ပလက်ဝမြို့တွင် နိုင်ငံခြားသားခရီးသွားလာခွင့်ရရှိရန် မြို့ သစ် ဧရိယာ ဧက နှစ်ထောင်ခန့်  တိုးချဲ့မည်

ပလက်ဝမြို့တွင် နိုင်ငံခြားသားခရီးသွားလာခွင့်ရရှိရန် မြို့ သစ် ဧရိယာ ဧက နှစ်ထောင်ခန့်  တိုးချဲ့မည် - Property News in Myanmar from iMyanmarHouse.com
14 Jul 2015 9:57 am တွင် တင်ခဲ့သည်
1097 ကြိမ် ကြည့်ရှု့ပြီး
ပလက်ဝမြို့တွင် နိုင်ငံခြားသားခရီးသွားလာခွင့်ရရှိရန်နှင့် မြို့ဖွံ့ဖြိုးတိုးတက်ရန်အတွက် မြို့သစ်ဧရိယာ
တိုးချဲ့ခြင်းစီမံကိန်းအကောင်အထည်ဖော်လုပ်ဆောင်မည်
ဖြစ်ကြောင်းချင်းပြည်နယ်သစ်တော နှင့်သတ္တုရေးရာဝန်ကြီး ဦးကျော်ငြိမ်း က ဆိုသည်။

လက်ရှိတွင် ပလက်ဝမြို့သို့နိုင်ငံခြားသား ခရီးသွားလာခွင့်
ကန့်သတ်ထားပြီး ပြည်တွင်းခရီးသွားများသာ သွားလာခွင့်ပေးထားကြောင်းနှင့် ထိုကဲ့သို့ နိုင်ငံခြားသား
ခရီးသွားဝင်ရောက်ခွင့် တားမြစ်ထားခြင်းမှာ လုံခြုံရေးအပိုင်း လိုအပ်ချက်ရှိခြင်း၊ တည်းခိုရန်အတွက်
အဆင့်မြင့် ဟိုတယ်များမရှိခြင်း၊ ကျန်းမာရေးအတွက် လုံလောက်မှုမရှိခြင်းနှင့် ဆက်သွယ်ရေးနည်းပညာ
အဆင်ပြေမှုမရှိ ခြင်း စသည့်အချက်တို့ကြောင့် တားမြစ်ထားခြင်းဖြစ်ကာလိုအပ်ချက်များကို ဒေသခံပြည်သူများ၊တာဝန်ရှိသူများအားလုံး ပူးပေါင်းပြီး လုပ်ဆောင်မည့်အပြင် မြို့သစ်ဧရိယာ ဧက ၂၀၀၀ ဝန်းကျင်
တိုးချဲ့ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

”ပလက်ဝမြို့ တိုးချဲ့ဖို့လုပ်နေတယ်။ မြို့သစ်လို့လဲပြောလို့ရတယ်။
အဲဒီမြို့သစ် အကောင်အထည်ဖော်တာနဲ့ နိုင်ငံခြားသား ခရီးသည်များ သွားလာခွင့်ရဖို့ အစိုးရကို တောင်းဆိုမယ်။
၂၀၁၅-၂၀၁၆ မှာ မြေညှိတာတွေ အပြီးလုပ်ဖို့ စီစဉ်ထားတယ်။

လမ်းတွေလဲဖောက်နေတယ်။
ဒါတွေ အကောင်အထည် ဖော်ပြီးရင်တော့ နိုင်ငံခြားသား ခရီးသွားလာခွင့်လဲ တောင်းဆိုမယ်။
အရင်ကလဲ တောင်းဆိုထားပေမယ့် လိုအပ်ချက်တွေရှိလို့ ဖွင့်မပေးတာ လို့သိရတယ်။

ဒါကြောင့် ကိုယ့်ဘက်ကလဲ
လိုအပ်ချက်တွေကို ပြီးမြောက်အောင် လုပ်ထားဖို့လိုတယ်”ဟု သစ်တောနှင့် သတ္တုရေးရာဝန်ကြီးက ဆက်လက်ဆိုသည်။

ပလက်ဝမြို့သို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်ဝင်ရောက် သွားလာခွင့်ပြုပါက ယင်းမြို့လည်း ပိုမိုဖွံ့ဖြိုးတိုးတက်မှု
ရှိလာမည့်အပြင် ဒေသခံတိုင်းရင်းသားများအတွက်လည်း စီးပွားရေးအခြေအနေများ ပိုမိုကောင်းမွန်လာ
နိုင်မည်ဖြစ်ကြောင်း သိရသည်။

၎င်းကိစ္စနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်မြတ်ကျော်က
”နိုင်ငံခြားသားခရီးသွားလာခွင့်ကန့်သတ်ထားတဲ့ နေရာဒေသတွေအကုန်လုံးကို ခရီးသွားလာခွင့်ပြုဖို့အတွက်ဆိုရင်
ကိုယ့်ဒေသကို ဖွံ့ဖြိုးအောင် အရင်ဆုံးလုပ်သင့်ပါတယ်။ ကိုယ့်ဒေသဖွံ့ဖြိုးပြီဆိုရင် ခရီးသွားလာခွင့်ရအောင် လုပ်ဆောင်နိုင်မှာပါ။ခရီးသွားကန့်သတ်ထားတာက အဲဒီနေရာက လမ်းပန်းဆက်သွယ်ရေးကောင်းရဲ့လား။ လုံခြုံရေးရောကောင်းရဲ့လား၊ဆေးရုံဆေးပေးခန်းရော လုံလောက်ရဲ့လား၊ နေဖို့၊စားဖို့၊တည်းဖို့ရောအဆင်ပြေရဲ့လား။ စတဲ့အချက်တွေအများကြီးရှိတယ်။
အဲဒါတွေအဆင်ပြေရင် ခရီးသွားလာခွင့်ကလဲ သူ့အလိုလိုဖြစ်လာမှာပါ။ ဘယ်နေရာ ဘယ်ဒေသပဲဖြစ်ဖြစ် ကိုယ့်ဒေသကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်စေချင်ပါ တယ်။ ခရီးစဉ်အခက်အခဲမရှိဘူးဆိုရင် အနှေးနဲ့အမြန် ခရီးသွားလာခွင့်ရလာကြမယ်လို့ထင်ပါတယ်”ဟု
သုံးသပ်ပြောဆိုသည်။

Credit: Democracy today

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ERC Luxury Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service