ဆော်ဒီဆောက်လုပ်ရေးကုမ္ပဏီ အိုဂါသည် အလုပ်သမားများကို လစာပေးရန်အကြွေး ကန်ဒေါ်လာ သန်း ၈၀၀ ကျော်ရှိကာ ဒေ၀ါလီခံရတော့မည်

ဆော်ဒီဆောက်လုပ်ရေးကုမ္ပဏီ အိုဂါသည် အလုပ်သမားများကို လစာပေးရန်အကြွေး ကန်ဒေါ်လာ သန်း ၈၀၀ ကျော်ရှိကာ ဒေ၀ါလီခံရတော့မည် - Property News in Myanmar from iMyanmarHouse.com
11 Aug 2016 10:49 am တွင် တင်ခဲ့သည်
1415 ကြိမ် ကြည့်ရှု့ပြီး
ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ရီယာ့ဒ်အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီ အိုဂါသည် အလုပ်သမားများကို လစာပေးရန်အကြွေး ကန်ဒေါ်လာ သန်း ၈၀၀ ကျော်ရှိကာ ဒေ၀ါလီခံရန် ကြေညာရဖွယ်ရှိကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်း ၀က်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ယင်းကုမ္ပဏီတွင် လုပ်ကိုင်လျက်ရှိသော ပြင်သစ်အလုပ်သမားများသည် လစာမရရှိသည်မှာ ၉ လရှိပြီဖြစ်ပြီး ယခုအခါတွင် အိုဂါကုမ္ပဏီကို ပြင်သစ်နိုင်ငံရှိ တရားရုံးများတွင် တရားစွဲဆိုထားသည်ဟု ဆိုသည်။

လက်ရှိအားဖြင့် အဆိုပါကုမ္ပဏီတွင် အင်ဂျင်နီယာ၊ မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ပြင်သစ်ဝန်ထမ်းပေါင်း ၂၀၀ ကျော်၏ တရားစွဲဆိုထားမှုကို ပြင်သစ်ရှေ့နေတစ်ဦးက ဦးဆောင်ပေးလျက်ရှိသည်။

ယင်းရှေ့နေနှင့် အိုဂါကုမ္ပဏီအကြားဆွေးနွေးမှုမှာ ပြေလည်မှုမရရှိခဲ့ဟု ဆိုသည်။

ကုမ္ပဏီအလုပ်သမားတို့က လစာအပြည့်နှင့် လျော်ကြေးငွေ တောင်းဆိုကြသည်ဟု ဆိုသည်။

အိုဂါကုမ္ပဏီသည် ရေနံဈေးများအလွန်အမင်း ကျဆင်းခြင်းနှင့် ငွေဖြစ်လွယ်မှုအခက်တွေ့ခြင်းတို့ကြောင့် ယခုကဲ့သို့ ဘဏ္ဍာရေးအကျပ်အတည်း ကြုံတွေ့ခဲ့ခြင်းဖြစ်ပြီး အလုပ်သမားများအား လစာ ငါးလခွဲစာပေးရန် ညှိနှိုင်းခဲ့သော်လည်း အလုပ်သမားတို့၏ ရှေ့နေက လက်မခံခဲ့ချေ။

ယင်းကာလအတွင်း ရီယာ့ဒ်ရှိ ပြင်သစ်သံရုံးသည် ပြင်သစ်လုပ်သားများအား ငွေကြေးထောက်ပံ့ကူညီလျက်ရှိနေပြီး ယခုပြဿနာ မပြေလည်မီအတွင်း ကလေးများ၏ ကျောင်းစရိတ်အပါအ၀င် အခြားအသုံးစရိတ်များ ရစေရန် ထောက်ပံ့ခြင်းဖြစ်သည်။

အိုဂါကုမ္ပဏီတွင် အလုပ်လုပ်ကိုင်နေသော ၀န်ထမ်းပေါင်း ၂၀၀၀၀ ကျော်ရှိပြီး လွန်ခဲ့သော ရှစ်လတာကာလအတွင်း လစာသာမက ကျန်းမာရေးအာမခံလည်း သက်တမ်းတိုးပေးခြင်းများ မပြုလုပ်နိုင်ခဲ့တော့ချေ။

အချို့လုပ်သားများမှာ အိုဂါကုမ္ပဏီမှ ကန်ဒေါ်လာ ၁၃၃၃၁၃ ခန့်အထိ ရရန်ရှိသူများ ပါဝင်သည်။

လက်ရှိအခြေအနေတွင် ဆော်ဒီအာရေးဗီးယားအစိုးရသည် အိုဂါကုမ္ပဏီကို လွှဲပြောင်းရယူရန် ဆွေးနွေးလျက်ရှိသည်။

အိုဂါကုမ္ပဏီကို ပိုင်ဆိုင်သူမှာ လက်ဘနွန်ဝန်ကြီးချုပ်ဟောင်း ဆာအက်ဒ် ဟာရီရီ ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service