ရန်ကုန်မြို့တော်စည်ပင်၏ အစီအစဉ်ဖြင့် ရွှေပြည်သာမြို့နယ်တွင် အခန်း ၁၀၀ ကျော်ပါဝင်မည့် အငှားအိမ်ရာ ဆောက်လုပ်နေ

ရန်ကုန်မြို့တော်စည်ပင်၏ အစီအစဉ်ဖြင့် ရွှေပြည်သာမြို့နယ်တွင် အခန်း ၁၀၀ ကျော်ပါဝင်မည့် အငှားအိမ်ရာ ဆောက်လုပ်နေ - Property News in Myanmar from iMyanmarHouse.com
6 Jul 2015 10:37 am တွင် တင်ခဲ့သည်
757 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်တွင် အခန်း ၁၀၀ ကျော် ပါဝင်မည့် အငှားအိမ်ရာ ဆောက်လုပ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ယင်းအငှားအိမ်ရာမှာ မူလက တန်ဖိုးနည်းအိမ်ရာအဖြစ် ဆောက်လုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် အိမ်ငှားခ မတတ်နိုင်သူများအတွက် ရည်ရွယ်၍ အငှားအိမ်ရာအဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအိမ်ရာသည် ရွှေပြည်သာမြို့နယ် စက်မှုလမ်းမကြီး အနီးတွင် တည်ရှိပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အစီအစဉ်ဖြင့် ဆောက်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အိမ်ရာတွင် ရှစ်ခန်းတွဲ လေးထပ်တိုက် လေးလုံးခန့် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“တန်ဖိုးနည်းအိမ်ရာပဲ။ ဒါပေမဲ့ မရောင်းဘဲ အိမ်မ၀ယ်နိုင်တဲ့ သူတွေကို အငှားအိမ်ရာ လုပ်ပေးဖို့ စီစဉ်နေပါတယ်။ ငှားရမ်းခ ဘယ်လိုငှားမယ်ဆိုတာ မသတ်မှတ်ရသေးဘူး” ဟု ရန်ကုန်မြို့တော် စည်ပင်သာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အလားတူ အိမ်ရာမ၀ယ်နိုင်သူများအတွက် ရည်ရွယ်သည့် အငှားအိမ်ရာ စီမံကိန်း တစ်ခုကိုလည်း ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆောက်လုပ်ရန် တင်ဒါခေါ်ယူထားကြောင်း သိရသည်။

အဆိုပါ အိမ်ရာတွင် အခန်းပေါင်း ၂၀၀၀ ခန့်ပါဝင်မည်ဖြစ်ပြီး ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် အမှတ် (၂) လမ်းမကြီးနှင့် မဟာဗန္ဓုလ လမ်းထောင့်ရှိ မြေ ၁၂ ဧကကျော်တွင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊ ယင်းအိမ်ရာစီမံကိန်း အကောင်အထည်ဖော်ရန်အတွက် ယခုဘဏ္ဍာနှစ်တွင် ပြည်ထောင်စု အစိုးရအဖွဲ့က ကျပ်ဘီလျံ ၂၀ ထောက်ပံ့ခဲ့ကြောင်း သိရသည်။

အိမ်ရာအား ငှားရမ်းမည့် စည်းမျဉ်းစည်းကမ်းများနှင့် မည်သည့်နှုန်းထားဖြင့် ငှားရမ်းပေးမည် ဆိုသည်ကို ညှိနှိုင်းနေကြောင်း၊ သို့သော် ငှားရမ်းနေထိုင်သူများ ၀န်ထုပ်ဝန်ပိုး မဖြစ်စေရန် တစ်လတစ်ခါ အိမ်ငှားခပေးသွင်းသည့် စနစ်ဖြင့် ငှားရမ်းပေးသွားမည်ဟု သိရသည်။

ရန်ကုန်မြို့တွင် တန်ဖိုးနည်း တန်ဖိုးမျှတအိမ်ရာ စီမံကိန်းများ အကောင်အထည် ဖော်ခဲ့သော်လည်း ဈေးနှုန်းမှာ ကျပ်သိန်း ၁၀၀ ကျော်၊ ၂၀၀ ကျော်၊ ၃၀၀ ကျော် ဖြစ်နေခြင်းကြောင့် အခြေခံ ပြည်သူများ ၀ယ်ယူနိုင်ခြင်း မရှိသေးသဖြင့် အငှားအိမ်ရာ သဘောမျိုး ငှားရမ်းပေးမှသာ အခြေခံပြည်သူများအတွက် အဆင်ပြေနိုင်မည်ဟု သုံးသပ်နေကြသည်။

Credit: ElevenMediaGroup

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service