ကွန်ဒိုမီနီယံ ဥပဒေ အတည်ပြုပြီးသော်လည်း အလောတကြီး ၀ယ်ယူကြဖွယ် မရှိ

ကွန်ဒိုမီနီယံ ဥပဒေ အတည်ပြုပြီးသော်လည်း အလောတကြီး ၀ယ်ယူကြဖွယ် မရှိ - Property News in Myanmar from iMyanmarHouse.com
4 Feb 2016 10:22 am တွင် တင်ခဲ့သည်
1974 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံတွင် ကျင်းပလျှက်ရှိသော မကြာခင်ပြီးဆုံးတော့မည့် ပြည်ထောင်စုလွှတ်တော်က ဇန်န၀ါရီလ ၂၂ ရက်နေ့တွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသည့် ကွန်ဒိုမီနီယံ ဥပဒေကို အတည်ပြုလိုက်ရာတွင် ပိုင်ဆိုင်မှု လုပ်ထုံးလုပ်နည်း အချို့ကို ရှင်းလင်းဖော်ပြခဲ့ပြီး ၆ ထပ်နှင့် အထက် အခန်းများ၏ ၄၀ ရာခိုင်နှုန်း အားနိုင်ငံခြားသားများကို ၀ယ်ယူခွင့်ပြုခဲ့သည်။

ပြုပြင်ပြောင်းလဲရေးများ ပိုမိုဖြစ်ပေါ်လာသည့် အချိန်ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက စောင့်ဆိုင်း နေကြဆဲဖြစ်သည် ဟု အိမ်ခြံမြေလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူများက ကြိုတင်ခန့်မှန်း ထားသော်လည်း ၃ နှစ်ကြာ ရေးဆွဲခဲ့သည့် ဥပဒေသည် အေးစက်နေသော အိမ်ခြံမြေဈေးကွက်အတွက် ထွက်ပေါက်တခုဖြစ်လာမည်ဟု မျှော်လင့်နေကြသည်။

ဥပဒေအသစ်အရ နိုင်ငံခြားသားများ အနေဖြင့် ၆ ထပ်နှင့် အထက်ဖြစ်သော တိုက်ခန်းများကို ၀ယ်ယူခွင့်ရှိမည်ဖြစ်သည်။ သို့သော်လည်း ပိုင်ဆိုင်မှုအပေါ် စီမံခန့်ခွင့်ပေးမထားပါ။ ၀ယ်ယူသူများက ကွန်ဒိုတည်ဆောက်ထားသည့် မြေနေရာကို အချိုးကျ ပိုင်ဆိုင်ခွင့် ပြုထားခြင်းက အခန်းပိုင်ရှင်များထက် မြေပိုင်ဆိုင်သူကို ပိုမိုဦးစားပေးထားသည့် ယခင်ဥပဒေများ ထက်စာလျှင် တိုးတက်မှုတခု အဖြစ် ရှုမြင်နေကြသည်။

ဥပဒေသစ်က ကွန်ဒိုမီနီယမ်များအတွက် စံနှုန်းများ ချမှတ်ပေးထားပြီး၊ အထပ် အရေအတွက်၊ အခန်း အရေအတွက်၊ ကား ရပ်နားရန် နေရာ၊ အခြားပံ့ပိုးမှုများနှင့် လုံခြုံရေးဆိုင်ရာ လိုအပ်ချက်များကိုလည်း အသေးစိတ်ဖော်ပြထားသည်။ ကွန်ဒိုမီနီ ယံ များသည် ၆ ထပ် ထက်ပိုရှိရမည် ဖြစ်ပြီး အနည်းဆုံး စတုရန်းပေ ၂၀၀၀၀ ကျယ်ဝန်း ရန် သတ်မှတ်ထားပါသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်သည့် ဦးခိုင်မောင်ရည်က ဥပဒေကို လွှတ်တော် ၂ ရပ်လုံးက အတည်ပြုခဲ့ခြင်း ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်က အတည်ပြုပေးပြီးလျှင် အသေးစိတ် အကြောင်း အရာများကို ထုတ်ပြန်ကြေညာလိမ့်မည်ဟု ဇန်န၀ါရီလ ၂၅ ရက်နေ့တွင် ပြောခဲ့သည်။

ဥပဒေအတည်ပြုအပြီးတွင် အရောင်းအ၀ယ် အနည်းငယ်မြင့်တက်လာမည်ဟု အိမ်ခြံမြေလုပ်ငန်းမှ ကျွမ်းကျင်သူများက မျှော်လင့်ကြသည်။ အထူးသဖြင့် ပြီးခဲ့သည့် နှစ်များအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ များပြားလာမှုကြောင့် ရောင်းလိုအားက ၀ယ်လိုအားထက် ကျော်လွန်သွားခဲ့သည့် စီးပွားရေး မြို့တော် ရန်ကုန်တွင် ဖြစ်သည်။ ဈေးနှုန်းများ အဆမတန် မြင့်တက်လာမှုနှင့် နိုင်ငံရေး တည်ငြိမ်မှုအပေါ် စိုးရိမ်ခြင်းများကြောင့် ၂၀၁၄ ခုနှစ်မှ စ၍ အိမ်ခြံမြေဈေးကွက် နှေးကွေးသွားခဲ့ရပါသည်။

“ရောင်းဖို့ အသင့်ဖြစ်နေတဲ့ ကွန်ဒိုတွေ ရန်ကုန်မှာ အများကြီးရှိပါတယ်။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံသူ အများအပြားက တိုင်း ပြည်ရဲ့ နိုင်ငံရေးနဲ့ ဥပဒေတည်ငြိမ်မှုကို စောင့်ကြည့်နေခဲ့ကြတဲ့ အတွက် ဈေးကွက်က နှေးကွေးသွားခဲ့တယ်” ဟု မြန်မာ နိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်း ဒုဥက္ကဌ ဦးသန်း ဦးကပြောသည်။

“ဒါပေမယ့် အခုအချိန်မှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ လာတော့မှာဖြစ်တဲ့အတွက် ဆောက်လုပ်ရေး လုပ်ငန်းရှင် တွေ အသက်ရှုပေါက်ရလိမ့်မယ်လို့ ကျနော်ထင်ပါတယ်” ဟု သူက ထပ်ပြောသည်။
သို့သော်လည်း အချို့သော ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံတွင် အခွန်ကောက်ခံမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများ ပြီးစီး ခြင်းမရှိသေးသည့် အတွက် သတိထားစောင့်ကြည့်နေကြဆဲ ဖြစ်သည်ဟု မန္တလေး အခြေစိုက် CAD Construction ကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးဇင်မင်းဆွေက ပြောသည်။ ပိုင်ဆိုင်မှုနှင့် အရောင်းခွန်များကို မြှင့်တင်ရန် လွှတ်တော် ကိုယ်စားလှယ် အများအပြားက အဆိုပြုခဲ့ကြပြီး ကြပ်မတ်ဆောင်ရွက်မှုများက လာမည့်နှစ်များအတွင်းတွင် ပိုမိုတင်းကျပ် လာမည်ဟု မျှော်လင့်ရသည်။

“အစိုးရက ပိုင်ဆိုင်မှုဈေးကွက်ကို အခွန်ဥပဒေတွေနဲ့ ထိန်းချုပ်ဖို့ ကြိုးစားမှာကို ကျနော်စိုးရိမ်တယ်။ သူတို့က ၀ယ်သူတွေ အတွက် ပိုင်ဆိုင်မှုအခွန်ကို ပြန်သုံးသပ်လိမ့်မယ်” ဟု ဦးဇင်မင်းဆွေက ပြောသည်။ ရင်းနှီးမြှုပ်နှံသူများက ရှင်းလင်းပြီး မျှတသည့် ပိုင်ဆိုင်မှု အခွန်ဆိုင်ရာ မူဝါဒ တခုကိုမြင်တွေ့ရသည့် အချိန်အထိ စောင့်ကြည့်နေကြမည် ဖြစ်ပြီး အိမ်ခြံမြေ ပိုင် ဆိုင်မှုများကို အလောတကြီး ၀ယ်ယူကြဖွယ်မရှိဟု သူက ရှင်းပြသည်။

မရေရာသော မခိုင်မာသော ဥပဒေများ ရှိနေသည့် အပြင် ရင်းနှီးမြှုပ်နှံသူများက သက်ဆိုင်ရာ မူဝါဒများအတွင် အခြား သော ပြင်ဆင် ပြောင်းလဲမှုများ ရှိသည်ကို မြင်တွေ့လိုကြသည်။

အမေရိကန် အခြေစိုက် အိမ်ခြံမြေကုမ္ပဏီ တခုဖြစ်သည့် Colliers International မှ မန်နေးဂျင်း ဒါရိုက်တာ Tony Picon က ၀ယ်ယူသူများအနေဖြင့် ရှင်းလင်းသည့် မြေပိုင်ဆိုင်မှုစနစ်နှင့် ကားရပ်နားရန်နေရာ လိုအပ်ချက်များ ပြောင်းလဲခြင်း ကို စောင့်ကြည့်နေကြမည်ဟု ပြောသည်။
“အဲဒါတွေက ကွန်ဒိုမီနီယံ လုပ်ငန်းမှာ အတားအဆီးဖြစ်နေပါတယ်။”

Credit : Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Magical World Apartment
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service