မြောက်ဦးနှင့် ပြင်ဦးလွင်မြို့ရှိ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနပိုင် ဟိုတယ်များ ပုဂ္ဂလိကသို့ ငှားရမ်းလုပ်ကိုင်ခွင့်ပေးရန် အိတ်ဖွင့်တင်ဒါ ခေါ်ယူ

မြောက်ဦးနှင့် ပြင်ဦးလွင်မြို့ရှိ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနပိုင် ဟိုတယ်များ ပုဂ္ဂလိကသို့ ငှားရမ်းလုပ်ကိုင်ခွင့်ပေးရန် အိတ်ဖွင့်တင်ဒါ ခေါ်ယူ - Property News in Myanmar from iMyanmarHouse.com
26 Apr 2016 11:34 am တွင် တင်ခဲ့သည်
1803 ကြိမ် ကြည့်ရှု့ပြီး
ရခိုင်ပြည်နယ် မြောက်ဦးမြို့နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ နိုင်ငံပိုင် ဟိုတယ်များကို ပုဂ္ဂလိကသို့ ငှားရမ်းလုပ်ကိုင်ခွင့်ပေးရန် ဟိုတယ်နှင့် ခရီးသွားလာရေး
ဝန်ကြီးဌာနက ဧပြီ ၂၅ ရက်တွင် အိတ်ဖွင့်တင်ဒါ ခေါ်ယူထားသည်။

ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနပိုင် ဟိုတယ်များဖြစ်သော မြောက်ဦးမြို့ရှိ မြောက်ဦးဟိုတယ်သည် မြေ ၅ ဒသမ ၅၄ ဧကရှိပြီး အခန်း ၂၄ ခန်း ပါဝင်သည်။ ထို့အတူ ပြင်ဦးလွင်မြို့ရှိ ဂန္ဓမာမြိုင် ဟိုတယ်သည် မြေ ၂ ဒသမ ၉၆ ဧက ကျယ်ဝန်းပြီး အခန်း ၅ ခန်း ပါဝင်ကာ အဆိုပါ ဟိုတယ်များကို ပြည်တွင်းလုပ်ငန်းရှင်များကိုသာ ငှားရမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

တင်ဒါစည်းကမ်းချက် အသေးစိတ်ကို အဆိုပါ ၀န်ကြီးဌာနရုံးတွင် မေလ ၅ ရက် နံနက် ၁၀ နာရီ၌ အသေးစိတ် ရှင်းလင်းပြောကြားမည်ဖြစ်ပြီး တင်ဒါတင်သွင်းမည့်သူ ကိုယ်တိုင် သို့မဟုတ် ဒါရိုက်တာ အဖွဲ့ဝင်သာ တက်ရောက်ခွင့် ပြုထားသည်။ တင်ဒါစည်းကမ်း ရှင်းလင်းပွဲသို့ တက်ရောက်သူကသာ တင်ဒါ တင်သွင်းနိုင်မည်ဖြစ်ပြီး တင်ဒါ စည်းကမ်းများ လိုက်နာနိုင်သူများ၏ အဆိုပြုလွှာများကို မေ ၆ ရက် နံနက် ၉ နာရီမှ ၁၂ နာရီအထိ လက်ခံသွားမည်ဖြစ်ကာ ယင်းနေ့ မွန်းလွဲ ၂ နာရီတွင် လူတွေ့မေးမြန်းခြင်းများ
ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားများ လာရောက်မှု မြင့်တက်လာခြင်းနှင့်အတူ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်နေခြင်းဖြစ်သည်။ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန အနေဖြင့် ပြောင်းလဲလာသော စီးပွားရေး စနစ်နှင့် အညီ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် နိုင်ငံပိုင် ဟိုတယ်များအား ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ငှားရမ်းလုပ်ကိုင်ခွင့်များ ပေးအပ်လျက်ရှိသည်။

ထိုသို့ လုပ်ကိုင်ခွင့် ပေးအပ်နေသော်လည်း အချို့မှာ စာချုပ်ပါ စည်းကမ်းများနှင့်အညီ လုပ်ကိုင်မှု မရှိသည်ကို တွေ့ရှိနေရကြောင်း ၀န်ကြီးဌာနက အသိပေးထားသည်။ ယခုအခါ နိုင်ငံပိုင် ဟိုတယ်များ ငှားရမ်းရေး ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ရသင့်သော ၀င်ငွေ ရရှိပြီး ပုဂ္ဂလိက လုပ်ငန်းများလည်း အကျိုးဖြစ်ထွန်းစေလိုသောကြောင့်
ကြိုတင် ပြင်ဆင်ထားရန် လိုအပ်ကြောင်း သိရသည်။

လက်ရှိ တင်ဒါခေါ်ယူမှုတွင် တင်ဒါ တင်သွင်းလိုသော လုပ်ငန်းရှင်များ အနေဖြင့် အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံချက်၊ သက်ဆိုင်ရာ ကုမ္ပဏီ၏ ရာဇ၀င် အချက်အလက်နှင့် ဒါရိုက်တာ အဖွဲ့ဝင်များ စာရင်း၊ ဟိုတယ်အား ရင်းနှီးမြှုပ်နှံ တိုးချဲ့ဆောင်ရွက်မည့် အစီအစဉ်၊ မိမိနှင့် လုပ်ငန်းဆောင်ရွက်နေသော ဘဏ်မှ မိမိ၏ ဘဏ်စာရင်းနှင့် မိမိ၏ အဆိုပြု ဈေးနှုန်းအား မပေးသွင်းနိုင်ပါက အဆိုပါဘဏ်မှ ပေးသွင်းမည့် အကြောင်း အာမခံချက်၊ မိမိ တင်သွင်းထားသော အဆိုပြုဈေးနှုန်းအပေါ် အရင်းကျေ ကာလနှင့် အကျိုးအမြတ် ရရှိမှု အခြေအနေ ဖော်ပြချက်၊ ဌာနပိုင် ဟိုတယ်များအား လက်ရှိ ငှားရမ်းထားသူများသည် အမည်ပြောင်းပြီး ထပ်မံလျှောက်ထားခြင်း မပြုရန် စသည့် အချက်များကို ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း သတ်မှတ်ထားသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service