အန္တရာယ်ရှိ အဆောက်အအုံများ ပြန်လည်တည်ဆောက်ရာတွင် ကြန့်ကြာနေသည့် ကန်ထရိုက်များကို လိုင်စင်ခြောက်လ ပိတ်မည်

အန္တရာယ်ရှိ အဆောက်အအုံများ ပြန်လည်တည်ဆောက်ရာတွင် ကြန့်ကြာနေသည့် ကန်ထရိုက်များကို လိုင်စင်ခြောက်လ ပိတ်မည် - Property News in Myanmar from iMyanmarHouse.com
12 Oct 2015 10:27 am တွင် တင်ခဲ့သည်
745 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ရှိ အန္တရာယ်ရှိ အဆောက်အအုံများကို အသစ်ပြန်လည် တည်ဆောက်ရာတွင် အကြောင်းအမျိုးမျိုးပြကာ ကြန့်ကြာနေသည့် ကန်ထရိုက်များကို လိုင်စင်ခြောက်လ ပိတ်သိမ်း၍ အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တွင် ၁၉၉၄-၁၉၉၅ ဘဏ္ဍာနှစ်မှစ၍ အန္တရာယ်ရှိ အဆောက်အအုံများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ယခုအထိ အန္တရာယ်ရှိ အဆောက်အအုံ စုစုပေါင်း ၁၆၀၀ နီးပါး သတ်မှတ်ခဲ့ပြီး ဖြစ်ကြောင်းနှင့် ယင်းအထဲတွင် အသစ်ပြန်လည် တည်ဆောက်ရန် ကြန့်ကြာနေသည့် အဆောက်အအုံ ၈၀ ခန့် ရှိနေကြောင်း သိရသည်။

အန္တရာယ်ရှိ အဆောက်အအုံများကို အသစ်ပြန်လည် တည်ဆောက်ခြင်းကြောင့် မူလနေထိုင်သူများ အခြားနေရာများသို့ ပြောင်းရွှေ့နေထိုင်ရပြီး အသစ်ပြန်ဆောက်လုပ်ရန် ကြန့်ကြာနေခြင်းကြောင့် အိမ်ငှားစရိတ်အတွက် အခက်အခဲများ ဖြစ်ပေါ်နေရကြောင်း၊ အန္တရာယ်ရှိ အဆောက်အအုံများအား ဖြိုဖျက်ပြီး အသစ်ပြန်လည် တည်ဆောက်ခြင်းအတွက် အနည်းဆုံး တစ်နှစ်ခွဲမှ အများဆုံး နှစ်နှစ်အထိ အချိန်ပေးထားသော်လည်း အချို့အဆောက်အအုံများမှာ သုံးနှစ်၊ လေးနှစ်ခန့်အထိ ပြီးစီးအောင် ဆောက်လုပ်နိုင်ခြင်း မရှိသဖြင့် မူလနေထိုင်သူများ အခက်အခဲများစွာ ဖြစ်ပေါ်နေရကာ ယင်းအထဲတွင် နာမည်ကြီး ကန်ထရိုက် အချို့ပင် ပါဝင်နေကြောင်း သိရသည်။

ထို့အတွက်ကြောင့် ယင်းကန်ထရိုက်များအား ပထမအကြိမ် ခေါ်ယူ သတိပေးခဲ့ပြီး စတင်အရေးယူမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ကြန့်ကြာနေသည့် အဆောက်အအုံများသည် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ မြေရှင်၊ နေထိုင်သူနှင့် ကန်ထရိုက်တို့အကြား ညှိနှိုင်းမှု မပြေလည်ခြင်းများမှာ အဓိက ဖြစ်နေကြောင်း၊ ယခင်က မြေပိုင်ဆိုင်မှု မရှိသည့် အန္တရာယ်ရှိ အဆောက်အအုံများအတွက် စည်ပင်က ယာယီမြေရှင် လုပ်ပေးခဲ့သော်လည်း ၂၀၁၃ ခုနှစ်မှစ၍ စည်ပင်က ယာယီအိမ်ရှင် အနေဖြင့် ကြားဝင်ပေးခြင်း မရှိတော့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံဌာနမှ သိရှိရသည်။

ရန်ကုန်မြို့တွင် အန္တရာယ်ရှိ အဆောက်အအုံများကို မြို့တွင်း ခြောက်မြို့နယ်၌ ပါဝင်သည့် ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗိုလ်တထောင် စသည့်မြို့နယ်များအပြင် မင်္ဂလာတောင်ညွန့်၊ တာမွေ စသည့်မြို့နယ်များ၌လည်း သတ်မှတ်ခဲ့သည်။

Credit: eleven media group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service