ရှန်ဟိုင်း အိမ်ခြံမြေဈေးကွက် တည်ငြိမ်မှု တွေ့ရှိရ - Property News in Myanmar from iMyanmarHouse.com
1195 Views

ရှန်ဟိုင်း အိမ်ခြံမြေဈေးကွက် တည်ငြိမ်မှု တွေ့ရှိရ

အိမ်ခြံမြေဈေးကွက်တည်ငြိမ်စေရန် တင်းကျပ်သော စီမံချက်များကြောင့် ရှန်ဟိုင်းအိမ်ခြံမြေ
ဈေးကွက်၌ ပြီးခဲ့သည့်မတ်လအတွင်း ထိရောက်သော ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း
ရှန်ဟိုင်းအိုးအိမ်အာဏာပိုင်အဖွဲ့က ဧပြီ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်မတ်လ ၂၅ ရက်မှ ဧပြီ ၂၄ ရက်အတွင်း ရှန်ဟိုင်းတွင် ရောင်းချရသည့် အိမ်သစ်ဧရိ
ယာသည် ၁ ဒသမ ၂ သန်း စတုရန်းမီတာရှိခဲ့ပြီး ယခင်နှစ်ထိုကာလအောက် ၄၃ ရာခိုင်နှုန်း
လျော့နည်းကျဆင်းခဲ့သည်။

ကြိုပွိုင့်အိမ်ဈေးကွက်တွင် အိမ်ဧရိယာ ၂ ဒသမ ၁ သန်း စတုရန်းမီတာက ပိုင်ဆိုင်မှုများ
လက်လွှဲပြောင်းခဲ့ကြပြီး ယင်းဧရိယာသည်လည်း ယခင်နှစ်ထိုကာလအောက် ၅၈ ရာခိုင်နှုန်း
ကျဆင်းခဲ့သည်။

ပြီးခဲ့သည့်မတ်လအတွင်း ရှန်ဟိုင်းတွင် ရောင်းချခဲ့ရသည့် ပျမ်းမျှအိမ်သစ်ဈေးသည် ၁ စတုရန်း
မီတာလျှင် ၃၂၄၀၆ ယွမ်(၄၉၉၂ အမေရိကန်ဒေါ်လာ) နှင့် ပျမ်းမျှကြိုပွိုင့်အိမ်ဈေးသည် ၁ စ
တုရန်းမီတာလျှင် ၂၆၈၁၄ ယွမ် ရှိခဲ့သည်။ စီမံချက်များမတင်းကျပ်မီ ၁ လကြာ ကာလအောက်
၎ ဒသမ ၈ ရာခိုင်နှုန်း နှင့် ၀ ဒသ ၄ ရာခိုင်နှုန်းစီ အသီးသီး ဈေးနှုန်းများကျဆင်းခဲ့ခြင်းဖြစ်သည်။

ရှန်ဟိုင်းအစိုးရသည် ၀ယ်လိုအားများတိုးမြင့်လာမှုကြောင့် ဈေးနှုန်းများမြင့်တက်မှုအား မထိန်း
ချုပ်နိုင်မည်ကို စိုးရိမ်သဖြင့် မြို့၏ အဖွံ့ဖြိုးလွန်နေသော အိမ်ခြံမြေဈေးကွက် အနည်းငယ်
တည်ငြိမ်စေရန်ကြိုးပမ်းမှုအဖြစ် တင်းကျပ်သောမူဝါဒအမြောက်အမြားကို မတ် ၂၅ ရက်တွင်
ကြေညာခဲ့သည်။

ဒုတိယအကြိမ်အိမ်ဝယ်ယူသူများအတွက် ယင်းအိမ်သည် သာမန်အဆင့်မဟုတ်ပါက အနိမ့်ဆုံး
လက်ငင်းပေးချေရသည့် ပထမအရစ်ကို အိမ်တန်ဖိုး၏ရာခိုင်နှုန်း ၇၀ သို့မဟုတ် ယင်းအိမ်
သည် သာမန်အဆင့်သာရှိပါက ရာခိုင်နှုန်း ၅၀ သို့ တိုးမြှင့်သတ်မှတ်ခဲ့သည်။

ယခင်က ရှန်ဟိုင်းတွင် ဒုတိယအကြိမ်အိမ်ဝယ်ယူသူများသည် ယင်းအိမ်က သာမန်အဆင့်
ဖြစ်စေ၊ သာမန်ထက်အဆင့်မြင့်သည်ဖြစ်စေ အနိမ့်ဆုံး ၄၀ ရာခိုင်နှုန်းသာ ပေးချေရသည်။

ရှန်ဟိုင်းတွင် အကျယ်အ၀န်း စတုရန်းမီတာ ၁၄၀ အောက်၊ ဈေးနှုန်း အမေရိကန်ဒေါ်လာ
၆၉၁,၀၀၀ အောက် အိမ်များကို သာမန်အိမ်အဖြစ် သတ်မှတ်သည်။

သို့ဖြစ်ရာ မြေ၀ယ်ယူဆောက်လုပ်အိမ်ရောင်းချသူများက အိမ်ခန်းများရောင်းထွက်ရေး နည်း
မျိုးစုံဖြင့် ချဉ်းကပ်လာကြစဉ် ၀ယ်လက်များကလည်း ဈေးကွက်အနေအထားကို အချိန်ယူ
စောင့်ကြည့်နေကြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service