ခံ့ထည်​မှုသရဖူ​ဆောင်းခဲ့​သော မြန်​မာ့ဗိသုကာပညာ

ခံ့ထည်​မှုသရဖူ​ဆောင်းခဲ့​သော မြန်​မာ့ဗိသုကာပညာ - Property News in Myanmar from iMyanmarHouse.com
10 May 2016 10:51 am တွင် တင်ခဲ့သည်
2889 ကြိမ် ကြည့်ရှု့ပြီး
မြန်​မာတို့သည်​ သဘာဝတရားကို တန်​ဖိုးထားမှီဝဲသုံး​ဆောင်​တတ်​​သောသဘာဝရှိသူများဖြစ်​၍ ကြည်​လင်​ချမ်း​မြေ့မှုကို​ပေးစွမ်း​သည့်​ သဘာဝအလင်း​ရောင်​လ​ရောင်​ခြည်​ကို တိုက်​ရိုက်​ခံယူနိုင်​ရန်​ ​ရှေးမြန်​မာအိမ်​များ၌လသာ​ဆောင်​များထည့်​သွင်းတည်​​ဆောက်​ထား​လေ့ရှိ​ကြောင်း တင်​ပြခဲ့ဖူးသည်​။

အထက်​အညာအရပ်​တို့တွင်​​တော့ လသာ​ဆောင်​နှင့်​အတူ 2 in 1 တည်​​ဆောက်​ထားသည့်
အ​ခေါ်အ​ဝေါ်က​တော့ ဆင်​၀င်​ဟူ၏။ ဆင်​၀င်​ဟူ​သော်​လည်းဆင်​ကြီးတစ်​​ကောင်​လုံးဝင်​​ရောက်​ခြင်း​တော့မဟုတ်​။ ဆင်​ကိုအသုံးပြုလျက်
အလွယ်​တကူဝင်​​ရောက်​နိုင်​​သော အထပ်​၊ အဆင့်​ကို ​ခေါ်​ဝေါ်သမုတ်​ခြင်းသာဖြစ်​​ပေချိမ့်​။

အထက်​အညာဟူသည်​မှာ မန္တ​လေး၊ ​ကျောက်​ဆည်​၊မင်းခြံ စ​သော အပူပိုင်း​ဒေသများကို
ဆိုလိုခြင်းမဟုတ်​။ စစ်​ကိုင်းတိုင်း​ဒေသကြီးနှင့်​ ကချင်​ပြည်​နယ်​အစပ်​ ဗန်း​မော်​၊ နဘား၊
ကသာ စ​သောအရပ်​​ဒေသများကို ​ခေါ်ခြင်းဖြစ်​သည်​။
ထိုအရပ်​များသည်​တော​တောင်​ထူထပ်​သည်​ဖြစ်​သည့်​အ​လျောက်​ စီး​တော်​ယာဉ်​အဖြစ်​ ဆင်​ကို

အဓိကသုံးစွဲကြ၏။ ​တော​တွေက နက်​ရှိုင်းလှသည့်​အတွက်​လမ်းထွင်​သွားလာရမြဲဖြစ်​ရာ ဆင်​သွားလျှင်​ လမ်းဖြစ်​သည်​ ဟူ​သောစကားနှင့်
အလွန်​လိုက်​​လျောညီ​ထွေရှိလှစွာ ဆင်​ကို ယာဉ်​အဖြစ်​သုံးစွဲခြင်းသည်​သဘာဝအလွန်​ကျလှ​ပေ၏။ ထို့ပြင်​တစ်​၀လည်း ဆိုခဲ့ပါ​ဒေသများ၌
အဓိကဘိဇနက်​အ​နေဖြင့်​ လုပ်​ကိုင်​သည်​မှာ သစ်​လုပ်​ငန်းဖြစ်​ရကားတောနက်​ထဲမှသစ်​လုံးများကိုမစ်​နား၊ ​ချောင်းနားသို့ သယ်​ယူပို့​ဆောင်​​ရေးတွင်
အသုံးတည့်​​သော ဆက်​သွယ်​​ရေးယန္တရားမှာ ဆင်​မှတစ်​ပါး အခြားမရှိ​လေ။

ဆိုခဲ့ပါအညာအရပ်​​ဒေသ၌ ဆင်​သည်​ ကုန်​ထုတ်​ယန္တရားအဖြစ်​လည်း​ကောင်း၊သယ်​ယူပို့​ဆောင်​​ရေးယာဉ်​အဖြစ်​လည်း​ကောင်းအသုံးခံရသည်​။ သို့​သော်​သစ်​လုပ်​ငန်းရှင်​များကသာ ဆင်​တို့ကိုပိုင်​ဆိုင်​ရ​လေ့ရှိသည်​။
ကြေးရတတ်​ဂုဏ်​ကြီးရှင်​တို့သာ ဆင်​ကို ခရီးသွားယန္တရားအဖြစ်​အသုံးပြုကြသည်​။ထို့​ကြောင့်​ သူတို့အိမ်​များ​ဆောက်​ရာတွင်​ ​ခြေတံရှည်​အိမ်​မြင့်​ကြီးများ​ဆောက်​ကာအိမ်​​ရှေ့ကပြင်​ကို ဆင်​တစ်​ရပ်​လွတ်​​အောင်​မှင့်​ထားသည်​။

လုပ်​ငန်းခွင်​မှပြန်​လာသည်​ဖြစ်​​စေ၊ အလည်​အပတ်​မှပြန်​လာသည်​ဖြစ်​​စေ၊အလှူအတန်းပွဲလမ်းသဘင်​များမှပန်​လာသည်​ဖြစ်​​စေ အိမ်​​ရှေ့ကပြင်​နှင့်​ယှဉ်​၍ဆင်​ကိုရပ်​​စေလိုက်​ကာ ဆင်​​ကျောကုန်း​ပေါ်ရှိ ​ဖောင်းကား​ခေါ် ပုခက်​ထဲမှ​ခြေလှမ်းလိုက်​ရုံဖြင့်​ ကပြင်​​ပေါ်တက်​နိုင်​မည်​ဖြစ်​သည်​။

သာမန်​အားဖြင့်​ ဆင်​နှင့်​ပြန်​လာမည်​ဆိုပါက ဆင်​ကိုဒူး​ထောက်​ခိုင်းကာ ဆင်​​ပေါ်မှမြေ​ပေါ်ဆင်း၊ ​မြေ​ပေါ်​ရောက်​​တော့ အိမ်​ထဲဝင်​၊ အိမ်​အ​ပေါ်ထပ်​သို့ ​လှေကားမှတက်​။ထို process ကြီးတစ်​ခုလုံးကို ဆင်​၀င်​​ဆောင်​က အကျဉ်းချုံး​ပေးလိုက်​သည်​။
ဆင်​​ကျောကုန်း​ပေါ်ရှိ ​ဖောင်းကား​ပေါ်မှ အသာလှမ်းလိုက်​ရုံဖြင့်​အိမ်​​ပေါ်ထပ်​သို့​ရောက်​သွားရသည့်​အတွက်​ ​မြေ​ပေါ်ဆင်းရခြင်း၊
အ​ပေါ်ထပ်​သို့တက်​ရခြင်း ကရိကထများ ကင်းစင်​သည်​။ စတိုင်​ကျသည်​။ အိမ်​မှဆင်​စီးပြီးထွက်​မည်​ဆိုလျှင်​လည်း ထိုနည်းလည်း​ကောင်း ကပြင်​​ပေါ်မှခါး​ထောက်​​စောင့်​​နေရုံသာရှိသည်​။ ဆင်​ဦးစီးက ဆင်​ကို အိမ်​​ရှေ့ကပြင်​​ဘေးမောင်းလာလိုက်​ရုံသာ။ ကပြင်​နှင့်​ ဆင်​ ယှဉ်​မိပြီဆိုမှ ဆင်​​ပေါ်​ခြေလှမ်းတက်​လိုက်​လျှင်​ဖောင်းကား​ပေါ်အစွင့်​သား​ရောက်​သွား​တော့၏။ ဆင်​ကို စီးစရာယာဉ်​အဖြစ်​အသုံးပြုနိုင်​စွမ်း​သော ​ကျေးလက်​​ကြေးရတတ်​များ၏ဂုဏ်​၀င့်​ထည်​ဖွယ်​အ​ဆောင်​အ​ယောင်​နှင့်​ ​နေထိုင်​မှုဓ​လေ့။

ထိုအနေအထားက သစ်​လုပ်​ငန်း​ဇောက်​ချလုပ်​ကိုင်​​သော ချင်းတွင်းမြစ်​ဖျားပိုင်းမှလုပ်​ငန်းရှင်​​ကြေးရတတ်​များ၏ဘ၀ တစ်​စိတ်​တစ်​​ဒေသ။
မန္တ​လေး​ရွှေမြို့​တော်​ကြီး၌လည်း ရတနာပုံ​ခေတ်​က အချို့​သော စစ်​မှူး၊ စစ်​ကဲ၊၀န်​မင်းများ ဆင်​ကို အ​ဆောင်​အ​ယောင်တစ်ရပ်အဖြစ်သုံးစွဲခွင့်​ရှိ​ကြောင်းရှေးစာ​ဟောင်းများတွင်​ ဖတ်​ဖူးမှတ်​ဖူး၏။ ထိုသို့​သောသူများ၏ စံအိမ်​​တော်​များတွင်​လည်း
ဆင်​​ပေါ်အလွယ်​တကူတက်​နိုင်​ဆင်းနိုင်​​အောင်​ စီမံတည်​​ဆောက်​ထားခြင်းများ ရှိသည်​ဟု
သိရသည်​။

ဆိုခဲ့ပါကပြင်​မြင့်​၏ အ​ပေါ်ဆင့်​ကို ညဘက်​များတွင်​လသာ​ဆောင်​အဖြစ်​အသုံးပြုကာ သဘာဝတရား၏​ထွေးပိုက်​မှုခံစားရင်း
မိသားစုအပန်း​ဖြေရင်းနှီး​နွေး​ထွေးကြသည်​။ ထိုကပြင်​၏​အောက်​ပိုင်းက​တော့ အိမ်​​အောက်​ထပ်​မျက်​နှားအတွက်​ ​နေလုံ၊ မိုးလုံ အရိပ်​အာဝါသ​ပေးစွမ်းရာအဖြစ်​အသုံး​တော်​ခံ​နေသည်​။ အိမ်​​ပေါ်ထပ်​သို့ ဆင်​နှင့်​ဝင်​၍ရ​အောင်​ တည်​​ဆောက်​ထား​သော
ကပြင်​မြင့်​ကြီး၏ ​အောက်​ဘက်​အမိုး​အောက်​တစ်​ခွင်​ကို​တော့ ဆင်​၀င်​ဟုသမုတ်​ခဲ့ကြသည်​။

မြန်​မာဘုရင်​​ခေတ်​​နှောင်းပိုင်းနှင့်​ ကိုလိုနီ​ခေတ်​တစ်​​လျှောက်​ ​ဆောက်​လုပ်​ခဲ့​သော မြန်​မာလူကုံထံအိမ်​ကြီးအိမ်​​ကောင်းများတွင်​ ဆင်​၀င်​​ဆောင်​ကို
တခမ်းတနားထည့်​သွင်းတည်​​ဆောက်​လာကြသည်​။ဆင်​နှင့်​အလုပ်​လုပ်​​သောလုပ်​ငန်းရှင်​များ မဟုတ်​သဖြင့်
ဆင်​​ပေါ်မှအလွယ်​တကူတက်​နိုင်​ဆင်းနိုင်​ရန်​ ကပြင်​အပြန့်​လုပ်​ထားခြင်း​တော့မဟုတ်​။ကပြင်​​နေရာကိုပါငုံ၍ အ​ပေါ်ထပ်​အိမ်​ခန်းဧရိယာထဲ စာရင်းသွင်းတည်​​ဆောက်​ကာအောက်​ထပ်​က​တော့ အ၀င်​တံခါး​ပေါက်​ကို ဗဟိုပြုလျက်​ ဆင်​၀င်​​ဆောင်​ကြီးကိုထည်​၀ါခံ့ညားစွာ စိတ်​ကူးရှိသမျှ မွမ်းမံတည်​​ဆောက်​​တော့၏။ အ​ပေါ်​ဆောင်​ကို​အ​ထောက်​အခံပြုထားရ​သော တိုင်​များကို တိုင်​သက်​သက်​ထား​သော ဆင်​၀င်​​ဆောင်​များကဖန်​တီးဉာဏ်​နုံ့နဲ့​သော အဖြစ်​သ​ဘောဆင်​၀င်​​ဆောင်​များသာဖြစ်​​ချေသည်​။

နှစ်​ထပ်​အိမ်​ခမ်းခမ်းနားနား​ ဆောက်​လုပ်​​နေထိုင်​သူ အများစုကမူ ဆင်​၀င်​​ဆောင်​ကိုလည်းထည်​ထည်​၀ါဝါတည်​​ဆောက်​ကြကုန်​သည်​။ ဆင်​၀င်​​ဆောင်​အ​ပေါ်ထပ်​ အိမ်​​ရှေ့ခန်းတစ်​ခွင်​တစ်​ပြင်​လုံးကို သစ်​သား​ချောင်းရာဇမတ်​ကွက်​များစိပ်​စိပ်​စီထားခြင်းဖြင့်​ တန်​ဆာဆင်​သကဲ့သို့ ဆင်​၀င်​​ဆောင်​​အောက်​​ခြေတိုင်​လုံးတို့ကိုလည်း တိုင်​လုံးသက်​သက်​​ငေါင်းစင်းစင်းမျှသာမထားမူ၍
အ​ပြောက်​အမွမ်းတို့ဖြင့်​ တင့်​တယ်​​စေသည်​။ အလှူမင်္ဂလာမဏ္ဍပ်​များ၊

ဘုရား​ကျောင်းကန်​တန်​​ဆောင်းများမှာကဲ့သို့ လင်းနို့​တောင်​များ တပ်​ဆင်​သည်​။လင်းနို့​တောင်​ဟူသည်​ လင်းနို့အမည်​ရှိ
ဇောက်​ထိုးနား​နေ​သော သတ္တ၀ါတစ်​မျိုး၏အ​တောင်​ပံ​တော့မဟုတ်​။ သို့​သော်​ လင်းနို့၏တွဲလျားကျ​နေ​သော​တောင်​ပံ၏ပုံပန်းသဏ္ဌာန်​ကို
ပမာပြုနည်းမှီးကာတည်​​ဆောက်​ထား​သော မန်​မာ့လက်​မှုအနုပညာတစ်​ရပ်​ ဖစ်​​ပေချိမ့်​။တိုင်​ဖုံးနှင့်​မျက်​နှာကြက်​ကြား ​ထောင့်​ချိုး​နေရာတွင်​ ကနုတ်​ပန်းခက်​ပန်းနွယ်​များ ထုလုပ်​ဖြည့်​ဆည်းတန်​ဆာဆင်​ခြင်းသည်​ မြန်​မာ့သုခုမတစ်​ရပ်​ဖြစ်​သည့်​အား​လျော်​စွာ
ဆင်​၀င်​​ဆောင်​အထက်​​ထောင့်​စွန်းတို့တွင်​လည်း လင်းနို့​တောင်​သုခုမက​နေရာယူခဲ့​တော့၏။ သို့ရာတွင်​ မဏ္ဍပ်​၊ ​စောင်းတန်း၊ တန်​​ဆောင်းများမှာကဲ့သို့အနုစိတ်​ထုလုပ်​ခြယ်​မှုန်းအပ်​​သော ပန်းပုလက်​ရာများ​တော့မဟုတ်​။ များ​သောအားဖြင့်​ဆင်​၀င်​တိုင်​နှင့်​အမိုးခင်းကြား ၉၀ ဒီဂရီတိတိကျကျ​ထောင့်​ချိုး​နေခြင်းကို

ပြေ​လျော့ညွတ်​​ပျောင်းသွား​စေရန်​ ဆိုခဲ့ပါ​ထောင့်​ချိုးအနားသတ်​နှစ်​ခုကို ၄၅ ဒီဂရီ
ထောင့်​ဖြတ်​ပြုထား​သော ရာဇမတ်​ကွက်​များဖည့်​စွက်​​ပေးလိုက်​ခြင်းဖြစ်​သည်​။
ယင်းအ​ဆောင်​အ​ယောင်​များနှင့်​ပြည့်​စုံ​သောမန်​မာ့​ကြေးရတတ်​အိမ်​ရာများသည်
ကိုလိုနီ​ခေတ်​နိုင်ငံခြားသားများ၏အာရုံကို ​ကောင်းစွာဖမ်းစားနိုင်​ခဲ့သည်​။

မြန်​မာနိုင်​ငံသည်​ သစ်​၀ါး​ပေါ​သော​ရေခံ​မြေခံ​ကောင်းဖြစ်​ရုံမျှမက သစ်​၀ါးကိုင်​နင်းစွာပုံ​ဖော်​​ဆောက်​လုပ်​နိုင်​သည့်​ လက်​မှုပညာရပ်​နှင့်​လည်းပည့်​စုံရကားသစ်​ကိုအဓိကပစ္စည်းအဖြစ်​ထားကာ ​ဆောက်​လုပ်​ထားသည့်​မြန်​မာနှစ်​ထပ်​အိမ်​ကြီးများသည်​ အဟန့်​အင်​မတန်​ကြီးလှသည်​။ သစ်​​ပေါ​သော​ကြောင့်​ဗုံးပေါလ​အောအသုံးပြုကာ ကြီးမားကျယ်​ပြန့်​ရုံသက်​သက်​မဟုတ်​ဘုရားခန်းကိုအမှူးပြု၍ မိသားစုဝင်​တို့အတွက်​ ၀ါစဉ်​နှင့်​လိုက်​​လျောညီ​ထွေရှိ​သောအ​ဆောင်​​ဆောင်​အခန်းခန်းကို အဓိပ္ပါယ်​ရှိရှိဖွဲ့စည်း​ဆောက်​လုပ်​​သော လက်​သမားအတတ်​သည်​သာမက အခန်းတိုင်း၏ အတွင်းအပြင်​ ရုပ်​လုံးရုပ်​ကြွများအပါအ၀င်​အိမ်​တစ်​​ဆောင်​လုံး၏ခယ်​မှုန်းမှုအ​သေးစိတ်​ ​ဖော်​​ဆောင်​ရာ အနုလက်​ရာများက
ယဉ်​​ကျေးပါသည်​ဆို​သော ​နေမ၀င်​အင်​ပါယာမှလာသူ တစ်​ပြည်​သားများကိုမှင်​တက်​မိသွား​စေခဲ့သည်​။

ထိုအခါ ကိုလိုနီပြုသူတို့ကိုယ်​တိုင်​ ကိုလိုနီနယ်​မှ​ဒေသခံတို့၏ အိမ်​ရာအနုပညာကိုပန်​လည်​သုံးစွဲလာရသည်​။မန်​မာ့ရိုးရာမူရင်းတွင်​ အ​နောက်​တိုင်း​ခေတ်​​ပေါ်ပစ္စည်းများပေါင်းစပ်​ခြင်းဖြင့်​ ခံ့ထည်​မှုအ​ပေါ် ​ခေတ်​မီဆန်းသစ်​မှုထပ်​ပိုးနိုင်​ခဲ့သည်​။
ရောင်​စုံအီတာလျံမှန်​ချပ်​ကြီးများကို ကျွန်းသား​ပေါင်​ကွပ်​ထားသည့်​ ပြတင်းတံခါးကျယ်​ကြီးများက ဆင်​၀င်​​ဆောင်​​အောက်
ပြင်​မတံခါး​ပေါက်​ကြီ၏တစ်​ဖက်​တစ်​ချက်​တွင်​ ၀င့်​ထည်​လျက်​။

ဆင်​၀င်​​ဆောင်​ပါ​သောမြန်​မာနှစ်​ထပ်​အိမ်​ကြီးများ ယ​နေ့​ခေတ်​တွင်​ရှားပါးသွား​သော်​လည်း ​တွေ့နိုင်​သမျှ​သော ဆိုခဲ့ပါအိမ်​ကြီးများ၏နှောင်း​ခေတ်​လက်​ရာများက မြန်​မာ့ဗိသူကာလက်​ရာအတိမ်​အနက်​ကို တစ်​စွန်းတစ်​စလှစ်​ဟပြလျက်​သာတည်း။

ကျော်​​ဇော​လေး မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service