတယ်။ စွန့်ဦးလူငယ်တွေမှာ အခြားသူတွေမမြင်တဲ့ အကြောင်းအရာတွေကို ဆက်စပ်ပြီး အောင်မြင်တဲ့လုပ်ငန်းတွေ တည်ထောင်နိုင်စွမ်းရှိရမယ်ဆိုပေမယ့် ဒီတစ်ခုကတော့ သဘောတရားခြင်းမတူပါဘူး။ မဆီမဆိုင်အစွဲနဲ့ ပတ်သက်ပြီး ဥပမာတစ်ခုပြောရမယ်ဆိုရင် အလုပ်စားပွဲကိုရှင်းပြီး ပစ်စရာရှိတာတွေ လွှင့်ပစ်လိုက်တယ်ဆိုကြပါစို့။ ပြီးတော့မှာ သော့ရှာမတွေ့လို့ အမှိုက်တွေနဲ့ ရောပစ်လိုက်မိပြီလို့ ယူဆပြီး အမှိုက်ပုံးကို မွှေဖို့ ဆုံးဖြတ်တာမျိုးဖြစ်ပါတယ်။ ဒီလို အစွဲမျိုးက အချိန်ကိုပြုန်းတီးစေပြီး မလိုလားအပ်တဲ့ နှောင့်နှေးကြန့်ကြာမှုတွေ
ဖြစ်စေနိုင်ပါတယ်။

၂။ တဖက်သတ်အတည်ပြုချက်အစွဲများ

လက်ရှိထင်မြင်ယူဆချက်ကို အတည်ပြုပေးနိုင်မယ့် အချက်အလက်တွေ၊ ရလဒ်တွေကိုပဲ အာရုံစိုက်နေပြီး ဒီထင်မြင်ချက်ကို ထိခိုက်စေနိုင်မယ့် အချက်တွေကို လစ်လျူရှုထားတတ်တဲ့ တဖက်သတ်အစွဲမျိုးဖြစ်ပါတယ်။ ဒီလိုအစွဲမျိုးက အမှန်တကယ်ထည့်သွင်းစဉ်းစားဖို့လိုအပ်တဲ့ အချက်အလက်တွေကို ဖယ်ထုတ်ထားသလို ဖြစ်သွားတဲ့အတွက် အရမ်းအန္တရာယ်များပြီး ဆုံးဖြတ်ချက်အမှားတွေကို ချမိနိုင်ချေပိုများသွားစေပါတယ်။

၃။ ယုံကြည်မှုလွန်ကဲသည့်အစွဲများ

နာမည်ကျော်ဂရိတွေးခေါ်ပညာရှင်ကြီးတစ်ဦးဖြစ်တဲ့ ဆော့ခရေးတီးက “မိမိကိုယ်ကို သိပါ”လို့ ပြောခဲ့ဖူးပါတယ်။ မိမိကိုယ်ကိုသိရှိနားလည်တာနဲ့ ယုံကြည်မှုလွန်ကဲတာက ဆန့်ကျင်ဖက်ဖြစ်ပါတယ်။ သင့်ရဲ့ အရည်အချင်း၊ အသိပညာဗဟုသုတတွေကို အရှိထက်ပိုပြီး ယုံကြည်မှုလွန်ကဲနေတာက ကိုယ်တိုင်ရော၊ အဖွဲ့အစည်းတစ်ခုလုံးကိုပါ ထိခိုက်စေနိုင်တဲ့ ဆုံးဖြတ်ချက်တွေ ချမိစေနိုင်ပါတယ်။ မိမိရဲ့အားနည်းချက်နဲ့ အဖွဲ့အစည်းရဲ့အားနည်းချက်တွေကို သိထားမယ်ဆိုရင်တော့ ဒီလိုအစွဲမျိုးက ကင်းလွတ်နိုင်မှာဖြစ်ပါတယ်။

၎။ လက်မလျှော့နိုင်သည့် အစွဲ

ငွေမျောရင်ငွေနဲ့လိုက်ဆိုတဲ့ အစွဲမျိုးဖြစ်ပါတယ်။ တစ်ယောက်ယောက် ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုခုဟာ အခြေအနေမကောင်းပေမယ့်လည်း ကနဦးအရင်းအနှီးပြန်ရဖို့အတွက် ငွေတွေကို ထပ်ထည့်ဖို့ ဆုံးဖြတ်တာမျိုး ဖြစ်ပါတယ်။ ဒီလိုအစွဲမျိုးရှိတဲ့သူတွေက အခြေအနေမကောင်းမှန်းသိပေမယ့်လည်း ငါတို့ဒီအထိလုပ်လာခဲ့ပြီးပြီ။ လက်မလျှော့နိုင်ဘူးဆိုပြီး ခေါင်းမာစွာ တွေးတတ်ပါတယ်။ ဒီလိုအစွဲမျိုးကင်းဖို့အတွက် ယုံကြည်ရတဲ့အပြင်လူ တစ်ယောက်ဆီက အကြံဉာဏ်ယူပြီးမှ ဆုံးဖြတ်သင့်ပါတယ်။

ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ ဒီလို အစွဲမျိုးတွေရှိနေတတ်တာကို သိဖို့မလွယ်ပါဘူး။ ဒါ့ကြောင့် သတိထားပြီး ဆင်ခြင်နိုင်ဖို့လိုပါတယ်။

Credit: Gentleman Magazine

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service