ပင်စင်စားများအတွက် မြေကွက်များ ရောင်းချပေးမည့် အစီအစဉ် မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောကြား

ပင်စင်စားများအတွက် မြေကွက်များ ရောင်းချပေးမည့် အစီအစဉ် မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောကြား - Property News in Myanmar from iMyanmarHouse.com
19 Jan 2016 10:54 am တွင် တင်ခဲ့သည်
1455 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အငြိမ်းစားယူခဲ့သည့် ပင်စင်စားဝန်ထမ်းများအတွက် မြေကွက်များ ရောင်းချပေးမည်ဟုဆိုကာ ရန်ကုန်စာတိုက်ကြီးမှတစ်ဆင့် နေ့စဉ်လာရောက် လျှောက်ထားသည့် ပင်စင်စား အများအပြား ရှိနေကြောင်း ယင်းသို့ လျှောက်လွှာများကို အချို့မြို့နယ် ရပ်ကွက်များတွင်ပါ မိတ္တူများ ဆွဲ၍ ရောင်းချနေမှုများ ရှိနေရာ ထိုသို့ ပင်စင်စားများအတွက် မြေကွက်များ ရောင်းချပေးမည်မှာ ဟုတ်ပါသလားဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဆက်သွယ်မေးမြန်းရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ယင်းသို့ ရောင်းချပေးမည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြန်လည် ဖြေကြားသည်။

သို့သော် ပင်စင်စားများ အနေဖြင့် နေထိုင်ရန် အခက်အခဲများ ရှိနေသဖြင့် ရလိုရငြား မျှော်လင့်ချက်များဖြင့် လာရောက် လျှောက်ထားနေကြခြင်းဖြစ်ကြောင်း၊ အချို့မှာ ရန်ကုန်မြို့စွန် နေရာများမှပင် လာရောက် လျှောက်ထားကြခြင်း ဖြစ်သည်ဟု လာရောက်လျှောက်ထားသူ အချို့က ဆိုသည်။

ထို့ပြင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ အတွင်းကလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စစ်မှုထမ်းဟောင်းများ၊ ပင်စင်စားများအတွက် မြေကွက်များတိုက်ခန်းများ ချပေးမည်ဆိုသည့် သတင်းများ ပျံ့နှံ့ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ လာရောက်လျှောက်ထားသူ စစ်မှုထမ်းဟောင်း၊ ပင်စင်စား သောင်းဂဏန်းအထိ ရှိခဲ့သည်။

ထိုအချိန်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရွှေပြည်သာရှိ တန်ဖိုးနည်းအိမ်ရာ အခန်းများကို အနည်းဆုံး ကျပ် ၁၀၉ သိန်းဖြင့် ရောင်းချမည်ဟု အစိုးရသတင်းစာများမှတစ်ဆင့် ကြေညာခဲ့ခြင်းဖြစ်ပြီး မြေကွက်များရောင်းချပေးရန် ကြေညာခဲ့ခြင်းမရှိကြောင်း၊ သို့သော် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့က စစ်မှုထမ်း ဟောင်းများ၊ ပင်စင်စားများအတွက် မြေကွက်များ တိုက်ခန်းများ ချပေးမည်ဟုဆိုကာ သတင်းများ ပျံ့နှံ့ခဲ့ခြင်းဖြစ်ပြီး လာရောက် လျှောက်ထားသူ သောင်းနှင့်ချီ၍ ရှိခဲ့ခြင်းကြောင့် ရှင်းပြ၍ မရတော့ဘဲ လျှောက်လွှာများကို လက်ခံခဲ့ရကြောင်း ယင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြန်လည် ရှင်းလင်းခဲ့သည်။

Credit: ElevenMediaGroupa

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service