ဟောလိဝုဒ်အကျော်အမော်အချို့ရဲ့ နေအိမ်များသို့ အလည်တစ်ခေါက်

ဟောလိဝုဒ်အကျော်အမော်အချို့ရဲ့ နေအိမ်များသို့ အလည်တစ်ခေါက် - Property News in Myanmar from iMyanmarHouse.com
14 Aug 2015 10:38 am တွင် တင်ခဲ့သည်
1274 ကြိမ် ကြည့်ရှု့ပြီး
မက်ဒေါနား၊ တိုင်လာပယ်ရီ၊ ဂျက်ဖ်ဘရစ်ဂ်ျနဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ရော်ဘင်ဝီလျံတို့နေထိုင်ခဲ့တဲ့ သို့မဟုတ် လက်ရှိလက်ဝယ်ပိုင်ဆိုင်ထားဆဲ နေအိမ်တွေကို ရှုစားကြည့်ကြရအောင်လား ခင်ဗျာ။

အနုပညာရှင်တစ်ယောက်လို နေထိုင်ချင်ပါသလား။
အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၉ သန်းကနေ ၂၉ ဒသမ ၅ သန်းအကြားရှိရင်တော့ ဟောလိဝုဒ်နာမည်ကျော်
တစ်ယောက်ယောက် ပြန်ရောင်းတဲ့ အိမ်ကို သင့်စိတ်ကူးအိပ်မက်ထဲကအတိုင်း ပိုင်ဆိုင်နိုင်ပါပြီ။

ဒီလိုမှမဟုတ်ရင်လည်း စိတ်မပျက်ပါနဲ့။ အနည်းဆုံးတော့ အခုလိုမျိုး သူတို့ရဲ့အိမ်တွေ ဘယ်လိုပုံစံမျိုးလဲဆိုတာကို သင့်အနေနဲ့ ဒီဆောင်းပါးကနေတစ်ဆင့် ကြည့်ရှုနိုင်ပါတယ်။
အခုဆောင်းပါးမှာကတော့ မက်ဒေါနား၊ တိုင်လာပယ်ရီ၊ ဂျက်ဖ်ဘရစ်ဂ်ျနဲ့ ရော်ဘင်ဝီလျံတို့ လက်ရှိ ဒါမှမဟုတ် အရင်က နေထိုင်ခဲ့တဲ့ နေအိမ်တွေကို တစ်စေ့တစ်စောင်းဖော်ပြသွားမှာဖြစ်ပါတယ်။

-ကယ်လီဖိုးနီးယားပြည်နယ် ဘီဗာလီဟေးလ်ရှိ မက်ဒေါနားရဲ့အိမ်
-တန်ဖိုးအမေရိကန်ဒေါ်လာ ၂၇ ဒသမ ၉ သန်း
မက်ဒေါနားဟာ ဗြိတိန်ဒါရိုက်တာ Guy Ritchie ကို လက်ထပ်စဉ်၂၀၀၃ခုနှစ်တုန်းက လော့အိန်ဂျလိစ်ကောင်တီ အနောက်ပိုင်း Sunset Boulevard လမ်းရှိ စတုရန်းပေ ၅၈၀၀ အကျယ်ရှိ နေအိမ်ကို အမေရိကန်ဒေါ်လာ ၁၂ သန်းနဲ့ ၀ယ်ယူခဲ့ပါတယ်။အဲ့ဒီအိမ်ကို မက်ဒေါနားက ၂၀၁၂ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၂၈ သန်းနဲ့ ဈေးခေါ်ခဲ့ပေမယ့် ၂၀၁၃ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၅ သန်းနဲ့ ရောင်းချခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီအိမ်မှာ အိပ်ခန်း ၉ ခန်း၊ ရေချိုးခန်း ၁၅ ခန်း၊ ဧည့်ခန်းနှစ်ခန်း၊ နှစ်ထပ်ထမင်းစားခန်းနဲ့ နောက်ထပ်ထမင်းစားခန်းတစ်ခန်း အပြင် အိမ်တွင်းရုပ်ရှင်ရုံငယ်တစ်ခုတို့ ပါဝင်ပါတယ်။ ခြံတံခါးဝနဲ့ အိမ်နဲ့ ပေ ၅၀၀ ကွာဝေးပြီး ၁ ဒသမ၁၄ဧကကျယ်ဝန်းတဲ့မြေပေါ်မှာတည်ဆောက်ထား
တာဖြစ်ပါတယ်။ဧည့်သည်ဆောင်နှစ်ဆောင်နဲ့ ကြီးမားတဲ့ရေကန်အပြင် တင်းနစ်ကွင်းတစ်ခုလည်း ရှိတယ်လို့ သိရပါတယ်။

-တိုင်လာပယ်ရီ၊ အတ္တလန္တာ
-အမေရိကန်ဒေါ်လာ ၂၅ သန်း
လူရွှင်တော်၊မင်းသား၊ဒါရိုက်တာနဲ့ ပြဇာတ်ဇာတ်ညွှန်းရေးသားသူ တိုင်လာပယ်ရီ လွတ်လွတ်လပ်လပ်နေထိုင်နိုင်တဲ့ Buckhead ရပ်ကွက်ထဲက စတုရန်းပေ ၃၄၆၆၈ ရှိ နေအိမ်ပဲဖြစ်ပါတယ်။ ဒီအိမ်မှာဆိုရင် အသေးစိတ်အလှဆင်ထားပြီး ကြီးမားကျယ်ပြန့်တဲ့ မီးဖိုချောင်ရှိပါတယ်။ ချတ်တာဟူးချီးမြစ်တစ်လျှောက် ၁၇ ဧက မြေပေါ်မှာ တည်ရှိတာဖြစ်ပါတယ်။
ဂီတအခန်းတစ်ခန်း၊ နှစ်ထပ်စာကြည့်တိုက်နဲ့ သားရေတွေနဲ့ အလှဆင်ထားတဲ့ ဧည့်ခန်းတစ်ခန်းတို့လည်း ပါဝင်ပါတယ်။ အလင်းရောင်ပေးထားတဲ့တင်းနစ်ကွင်းတစ်ခုရဲ့ အောက်မှာလည်း မြေအောက် အကခန်းမတစ်ခုလည်း ရှိပါသေးတယ်။
အထူးခြားဆုံးကတော့ ဒီအိမ်ရဲ့လုံခြုံရေးစနစ်ဟာ သမ္မတအိမ်တော်အဆင့်ရှိတယ်လို့ သိရပါတယ်။

-ဂျက်ဖ်ဘရစ်ဂ်ျ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ မွန်တီစိုင်တို
-အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၅ သန်း
ဖျော်ဖြေတင်ဆက်သူ ကင်နီလော့အင်အတွက် မူလက ရည်ရွယ်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒီ villa ကနေမှတစ်ဆင့် တောင်ထိပ်ကျေးရွာလေးတွေ ပေါ်ပေါက်လာတာပဲဖြစ်ပါတယ်။ ဆယ်စုနှစ်နဲ့ချီ သက်တမ်းအိုမင်းနေတဲ့တံတားတွေနဲ့
ရှေးဟောင်းကျောက်တုံးမီးခတ်ရာနေရာတို့ကို ခုထိ သုံးနေသေးတာတွေက ရှေးခေတ်ကမ္ဘာ့အိမ်အဖြစ် သွတ်သွင်းခံရစေပါတယ်။

-ရော်ဘင်ဝီလျံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ နာပါဗယ်လီ
-တန်ဖိုးအမေရိကန်ဒေါ်လာ ၂၂ ဒသမ ၉ သန်း
၂၀၁၄ ခုနှစ် သြဂုတ်လက ကွယ်လွန်ခဲ့တဲ့ စွယ်စုံရ၀ါရင့်အနုပညာရှင် ၀ီလျံပိုင်ဆိုင်ခဲ့တဲ့ ဒီ Villa Sorriso အိမ်ကို နာပါဗယ်လီရဲ့ သရဖူလိုရတနာ လို့ပင် တင်စားခေါ်ဝေါ်ကြတာပါ။
နာပါဗယ်လီနဲ့ ဆိုနိုမာဗယ်လီကြားရှိ မာယာကာမာတောင်ထိပ်မှာ တည်ရှိတဲ့ စိုက်ပျိုးမွေးမြူရေးခြံလိုမျိုး ဒီအိမ်မြေနေရာဟာ ၆၃၉ ဧကကျယ်ဝန်းပြီး ၁၈ ဒသမ ၄ ဧကက စပျစ်ခြံတွေပဲ ဖြစ်ပါတယ်။ တောင်ထိပ်မှာရှိလို့ လှပတဲ့ ရှုခင်းရှုကွက်တွေကို မြင်ရမှာ ဖြစ်ပြီး အိမ်အတွင်းမှာလည်း ပလာစတာနံရံတွေ၊ ရွှေသစ်ရွက်လေးတွေနဲ့ အလှဆင်ထားပြီး သဘာဝအတိုင်းစိမ်းစိုတဲ့ စာကြည့်တိုက်မျက်နှာကျက်တွေ ပါရှိပါတယ်။ စိတ်ကြိုက်အလှဆင်နိုင်တဲ့ မြက်ခင်းနဲ့ ဥယျာဉ်တွေအပြင် ၆၅ ပေကျယ်ဝန်းတဲ့ ရေကူးကန်နဲ့စပါးပြုလုပ်ဖို့တို့သာမက အတွင်းရောအပြင်ရောအပန်းဖြေအနားယူလို့ကောင်းတဲ့ နေရာတစ်နေရာဖြစ်အောင် အထူးဖန်တီးထားတဲ့ အိမ်ပဲဖြစ်တယ်လို့ သိရပါတယ်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team ဘာသာပြန်သည်။)
ဟောလိဝုဒ်အကျော်အမော်အချို့ရဲ့ နေအိမ်များသို့ အလည်တစ်ခေါက် - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်အကျော်အမော်အချို့ရဲ့ နေအိမ်များသို့ အလည်တစ်ခေါက် - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်အကျော်အမော်အချို့ရဲ့ နေအိမ်များသို့ အလည်တစ်ခေါက် - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်အကျော်အမော်အချို့ရဲ့ နေအိမ်များသို့ အလည်တစ်ခေါက် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
Magical World Apartment
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service