ရှန်ဟိုင်း အိမ်ခြံမြေဈေးကွက် တည်ငြိမ်မှု တွေ့ရှိရ

ရှန်ဟိုင်း အိမ်ခြံမြေဈေးကွက် တည်ငြိမ်မှု တွေ့ရှိရ - Property News in Myanmar from iMyanmarHouse.com
26 Apr 2016 10:44 am တွင် တင်ခဲ့သည်
1194 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေဈေးကွက်တည်ငြိမ်စေရန် တင်းကျပ်သော စီမံချက်များကြောင့် ရှန်ဟိုင်းအိမ်ခြံမြေ
ဈေးကွက်၌ ပြီးခဲ့သည့်မတ်လအတွင်း ထိရောက်သော ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း
ရှန်ဟိုင်းအိုးအိမ်အာဏာပိုင်အဖွဲ့က ဧပြီ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်မတ်လ ၂၅ ရက်မှ ဧပြီ ၂၄ ရက်အတွင်း ရှန်ဟိုင်းတွင် ရောင်းချရသည့် အိမ်သစ်ဧရိ
ယာသည် ၁ ဒသမ ၂ သန်း စတုရန်းမီတာရှိခဲ့ပြီး ယခင်နှစ်ထိုကာလအောက် ၄၃ ရာခိုင်နှုန်း
လျော့နည်းကျဆင်းခဲ့သည်။

ကြိုပွိုင့်အိမ်ဈေးကွက်တွင် အိမ်ဧရိယာ ၂ ဒသမ ၁ သန်း စတုရန်းမီတာက ပိုင်ဆိုင်မှုများ
လက်လွှဲပြောင်းခဲ့ကြပြီး ယင်းဧရိယာသည်လည်း ယခင်နှစ်ထိုကာလအောက် ၅၈ ရာခိုင်နှုန်း
ကျဆင်းခဲ့သည်။

ပြီးခဲ့သည့်မတ်လအတွင်း ရှန်ဟိုင်းတွင် ရောင်းချခဲ့ရသည့် ပျမ်းမျှအိမ်သစ်ဈေးသည် ၁ စတုရန်း
မီတာလျှင် ၃၂၄၀၆ ယွမ်(၄၉၉၂ အမေရိကန်ဒေါ်လာ) နှင့် ပျမ်းမျှကြိုပွိုင့်အိမ်ဈေးသည် ၁ စ
တုရန်းမီတာလျှင် ၂၆၈၁၄ ယွမ် ရှိခဲ့သည်။ စီမံချက်များမတင်းကျပ်မီ ၁ လကြာ ကာလအောက်
၎ ဒသမ ၈ ရာခိုင်နှုန်း နှင့် ၀ ဒသ ၄ ရာခိုင်နှုန်းစီ အသီးသီး ဈေးနှုန်းများကျဆင်းခဲ့ခြင်းဖြစ်သည်။

ရှန်ဟိုင်းအစိုးရသည် ၀ယ်လိုအားများတိုးမြင့်လာမှုကြောင့် ဈေးနှုန်းများမြင့်တက်မှုအား မထိန်း
ချုပ်နိုင်မည်ကို စိုးရိမ်သဖြင့် မြို့၏ အဖွံ့ဖြိုးလွန်နေသော အိမ်ခြံမြေဈေးကွက် အနည်းငယ်
တည်ငြိမ်စေရန်ကြိုးပမ်းမှုအဖြစ် တင်းကျပ်သောမူဝါဒအမြောက်အမြားကို မတ် ၂၅ ရက်တွင်
ကြေညာခဲ့သည်။

ဒုတိယအကြိမ်အိမ်ဝယ်ယူသူများအတွက် ယင်းအိမ်သည် သာမန်အဆင့်မဟုတ်ပါက အနိမ့်ဆုံး
လက်ငင်းပေးချေရသည့် ပထမအရစ်ကို အိမ်တန်ဖိုး၏ရာခိုင်နှုန်း ၇၀ သို့မဟုတ် ယင်းအိမ်
သည် သာမန်အဆင့်သာရှိပါက ရာခိုင်နှုန်း ၅၀ သို့ တိုးမြှင့်သတ်မှတ်ခဲ့သည်။

ယခင်က ရှန်ဟိုင်းတွင် ဒုတိယအကြိမ်အိမ်ဝယ်ယူသူများသည် ယင်းအိမ်က သာမန်အဆင့်
ဖြစ်စေ၊ သာမန်ထက်အဆင့်မြင့်သည်ဖြစ်စေ အနိမ့်ဆုံး ၄၀ ရာခိုင်နှုန်းသာ ပေးချေရသည်။

ရှန်ဟိုင်းတွင် အကျယ်အ၀န်း စတုရန်းမီတာ ၁၄၀ အောက်၊ ဈေးနှုန်း အမေရိကန်ဒေါ်လာ
၆၉၁,၀၀၀ အောက် အိမ်များကို သာမန်အိမ်အဖြစ် သတ်မှတ်သည်။

သို့ဖြစ်ရာ မြေ၀ယ်ယူဆောက်လုပ်အိမ်ရောင်းချသူများက အိမ်ခန်းများရောင်းထွက်ရေး နည်း
မျိုးစုံဖြင့် ချဉ်းကပ်လာကြစဉ် ၀ယ်လက်များကလည်း ဈေးကွက်အနေအထားကို အချိန်ယူ
စောင့်ကြည့်နေကြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service