မြေယာအခွင့်အရေးများ ပြန်လည်ရရှိရေး ဆောင်ရွက်ရန် တောင်သူလယ် သမားများသမဂ္ဂဖွဲ့စည်း

မြေယာအခွင့်အရေးများ ပြန်လည်ရရှိရေး ဆောင်ရွက်ရန် တောင်သူလယ် သမားများသမဂ္ဂဖွဲ့စည်း - Property News in Myanmar from iMyanmarHouse.com
16 Aug 2016 11:08 am တွင် တင်ခဲ့သည်
1104 ကြိမ် ကြည့်ရှု့ပြီး
တောင်သူလယ်သမားများ၏ အကျိုးစီးပွား ဆုံးရှုံး နေမှုများကို ပြန်လည်ရရှိအောင် ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အဆင့် တောင်သူလယ်သမားများ သမဂ္ဂကို ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း မြိတ်မြို့နယ် တောင်သူလယ် သမားများသမဂ္ဂ ဥက္ကဌ ဦးမျိုးဆွေက သြဂုတ် (၁၀)ရက်တွင် ပြောသည်။

အဆိုပါ သမဂ္ဂကို ဇူလိုင်(၂၆)ရက်တွင် အဖွဲ့ဝင် (၃၉)ဦးဖြင့် အသစ်ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး သမဂ္ဂအနေဖြင့်
တောင် သူ လယ်သမားများ၏ ထိုက်သင့်သည့် အခွင့်အရေးများကို ပြန်လည်ရရှိအောင် အဓိက လုပ်ဆောင်ပေးသွားရန် ရည် ရွယ်ဖွဲ့စည်းခြင်း ဖြစ်ကြောင်း ဥက္ကဌ၏ ပြောဆိုချက်အရ သိရသည်။

“တောင်သူတွေ ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေ ပြန်လည်ရရှိအောင် မရရှိနိုင်သေးတဲ့အခွင့်အရေးတွေကို ရရှိလာအောင်၊ ထိုက်သင့်တဲ့ အခွင့်အရေးတွေရရှိအောင် အဓိကကတော့ တောင်သူလယ်သမား အကျိုးကို ဆောင်ရမယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ဆုံးရှုံးနေတဲ့ အရာတွေကိုပြန် လည်ဖော်ထုတ်ပေးမယ်။ မရသေးတာတွေကို လှမ်းပြီးတောင်းပေးမယ်” ဟု ဦးမျိုးဆွေက ပြောသည်။

လက်ရှိတွင် မြေယာနှင့်ပတ်သက်သည့် အမှုတွဲသုံးခုအဖြစ် မြိတ်မြို့ရှိ တောင်သူ(၂၃)ဦး၏ ဆုံးရှုံး မြေဧက (၄၂၀)၊ တောင်သူလယ်သမား(၃၃)ဦး၏ မြေဧက(၁၇၀)အသိမ်းခံထားရခြင်းများနှင့် အခြားတောင်သူ များ၏ လယ်(၂၅)ဧကတို့နှင့်ပတ်သက်သည့် မြေယာ ပြဿနာများကို နိုင်ငံတော် ဒုတိယသမ္မတဦးဗန်ထီးယူနှင့် တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်ထံသို့ တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။

သမဂ္ဂအနေဖြင့် လစဉ်ကြေးအဖြစ် အလှူငွေ တစ်ဦး(၅၀၀၀)ကျပ် သို့မဟုတ် (၃၀၀၀) ကျပ် စေတနာအရ လှူဒါန်းထည့်ဝင်နိုင်ပြီးဘာသာရေး၊လူမှုရေး၊လှူရေး
တန်းရေး ပေါ်ပေါက်ခဲ့ ပါက အစည်းအဝေးဆုံးဖြတ်ချက်များအတိုင်း ရှင်း တမ်းများဖြင့် ဆောင်ရွက်သွားမည်ဟု သိရသည်။

လက်ရှိတွင် အဆိုပါ သမဂ္ဂတွင် အဖွဲ့ဝင်အင်အား (၁၀၀)ကျော်ခန့်ရှိနေပြီဖြစ်ကာ သမဂ္ဂအနေဖြင့် မည်သည့်ပါတီ၊ မည်သည့်အဖွဲ့၏ သြဇာခံမဟုတ်ဘဲ တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို ရှေ့ရှု၍ ပူးပေါင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

Credit: Mizzima Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service