ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
ဥရောပသို့ ပြောင်းရွှေ့အခြေချရန် စိတ်ကူးရှိပါသလား။
ယခုအခါ ဥရောပတစ်နိုင်ငံက ၎င်းတို့ထံ လာရောက်အခြေချမည့်သူများကို များပြားလှသည့်ငွေကြေးများပင် ထောက်ပံ့ပေးလျက်ရှိနေသည်။
အိုင်ယာလန်အစိုးရသည် ၂၀၂၃ ခုနှစ်မှ စတင်ပြီး “Our Living Islands” အမည်ရှိ အစီအစဉ်တစ်ခုကို စတင်ဆောင်ရွက်လျက်ရှိသည်။
ထိုအစီအစဉ်အရ အိုင်ယာလန်အစိုးရက သတ်မှတ်ပေးထားသော သာယာလှပသည့် ကျွန်းများသို့ ရွှေ့ပြောင်း နေထိုင်မည့်သူများကို ဒေါ်လာ ၉၀,၀၀၀ ဝန်းကျင် ထောက်ပံ့ပေးမည် ဖြစ်သည်။
“ကမ်းရိုးတန်းတလျှောက်မှာရှိတဲ့ ကျွန်းတွေနဲ့ အခြေချနေထိုင်သူတွေဟာ အိုင်ယာလန် ကျေးလက်ဒေသနဲ့ တသားတည်းဖြစ်တဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။ သူတို့ဟာ နိုင်ငံအမွေအနှစ် အစိတ်အပိုင်းလည်းဖြစ်ပြီး အိုင်းရစ် ယဉ်ကျေးမှုအတွက် အထူးအရေးပါပါတယ်” ဟု အိုင်ယာလန်အစိုးရက ရှင်းပြသည်။
ထိုကျွန်းများသည် အိုင်ယာလန်၏ ကမ်းရိုးတန်းအနီးတွင်ပင် တည်ရှိသည်။
ကုန်းမကြီးနှင့် တံတား၊ မြေလမ်းတို့ အဆက်အသွယ်မရှိချေ။
ပုဂ္ဂလိကပိုင်ကျွန်းများ မဟုတ်ဘဲ ကျွန်းပေါ်တွင် အခြေချနေထိုင်သူများ တစ်နှစ်ပတ်လုံး ရှိသည်။
ယခုအစီအစဉ်၏ အဓိကရည်ရွယ်ချက်မှာ ကျွန်းများပေါ်တွင် အခြေချနေထိုင်သူ များပြားလာကာ စည်ကားလာစေရန် ဖြစ်သည်။
အထူးသဖြင့် ငယ်ရွယ်သူများကို ကျွန်းများသို့ လာရောက်အခြေချ၊ အလုပ်လုပ်ကိုင်ပြီး တစ်အိုးတစ်အိမ် ထူထောင်စေလိုခြင်း ဖြစ်သည်။
သို့သော် အိုင်ယာလန်သို့ ပြောင်းရွှေ့ အခြေမချမီ အလေးထားစဉ်းစားရမည့် အချက်များ ရှိနေသည်။
Euro News ၏ ရှင်းပြချက်အရ အိုင်ယာလန်အစိုးရက လာရောက်အခြေချနေထိုင်မည့်သူတို့ကို ယူရို ၈၀၀၀၀ (ဒေါ်လာ ၉၃၁၇၀) ထောက်ပံ့ပေးမည်ဖြစ်သည်။ သို့သော် အိုင်ယာလန်အစိုးရ၏ “အိမ်ခြံမြေ ပြန်လည်မွမ်းမံရေး ထောက်ပံ့ငွေ အစီအစဉ်- Croí Cónaithe” ဖြင့် စွန့်ပစ်ခံ နေအိမ်များ ဝယ်ယူခြင်း၊ ပြန်လည်မွမ်းမံခြင်း တို့အတွက် အသုံးပြုရမည် ဖြစ်သည်။
ဝယ်ယူမည့် အိမ်မှာလည်း ၁၉၉၃ ခုနှစ်မတိုင်မီက ဆောက်လုပ်ခဲ့သည့်အိမ် ဖြစ်ရမည်ဖြစ်သည့်အပြင် လူမနေဘဲ စွန့်ပစ်ထားသည်မှာ အနည်းဆုံး ၂ နှစ်ခန့်ရှိပြီဖြစ်သည့် အိမ်မျိုး ဖြစ်ရမည်ဟု ဆိုသည်။
ထိုအိမ်ကို အမှန်တကယ် နေထိုင်သည့်အိမ်အဖြစ် အသုံးပြုရမည်ဖြစ်ကာ အငှားချထားခြင်းများ ခွင့်မပြုချေ။
International Living ၏ ဖော်ပြချက်အရ ယခုအထောက်အပံ့ကို ရယူရန်အတွက် ပထမဆုံး အနေဖြင့် အိုင်ယာလန်တွင် အခြေချနေထိုင်ခွင့် ရရှိထားသူ ဖြစ်ရမည် ဖြစ်သည်။
အိုင်ယာလန်တွင် အခြေချနေထိုင်ခွင့် ရနိုင်သည့် နည်းလမ်းများအနက် “Stamp 0” ဗီဇာလည်း အပါအဝင် ဖြစ်သည်။
ထိုဗီဇာမှာ အငြိမ်းစားများကို ရည်ရွယ်ကာ ထုတ်ပေးသည့်ဗီဇာဖြစ်ပြီး တစ်နှစ်တာဝင်ငွေ ဒေါ်လာ ၅၀၀၀၀ အထက်ရှိကြောင်း အထောက်အထား ပြသနိုင်ရမည် ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com