ဒူဘိုင်းတွင် အပန်းဖြေဘေးမဲ့တော ၆ ခုတည်ဆောက်ရန် ဒူဘိုင်းအကြီးအကဲ ရှိတ်မိုဟာမက် ဘင်ရာရှစ် အယ်လ်မတ်ခ်တိုအန်က ၂၀၁၄ ခုနှစ်ကတည်းက ညွှန်ကြားထားပြီး အကောင်အထည်မဖော်ဖြစ်ခဲ့ဘဲ ယခုအခါတွင်မူ ကန်ဒေါ်လာ ၄၁ သန်းတန် အပန်းဖြေဘေးမဲ့တော တစ်ခု စတင်ဆောက်လုပ်ရန် အတည်ပြုလိုက်ပြီဖြစ်ကြောင်းအရှေ့အလယ်ပိုင်းအခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ယခုတည်ဆောက်မည့် ဒူဘိုင်းဆာဖာရီပါ့ခ်ကို ၂၀၁၆ နှစ်ကုန်တွင် အပြီးသတ်တည်ဆောက်နိုင်ရန် ရည်မှန်းထားပြီး လူ ၁၀၀၀ ၀င်ဆန့်သော ကဇာတ်ရုံတစ်ခု၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်နိုင်
မည့် ပန်းခြံတစ်ခုနှင့် ကလေးများအတွက် ပန်းခြံတစ်ခု ပါဝင်မည် ဖြစ်သည်။
ဆာဖာရီပါ့ခ်အတွင်း အခမဲ့ဝိုင်ဖိုင်စနစ် ပါဝင်မည်ဖြစ်ပြီး အဆင့်မြင့် လုံခြုံကာ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မည့် ၀န်ဆောင်မှုများစွာလည်း ပါဝင်မည်ဖြစ်သည်ဟု ဒူဘိုင်းစည်ပင်သာယာရေး လက်ထောက်အထွေထွေညွှန်ကြားရေးမှူး အယ်လ်မိုင်ဒေါက ပြောကြားသည်။
အဆင့်မြင့်ဝန်ဆောင်မှုနှင့် ပေါင်းစပ်ဝန်ဆောင်မှုတို့
ပေးအပ်သော ကမ္ဘာလှည့်ခရီးသည် ဆုံရပ်အချက်အခြာတစ်ခုဖြစ်လာစေရန် ဒူဘိုင်းအာဏာပိုင်တို့က ရည်မှန်းထားသည်။
ဆာဖာရီဒူဘိုင်းသည် ဒူဘိုင်းစည်ပင်သာယာရေးအဖွဲ့က ဒူဘိုင်းငွေ ၁ ဘီလီယံအကုန်အကျခံတည်ဆောက်မည့် အထင်ကရစီမံကိန်းများစွာအနက် တစ်ခုအပါအ၀င် ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)