ကျူးကျော် ပြဿသာနာကို ဆောက်လုပ်ရေး ၀န်ကြီးထံ တင်ပြရန် စီစဉ်နေ

ကျူးကျော် ပြဿသာနာကို ဆောက်လုပ်ရေး ၀န်ကြီးထံ တင်ပြရန် စီစဉ်နေ - Property News in Myanmar from iMyanmarHouse.com
7 Apr 2016 12:01 pm တွင် တင်ခဲ့သည်
1421 ကြိမ် ကြည့်ရှု့ပြီး
အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော် တည်ဆောက်ရာတွင် အတားအဆီးတစ်ခုဖြစ် နေသည့် ကျူးကျော်ပြဿနာကို ဆောက်လုပ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသစ်ထံ တင်ပြသွားရန်စီစဉ်ဆောင်ရွက်နေကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမင်းထိန်ကပြောသည်။

"၀န်ကြီးကိုအဓိက တင်ပြမယ့် ပြဿသာနာက တော့ အိမ်ရာတွေ ဖော်ဆောင်တဲ့နေရာမှာ ကြုံတွေ့ရတဲ့ကျူးကျော်ကိစ္စပါ။ အရင်အစိုးရ လက်ထက်တုန်းကတော့ကျူးတဲရှင်းမယ်ဆိုရင် ဒေသဆိုင်ရာအစိုးရရဲ့ခွင့်ပြုချက်နဲ့ အင်အား သုံးတာတို့၊ တခြားအဆင်ပြေမယ့်နည်းလမ်းတွေနဲ့ ဖြေရှင်းခဲ့ရတယ်။အခုဝန်ကြီးသစ်လက်ထက်မှာတော့ ဘယ်လိုမျိုးလမ်းညွှန်မလဲ ဆိုတာ မသိရသေးဘူး"ဟု၎င်းက ပြောသည်။

၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံပိုင်
မြေများပေါ်တွင် ကျူးကျော်နေထိုင်သူများကို ဖယ်ရှားရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အင်အားသုံး ဖြေရှင်းခြင်း၊ ခြောက်လစာ ပြောင်းရွှေ့ကြေး
ထုတ်ပေး၍ ဖယ်ရှားခြင်းများ ပြုလုပ်ခဲ့ရာ ကျူးကျော်နေထိုင်သူများနှင့် အာဏာပိုင် များအကြား
ထိပ်တိုက်ရင်ဆိုင်ရမှုများဖြစ် ပေါ်ခဲ့သည်။

အိမ်ခြံမြေ၊တိုက်ခန်းငှားရမ်းခများ မြင့်တက်လာသည့်အတွက် အစိုးရပိုင်မြေများပေါ်တွင်
ကျူးကျော်တဲများထိုးကာ နေထိုင်ကြသည့် မိသားစုများ ရှိလာသလို နယ်မြို့များတွင် စီးပွားရေးနှင့်အလုပ်အကိုင်များ ရှားပါးလာသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်း ပြောင်းရွှေ့အခြေချနေထိုင်ကြသည့် ကျူးကျော်နေထိုင်သူများလည်း တိုးပွားလျက်ရှိသည်ဟု သက်ဆိုင်ရာတာဝန်ရှိသူများက ပြောကြားသည်။

အမှန်တကယ်နေထိုင်ရန် အခက်အခဲရှိ သဖြင့် ကျူးကျော်နေထိုင်ရသူ အများအပြား ရှိသကဲ့သို့ ကျူးကျော်တဲများထိုးကာ ပြန်လည် အငှားချထားခြင်း၊ တဲများထိုးကာတန်ဖိုးတစ်ခု ဖြင့် ရောင်းချခြင်း အစရှိသည့် စီးပွားဖြစ် ကျူး များရှိနေပြီး စီးပွားရေးလုပ်ငန်းရှင်အချို့က ကျောထောက်နောက်ခံပြုကာ စီမံကိန်း လုပ်ငန်းများ လုပ်ကိုင်ရန် သတ်မှတ်ထားသည့်မြေနေရာများကို ဥပဒေမဲ့အင်အားအလုံး အရင်းဖြင့် ကျူးကျော်နေထိုင်သူများလည်း ရှိလာသည့်
အတွက် အမှန်တကယ်ကျူးကျော် နေထိုင်သူများနှင့် စီးပွားရေးလုပ်ငန်းခွင် တစ်ခုအဖြစ်လုပ်ကိုင်
သည့် ကျူးကျော်များ အကြား အတိအကျ ဆန်းစစ်ခွဲခြားနိုင်ရန် ခက်ခဲကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ပြောသည်။

"ဒဂုံဆိပ်ကမ်းထဲမှာဆို လုပ်စားကျူး အလုံး ၉၀၀ လောက်အထိရှိတယ်။ လှိုင်သာယာက
ကျွန်တော်တို့ လုပ်မယ့် ကျန်စစ်မင်းဆိုရင် လည်း စီမံကိန်းလုပ်မယ်လို့ ဆိုင်းဘုတ်ကပ်
လိုက်တာနဲ့ ညတွင်းချင်း ကျူးတဲ အလုံး ၃၀၀ လောက် ပေါ်လာတယ်။ နောက်ကွယ်မှာ
အင်တိုက်အားတိုက်နဲ့ ငွေထုတ်ပေးတဲ့ အဖွဲ့ တွေ၊ စီးပွားရေးသမားတွေလည်း ရှိတယ်။
အခုနောက်ဆုံး သူတို့ကို အာဏာပိုင်တွေနဲ့ ခေါ်ပြီး ထွက်သွားခိုင်းလိုက်ရတယ်"ဟု ၎င်းက
ပြောသည်။

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူများ၏ ခန့်မှန်းတွက်ချက်မှုများအရ
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အစိုးရနှင့် ပုဂ္ဂလိကပိုင် မြေနေရာများပေါ်တွင် ကျူးကျော်
နေထိုင်သူ မိသားစုပေါင်း ၈၀,၀၀၀ ကျော်ရှိပြီး စက်မှုဇုန်လုပ်ငန်း အများဆုံးတည်ရှိရာ
လှိုင်သာယာမြို့နယ်တွင် ကျူးကျော်နေထိုင်သူ အများဆုံးရှိနေသည်ဟု သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ ကောက်
ယူထားသည့် စာရင်းများအရ ၂၀၁၄ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် လှိုင်သာယာမြို့နယ်တွင် ကျူးကျော်
တဲပေါင်း ၁၄,၁၆၄ လုံးရှိပြီး ၂၀၁၅ ခုနှစ်မှ စ၍ ကျူးကျော်တဲထိုးလျှင် ဖျက်သိမ်းသည့်စနစ်ကျင့်
သုံးခဲ့သဖြင့် ကျူးကျော် တဲများ တိုးပွားလာမှု နည်းပါးလာသည်ဟု လှိုင်သာယာမြို့နယ်စည်ပင်
သာယာ အုပ်ချုပ် ရေးမှူး ဦးကြည်စိုးက ပြောသည်။

"၂၀၁၅ ခုနှစ်နောက်ပိုင်း ကျူးတဲ တစ်တဲ
တိုး တစ်တဲဖျက်သလို တဲတစ်တဲထိုးလာတာ နဲ့ ချက်ချင်း ရပ်ကွက်ပြည်သူတွေက အကြောင်း
ကြားလာတာတွေ ရှိတယ်။ နေစရာမရှိလို့ ကျူးရတဲ့ လူတွေကို အပြစ်မပြောချင်ပေမဲ့ တဲထိုးပြီး
ပြန်ငှားစားတာတို့၊ ရောင်းစား တာ တို့၊ ကျူးတဲထိုးဖို့ မြှောက်ပေးတဲ့ လူတွေ အများကြီး
တွေ့နေရတယ်။ လုပ်ကျူး၊ စီးပွား ရေးကျူးတွေလည်း အများကြီးပဲ ဖြေရှင်းဖို့ ခက်ပါတယ်" ဟု
၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျူးကျော် နေထိုင်သူများအရေး ဖြေရှင်းနိုင်ရန် စီးပွားရေး
အခွင့်အလမ်းများ ဖော်ဆောင်နိုင်သည့် လုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ အများအပြားဖော်ဆောင်ရန်လိုအပ်သလို ကျူးကျော် နေထိုင်သူများအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများနှင့် နီးစပ်သည့်ဒေသများ တွင် သင့်တင့်မျှတသည့် အငှားအိမ်ရာ စီမံကိန်းများ ဖော်ဆောင်ကာ နေရာချထားပေးရန်လိုအပ်နေသော်လည်း ကုန်ကျစရိတ် ပမာဏ လွန်စွာကြီးမားသည့်အတွက် အခက်အခဲဖြစ်နေသည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးခင်မောင်တင့်ကပြောသည်။

Credit: Myanmar Time

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service