ဗဟိုဘဏ်၏ ရည်ညွှန်းဒေါ်လာလဲနှုန်း တစ်ရက်အတွင်း ကိုးကျပ် လျှော့ချ သတ်မှတ်ခြင်းနှင့်အတူ ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ၁၁၇၇ ကျပ် ၀န်းကျင်သို့ ဆက်လက် ကျဆင်း

ဗဟိုဘဏ်၏ ရည်ညွှန်းဒေါ်လာလဲနှုန်း တစ်ရက်အတွင်း ကိုးကျပ် လျှော့ချ သတ်မှတ်ခြင်းနှင့်အတူ ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ၁၁၇၇ ကျပ် ၀န်းကျင်သို့ ဆက်လက် ကျဆင်း - Property News in Myanmar from iMyanmarHouse.com
7 Apr 2016 11:09 am တွင် တင်ခဲ့သည်
1023 ကြိမ် ကြည့်ရှု့ပြီး
ဗဟိုဘဏ်၏ ရည်ညွှန်းဒေါ်လာလဲနှုန်း တစ်ရက်အတွင်း ကိုးကျပ် လျှော့ချ သတ်မှတ်ခြင်းနှင့်အတူ ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ၁၁၇၇ ကျပ်ဝန်းကျင်သို့ ဆက်လက် ကျဆင်းလာကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်ရေး ဈေးကွက်မှ စုံစမ်း သိရသည်။

ဗဟိုဘဏ်၏ ရည်ညွှန်းဒေါ်လာ သတ်မှတ်နှုန်းသည် ဧပြီလအတွင်း ဆက်တိုက် လျှော့ချ သတ်မှတ်လျက်ရှိပြီး ဧပြီ ၄ ရက်တွင် ကျပ် ၁၂၁၀ သို့ လည်းကောင်း၊ ဧပြီ ၅ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၀၅ ကျပ်မှ ဧပြီ ၆ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၉၆ ကျပ်သို့ သုံးရက်အတွင်း ၁၄ ကျပ် လျှော့ချ သတ်မှတ်ခဲ့သည်။

ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းတွင် ဒေါ်လာ သတ်မှတ်နှုန်းသည် မတ် ၂၂ ရက်မှ ၃၁ ရက်အထိ တစ်ဒေါ်လာလျှင် ၁၂၁၆ ကျပ်တွင် တည်ငြိမ်နေခဲ့ပြီး ဧပြီ ၄ ရက်မှစ၍ လျှော့ချ သတ်မှတ်ခဲ့ခြင်းဖြစ်ကာ ဧပြီ ၆ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၉၆ ကျပ်အထိ လျှော့ချခဲ့ခြင်းဖြစ်သည်။

ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် ဧပြီလအတွင်း အကျဘက်သို့ ဦးတည်လျက်ရှိပြီး ဧပြီ ၁ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၉၆ ကျပ် ၀န်းကျင်မှ ဧပြီ ၄ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၁၈၀ ၀န်းကျင်သို့ နှစ်ရက်အတွင်း ၁၆ ကျပ် ၀န်းကျင်အထိ ကျဆင်းခဲ့ခြင်းပြီး ဧပြီ ၅ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၈၃ ကျပ် ၀န်းကျင်သို့ ပြန်လည်မြင့်တက်ခဲ့သော်လည်း ဧပြီ ၆ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၇၇ ကျပ်သို့ တစ်ရက်အတွင်း ရှစ်ကျပ်ဝန်းကျင် ပြန်လည်ကျဆင်းခဲ့သည်။

ဧပြီလအတွင်း ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် ဗဟိုဘဏ်၏ လျှော့ချ သတ်မှတ်ခြင်းနှင့်အတူ လိုက်ပါ ကျဆင်းခဲ့ခြင်းဖြစ်ပြီး ဧပြီ ၁ ရက် (ရောင်းဈေး ၁၁၉၆ ကျပ်ဝန်းကျင်) မှ ၆ ရက် (ရောင်းဈေး ၁၁၇၇ ကျပ်ဝန်းကျင်) အထိ တစ်ဒေါ်လာလျှင် ၁၉ ကျပ် ၀န်းကျင်အထိ ကျဆင်းခဲ့သည်။

မတ်လအတွင်း နှစ်ပတ်ကျော်ကြာ တစ်ဒေါ်လာလျှင် ကျပ် ၁၂၁၀ ၀န်းကျင်တွင်တည် ငြိမ်နေသော ပြင်ပဒေါ်လာလဲနှုန်းသည် မတ် ၃၀ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၀၆ ကျပ် ၀န်းကျင်သို့ လေးကျပ်ဝန်းကျင် စတင်ကျ ဆင်းခဲ့ပြီးနောက် ဧပြီ ၆ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၇၇ ကျပ်ဝန်းကျင်သို့ ဆက်တိုက် ကျဆင်းနေခြင်းဖြစ်သည်။

ဗဟိုဘဏ် အနေဖြင့် ဧပြီလအတွင်း နိုင်ငံခြား ငွေကြေးလေလံတွင် ဘဏ်နှင့် ငွေကြေး အဖွဲ့အစည်းများထံမှ ဧပြီ ၄ ရက်တွင် ဒေါ်လာ သုံးသန်း၊ ၅ ရက်တွင် ဒေါ်လာ ခုနစ်သန်း၊ ၆ ရက်တွင် ၁၁ ဒသမ ၅ သန်း စုစုပေါင်း ၂၁ ဒသမ ၅ သန်းကို ၀ယ်ယူခဲ့ကြောင်း ဗဟိုဘဏ်မှ သိရသည်။

ဧပြီ ၆ ရက်တွင် ဖြစ်ပေါ်နေသော နိုင်ငံခြား ငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ၁၁၉၆ ကျပ် သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာ လဲနှုန်းမှာ ရောင်းဈေး ၁၁၇၇ ကျပ်ဝန်းကျင်၊ ၀ယ်ဈေးကျပ် ၁၁၇၅ ၀န်းကျင်တွင် ရှိနေသည်။ ပြည်တွင်း ပုဂ္ဂလိက ဘဏ်များ၏ ငွေလဲကောင်တာများတွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၁၉၆ ကျပ် ၀န်းကျင်၊ ၀ယ်ဈေး ကျပ် ၁၁၇၀ ၀န်းကျင် သတ်မှတ်ထားသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ERC Luxury Condo
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service