ရန်ကုန်စည်ပင်က ၂၀၁၅ အတွင်း အဆောက်အအုံ ၆,၈၀၀ ကျော် ဆောက်လုပ်ခွင့်ပြုခဲ့

ရန်ကုန်စည်ပင်က ၂၀၁၅ အတွင်း အဆောက်အအုံ ၆,၈၀၀ ကျော် ဆောက်လုပ်ခွင့်ပြုခဲ့ - Property News in Myanmar from iMyanmarHouse.com
14 Jan 2016 9:53 am တွင် တင်ခဲ့သည်
793 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက ၂၀၁၅ အတွင်း အဆောက်အအုံပေါင်း ၆,၈၀၀ ကျော် ဆောက်လုပ်ခွင့်ပြု ခဲ့ပြီး ၂၀၁၄ အရေအတွက်ထက် လျော့ကျသွားကြောင်း အင်ဂျင် နီယာနှင့် အဆောက်အအုံဌာနမှ သတင်းရရှိသည်။

၂၀၁၄ က အထပ်မြင့်၊ အ ထပ်နိမ့် အဆောက်အအုံပေါင်း ၇၀၀၀ ခန့် ခွင့်ပြုခဲ့ပြီး ၁၄ နှစ်အ တွင်း စံချိန်တင် နှစ်တစ်နှစ်အဖြစ် မှတ်တမ်းဝင်ခဲ့ရာမှ ၂၀၁၅ တွင် ပြန်လည်လျော့ကျလာခြင်း ဖြစ် သည်။

ဈေးကွက်တွင် အရောင်းအ ၀ယ် အေးနေခြင်း၊ မြို့တော်စည် ပင်မှ ခွင့်ပြုမိန့်များ ကြပ်မတ်လာ ခြင်း၊ စည်းကမ်းများ တင်းကျပ် လာခြင်းတို့ကြောင့် ယခုနှစ်တွင်တည်ဆောက်မှု လျော့ကျလာ ကြောင်း အဆိုပါဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

‘‘မြောက်ဒဂုံလို နေရာမျိုး မှာတောင် အထပ်မြင့်ဆောက်ဖို့ ဆုံးဖြတ်ပေးပါဆိုပြီး လာပြော တာတွေ ရှိတယ်။ Zoning Plan မရှိသေးတော့ အထပ်မြင့်တွေ ဆောက်ဖို့ ဆုံးဖြတ်ပေးရတာ တော်တော်လေး အကျပ်ရိုက် တယ်’’ ဟု အထက်ပါတာဝန်ရှိသူ က ပြောကြားသည်။

အထပ်မြင့် အဆောက်အအုံ များကို အပတ်စဉ် မြို့တော်ဝန် ကိုယ်တိုင်ပြုလုပ်သည့် အစည်းအ ဝေးတွင် ဆုံးဖြတ်ချက်ချခြင်း၊ စီမံ ကိန်းများ ကြီးမားပါက ၀န်ကြီး ချုပ်ထံ တင်ပြခြင်း၊ ထိုမှတစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့ထိ တိုက်ရိုက် တင်ပြပြီးမှသာ အ ဆောက်အအုံများ ဆောက်လုပ် ခွင့် ပြုပေးနေသည်ဟု ဆိုသည်။

စည်ပင်က တရားဝင်တည် ဆောက်သည့် အဆောက်အအုံ များ လျော့ကျလာခြင်းနှင့် တစ် ဆက်တည်းမှာပင် ကြိုပွိုင့်ဈေးကွက်များ အားနည်းလာသော ကြောင့် တရားမ၀င်တည်ဆောက် သူများ ယခုနှစ်အတွင်း သိသိ သာသာ လျော့ကျလာကြောင်း သိရသည်။

‘‘ဈေးကွက်က နှစ်လယ် လောက်မှာကတည်းက အ၀ယ်လျော့သွားတော့ ထပ်ပြီး မဆောက်ရဲကြတော့ဘူး။ မူလက ဆောက် မယ်လို့ စီစဉ်ထားတဲ့ သူတွေ တောင် အခြေအနေမကောင်းလို့ ဌာနက ပြန်ရုပ်သိမ်းတဲ့ အလုံးတွေ တောင် ရှိတယ်’’ဟု အကယ်ဒမီ ဆောက်လုပ်ရေး ကုမ္ပဏီမှ ဦးမြ ကြိုင်က ပြောသည်။

Credit: 7Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...

အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

Emerald Bay Condo
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service