စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ် - Property News in Myanmar from iMyanmarHouse.com
14 Jul 2025 11:00 am တွင် တင်ခဲ့သည်
1391 ကြိမ် ကြည့်ရှု့ပြီး

စင်္ကာပူတွင် အရွယ်ရောက်ပြီးသူပေါင်း ၁ ဒသမ ၅ သန်းကျော်မှာ GST Voucher scheme ဖြင့် ဒေါ်လာ ၈၅၀ ထောက်ပံ့ငွေ ရရှိမည်ဖြစ်ပြီး သက်ကြီးရွယ်အို ၆၉၀,၀၀၀ ခန့်မှာ ဆေးဖိုးဝါးခ ထောက်ပံ့ငွေ (MediSave) ဒေါ်လာ ၄၅၀ ရရှိမည်ဖြစ်ကြောင်း စထရိတ်တိုင်းမ် သတင်းစာက ဖော်ပြသည်။

၂၀၂၅ ခုနှစ်တွင် အသက် ၂၁ နှင့်အထက် ရှိသူများမှာ ဒေါ်လာ ၈၅၀ ထောက်ပံ့ကြေး ရရှိမည် ဖြစ်သည်။

သို့သော် တစ်နှစ်တာဝင်ငွေ ဒေါ်လာ ၃၉,၀၀၀ သာရှိပြီး အိမ် ၁ လုံးသာ ပိုင်ဆိုင်ထားသူဖြစ်ရမည် ဖြစ်သည်။ ထို့အပြင် အဆိုပါအိမ်မှာ အငှားချထားမည်ဆိုပါက တစ်နှစ်တာဝင်ငွေ ဒေါ်လာ ၂၁,၀၀၀ ခန့်သာရသော အိမ်မျိုးဖြစ်ရမည် ဖြစ်သည်။

သတ်မှတ်ထားသော အသက်အရွယ်နှင့် ဝင်ငွေတို့ ကိုက်ညီသော်လည်း အိမ်အငှားချမှု တစ်နှစ်တာဝင်ငွေ တွက်ချက်မှုတွင် ဒေါ်လာ ၂၁,၀၀၀ အထက်ဖြစ်နေပြီး ဒေါ်လာ ၃၁,၀၀၀ ထက် မပိုသော အိမ်မျိုးဖြစ်ပါက ထောက်ပံ့ကြေး ဒေါ်လာ ၄၅၀ ရမည် ဖြစ်သည်။

အိမ် ၁ လုံးထက် ပိုမိုပိုင်ဆိုင်ထားသူများမှာမူ ထောက်ပံ့ငွေ ရရှိမည် မဟုတ်ချေ။

သတ်မှတ်ချက်များနှင့် အကျုံးဝင်သူများသည် ၎င်းတို့၏ မှတ်ပုံတင်နံပါတ်ကို ဘဏ်အကောင့်မှတဆင့် PayNow app နှင့် ချိတ်ဆက်ထားသည်ဆိုပါက PayNow အကောင့်သို့ သြဂုတ်လ ၆ ရက်တွင် ငွေလွှဲပေးပို့မည် ဖြစ်ကြောင်း စင်္ကာပူ ဘဏ္ဍာရေးဝန်ကြီးဌာန (MOF) က ဇူလိုင်လ ၇ ရက်တွင် ထုတ်ပြန်သော press release တွင် ဖော်ပြထားသည်။

Giro app ဖြင့် ချိတ်ဆက်ထားသူများမှာမူ သြဂုတ်လ ၁၅ ရက်တွင် ငွေလွှဲလက်ခံရရှိမည်ဖြစ်ကာ GovCash app ဖြင့် ချိတ်ဆက်သူများမှာ သြဂုတ်လ ၂၂ ရက်တွင် လက်ခံရရှိမည် ဖြစ်သည်။

အကောင့်များသို့ ငွေလွှဲပေးပို့ပြီးပါက ဖုန်းမက်ဆေ့ဖြင့်လည်း အသိပေးအကြောင်းကြားမည်ဟု ဆိုသည်။

စင်္ကာပူ ဖုန်းနံပါတ်မရှိသူများကိုမူ ၎င်းတို့၏ မှတ်ပုံတင်တွင် ဖော်ပြထားသော လိပ်စာသို့ အကြောင်းကြားစာ ပေးပို့မည် ဖြစ်သည်။

စင်္ကာပူအစိုးရသည် GST Voucher scheme ကို ၂၀၁၂ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ဝင်ငွေနည်းပါးသူများ၊ အလယ်လတ်တန်း ဝင်ငွေရှိသူများအား ထောက်ပံ့ကူညီသည့် အစီအစဉ် ဖြစ်သည်။ စင်္ကာပူနိုင်ငံသားများ ဝင်ငွေကောင်းလာနေသောကြောင့် ယခင်က တစ်နှစ်တာဝင်ငွေ ဒေါ်လာ ၃၄၀၀၀ ရှိသူများကို ထောက်ပံ့ခဲ့ရာမှ ယခုနှစ်တွင် ဒေါ်လာ ၃၉၀၀၀ သို့ တိုးမြှင့်သတ်မှတ်ထားကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဆေးဖိုးထောက်ပံ့ငွေ (MediSave) ပမာဏမှာ သက်ဆိုင်ရာပုဂ္ဂိုလ်၏ အသက်အရွယ်နှင့် အိမ်ခြံမြေတစ်နှစ်တာ အငှားချတန်ဖိုးတို့အပေါ်တွင် အခြေခံသည်။

အသက် ၈၅ နှစ်အထက်ရှိပြီး တစ်နှစ်အိမ်ငှားတန်ဖိုး ဒေါ်လာ ၂၁၀၀၀ သာရှိသည့် အိမ် ၁ လုံးသာ ပိုင်ဆိုင်ထားသူများကို ဒေါ်လာ ၄၅၀ အများဆုံး ထောက်ပံ့မည် ဖြစ်သည်။

ယခုနှစ်တွင် GSTV နှင့် MediSave အစီအစဉ်များအတွက် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ထောက်ပံ့သွားမည်ဖြစ်ကြောင်း စင်္ကာပူဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Eligible S’poreans to get up to $850 in GSTV cash, up to $450 in MediSave top-ups in August

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service