၂ဝ၁၅ နှစ်ကုန်တွင် မြဝတီစီးပွားရေးဇုန် စတင်လည်ပတ်နိုင်တော့မည် အဆိုပြုထားသည့် လုပ်ငန်းအများစုမှာ အထည်ချုပ်စက်ရုံနှင့် ဖိနပ်စက်ရုံများဖြစ်

၂ဝ၁၅ နှစ်ကုန်တွင် မြဝတီစီးပွားရေးဇုန် စတင်လည်ပတ်နိုင်တော့မည် အဆိုပြုထားသည့် လုပ်ငန်းအများစုမှာ အထည်ချုပ်စက်ရုံနှင့် ဖိနပ်စက်ရုံများဖြစ် - Property News in Myanmar from iMyanmarHouse.com
31 Aug 2015 10:18 am တွင် တင်ခဲ့သည်
916 ကြိမ် ကြည့်ရှု့ပြီး
ကရင်ပြည်နယ်၌အကောင်အထည်ဖော်ဆောင်လျက်ရှိသည့် မြဝတီစီးပွားရေးဇုန်အား ၂ဝ၁၅ ခုနှစ် ကုန်ပိုင်းတွင်
စတင်လည်ပတ်နိုင်မည်ဖြစ်ကြောင်း ယင်းစီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ညီနောင်ဦးကုမ္ပဏီမှသိရသည်။

”၂ဝ၁၅ နှစ်ကုန်ပိုင်းလောက်မှ စက်ရုံတွေ စတင်လည်ပတ်မှာ ဖြစ်ပါတယ်”ဟု ယင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စတင်လည်ပတ်မည့် စက်ရုံများမှာ ဖိနပ်စက်ရုံ၊ သွပ်ပြားစက်ရုံ၊ မော်တော်ကား အပိုပစ္စည်း ထုတ်လုပ်ရေးစက်ရုံ၊ပရိဘောဂအချောထည်ထုတ်လုပ်ရေး
စက်ရုံစသည်တို့ဖြစ်ကြောင်း သိရသည်။

ယင်းစီးပွားရေးဇုန်အား ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင် ကျေးရွာအနီးရှိ မြေဧရိယာအကျယ်အဝန်း ၂ဝ၁ ဧကပေါ်တွင်ညီနောင်ဦးကုမ္ပဏီမှ အကောင်အထည်ဖော်ဆောင်လျက်ရှိနေပြီး ယခုအခါ ရာခိုင်နှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

”စလုပ်တုန်းကတော့ စက်မှုဇုန်လုပ်ဖို့ပါ။ ဒါပေမယ့် နယ်စပ်လမ်းကြောင်းနဲ့ ခုနစ်မိုင်ပဲကွာဝေးလို့ စက်မှုဇုန်အဖြစ် ခွင့်ပြုလို့ မရဘူး။
စီးပွားရေးဇုန်ဆိုရင်တော့ အဆင်ပြေတယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) က အကြံပေးလာလို့ ပြည်ထောင်စု
အစိုးရကို ပြန်လည်တင်ပြပြီး ၂ဝ၁၅ ခုနှစ် နှစ်လယ်ပိုင်းလောက်ကစပြီး စီးပွားရေးဇုန်အဖြစ် ပြောင်းလဲခဲ့တာပါ” ဟု ကရင်ပြည်နယ်
လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန အစိုးရအဖွဲ့ဝန်ကြီး ဦးစောကြည်လင်းက ပြောသည်။

မြဝတီစီးပွားရေးဇုန်ကို စက်မှုဇုန်အဖြစ်၂ဝ၁၃ ခုနှစ်၊ ဧပြီလတွင်စတင်၍အကောင်အထည်ဖော်ဆောင်
ခဲ့ခြင်းဖြစ်ပြီးကရင်ပြည်နယ်အတွင်းပထမဦးဆုံးစတင်အကောင်အထည်ဖော်သည့် စီးပွားရေးဇုန်လည်း ဖြစ်သည်။

”ပြည်နယ်အစိုးရက developer ကုမ္ပဏီဖြစ်တဲ့ ညီနောင်ဦးကုမ္ပဏီကို တစ်ဧက သိန်း ၅ဝ နှုန်းနဲ့ စုစုပေါင်း ဧက ၂ဝဝ လောက်နှစ် ၅ဝ ငှားထားတယ်။ အဲဒီက ရထားတဲ့ ငွေကြေးကို ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်တဲ့နေရာမှာ အသုံးပြုသွားမယ်” ဟု
၎င်းက ပြော သည်။

မြဝတီစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အဆိုပြုလွှာတင်သွင်းသည့် လုပ်ငန်းအများစုမှာ အထည်ချုပ်စက်ရုံများ၊
ဖိနပ်စက်ရုံများဖြစ်ကြောင်း မြဝတီစီးပွားရေးဇုန်ကြီးကြပ်ရေး ကော်မတီမှ သိရသည်။

”အရင်က စက်မှုဇုန်အနေနဲ့လုပ်တာဆိုတော့ စက်မှုလက်မှု လုပ်ငန်း လုပ်မယ့်သူတွေပဲ လုပ်လို့ရတာပေါ့။ အခုက စီးပွားရေးဇုန်လုပ်မှာဆိုတော့ တခြားစီးပွားရေးလုပ်မယ့်သူတွေလည်း အများကြီးတိုးလာ နိုင်တယ်” ဟု ဝန်ကြီး ဦးစောကြည်လင်းက ပြောသည်။

ယင်းကဲ့သို့ စက်မှုဇုန်မှ စီးပွားရေးဇုန်အဖြစ် ပြောင်းလဲခွင့်ပြုခဲ့သည့်အတွက် ဒေသတွင်းသို့ ပြည်ပရင်းနှီးမြှုပ်နှံများရရှိခြင်း၊ ပြည်တွင်းမှ အချောထည်များအား ပြည်ပသို့ တင်ပို့ခွင့်ရရှိခြင်း၊ နည်းပညာသစ်များ ရရှိခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။

”စီးပွားရေးဇုန်ဖော်တာ ကောင်းတယ်လို့ မြင်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်း အများကြီးရှိဖို့လည်း မျှော်လင့်တယ်။ အခု ကရင်ပြည်နယ် မှာရှိတဲ့ ဒေသခံအများစုက နယ်စပ်ကနေတစ်ဆင့် တစ်ဖက်နိုင်ငံကိုထွက်ပြီး အလုပ်လုပ်နေကြရတယ်” ဟု ကရင်ပြည်နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

ယင်းအပြင် ကရင်ပြည်နယ်တွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများစွာ ရှိသော်လည်း လာရောက်
ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များအနေဖြင့် စိုးရိမ်စရာအခြေအနေမရှိကြောင်း ၎င်းဒသခံတို့က ပြောသည်။

Credit: The Trade Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ERC Luxury Condo
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service