Forrest Gump ဇာတ်ကားဖြင့် ထိပ်တန်းသရုပ်ဆောင်ဖြစ်ခဲ့သူ တွမ်ဟင့်ခ်၏ နေအိမ်ကြီး ၂ လုံး အရောင်းဈေးကွက်ဝင်လာ

Forrest Gump ဇာတ်ကားဖြင့် ထိပ်တန်းသရုပ်ဆောင်ဖြစ်ခဲ့သူ တွမ်ဟင့်ခ်၏ နေအိမ်ကြီး ၂ လုံး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
8 Aug 2016 10:39 am တွင် တင်ခဲ့သည်
1517 ကြိမ် ကြည့်ရှု့ပြီး
ဗီယက်နမ်စစ်ပွဲနောက်ခံ Forrest Gump ဇာတ်ကားဖြင့် ကမ္ဘာ့ရုပ်ရှင်ပရိသတ်တို့ ရင်ထဲသို့ ရောက်ရှိခဲ့ကာ ဟောလိဝုဒ်ထိပ်တန်း သရုပ်ဆောင်ဖြစ်လာခဲ့သူ တွမ်ဟင့်ခ်ပိုင်ဆိုင်သော နေအိမ်ကြီး ၂ လုံး ကန်ဒေါ်လာ ၁၈ သန်းခန့်ဖြင့် အရောင်းဈေးကွက်ဝင်လာကြောင်း အမေရိကန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

နေအိမ်တည်ရှိရာမှာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့ အနောက်ဘက်ရှိ ပင်လယ်ကမ်းစပ်ဒေသဖြစ်သော Pacific Palisades အရပ်တွင် တည်ရှိသည်။
ရောင်းချမည့် နေအိမ် ၂ လုံးအနက် တစ်လုံးကို ကန်ဒေါ်လာ ၈ ဒသမ ၇၅ သန်းဖြင့် ရောင်းချမည်ဖြစ်ပြီး ကျန်တစ်လုံးကိုမူ ကန်ဒေါ်လာ ၉ ဒသမ ၂၅ သန်း ဈေးခေါ်ထားသည်။

ကန်ဒေါ်လာ ၈ ဒသမ ၇၅ သန်းဖြင့် ရောင်းချမည့် နေအိမ်တွင် အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၅ ခန်း ပါဝင်ပြီး စပိန်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားကာ စတုရန်းပေ ၃၉၃၀ အကျယ်အ၀န်းရှိသည်။

အဆိုပါနေအိမ်ကို ၁၉၃၀ ပြည့်လွန်နှစ်များအတွင်း ဆောက်လုပ်ခဲ့ပြီး ခြံအကျယ်အ၀န်းမှာ ဧက၀က်ရှိပြီး သစ်ပင်များ အုပ်ဆိုင်းနေသည့် ခြံဝန်းဖြစ်သည်။

နေအိမ်အတွင်းရှိ မျက်နှာကျက်များ၊ ကြမ်းခင်းများ၊ သံပန်းများမှာ မူရင်းလက်ရာမပျက် တည်ရှိဆဲဖြစ်သည်။
ဧည့်ခန်းမှာ တံခါးဝမှ အောက်သို့ ဆင်းရသည့် ဧည့်ခန်းမျိုးဖြစ်ပြီး မီးလင်းဖို ပါဝင်သည်။

တွမ်ဟင့်ခ်သည် ယင်းနေအိမ်ကို ၂၀၀၇ ခုနှစ်အတွင်း ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းဖြင့် ၀ယ်ယူခဲ့ခြင်း ဖြစ်ရာ ယခုခေါ်ဈေးဖြင့်သာ ရောင်းထွက်မည်ဆိုပါက ဒေါ်လာ ၁ သန်းကျော် မြတ်စွန်းမည် ဖြစ်သည်။

ကန်ဒေါ်လာ ၉ ဒသမ ၂၅ သန်းဖြင့် ရောင်းချမည့် ဒုတိယနေအိမ်မှာပထမနေအိမ်၏ တောင်ဘက်တွင်
တည်ရှိပြီး အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၇ ခန်းပါဝင်သည်။

ရှေးရိုးဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး နေအိမ်အကျယ်အ၀န်းမှာ စတုရန်းပေ ၇၂၆၀ ရှိသည်။
တွမ်ဟင့်ခ်သည် ယင်းနေအိမ်ကို ၂၀၀၃ ခုနှစ်တွင် ကန်ဒေါ်လာ ၅ ဒသမ ၇ သန်းဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်ရာ ယခုခေါ်ဈေးဖြင့်သာ ရောင်းထွက်မည်ဆိုပါက ကန်ဒေါ်လာ ၃ သန်းကျော် မြတ်စွန်းမည် ဖြစ်သည်။

အဆိုပါနေအိမ်ကိုမူ အင်္ဂလိပ်ကျေးလက်ဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး ၁၉၅၇ ခုနှစ်တွင် ဆောက်လုပ်ခဲခြင်းဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Forrest Gump ဇာတ်ကားဖြင့် ထိပ်တန်းသရုပ်ဆောင်ဖြစ်ခဲ့သူ တွမ်ဟင့်ခ်၏ နေအိမ်ကြီး ၂ လုံး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
Forrest Gump ဇာတ်ကားဖြင့် ထိပ်တန်းသရုပ်ဆောင်ဖြစ်ခဲ့သူ တွမ်ဟင့်ခ်၏ နေအိမ်ကြီး ၂ လုံး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
Forrest Gump ဇာတ်ကားဖြင့် ထိပ်တန်းသရုပ်ဆောင်ဖြစ်ခဲ့သူ တွမ်ဟင့်ခ်၏ နေအိမ်ကြီး ၂ လုံး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
Forrest Gump ဇာတ်ကားဖြင့် ထိပ်တန်းသရုပ်ဆောင်ဖြစ်ခဲ့သူ တွမ်ဟင့်ခ်၏ နေအိမ်ကြီး ၂ လုံး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
Forrest Gump ဇာတ်ကားဖြင့် ထိပ်တန်းသရုပ်ဆောင်ဖြစ်ခဲ့သူ တွမ်ဟင့်ခ်၏ နေအိမ်ကြီး ၂ လုံး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
Forrest Gump ဇာတ်ကားဖြင့် ထိပ်တန်းသရုပ်ဆောင်ဖြစ်ခဲ့သူ တွမ်ဟင့်ခ်၏ နေအိမ်ကြီး ၂ လုံး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
Forrest Gump ဇာတ်ကားဖြင့် ထိပ်တန်းသရုပ်ဆောင်ဖြစ်ခဲ့သူ တွမ်ဟင့်ခ်၏ နေအိမ်ကြီး ၂ လုံး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service