ဈေးကွက်အနည်းငယ် ဦးမော့လာသည်။ ပြည်တွင်းအခွန်ဦးစီးဌာနမှ ၀ယ်ခွန်နှင့် ပတ်သက်၍ သက်သာခွင့်များပေးခဲ့ရာ
အရောင်းအ၀ယ် ပြန်ဖြစ်လာသည်။ အခွန်စည်းကြပ်မှု ဖိအားဖြင့် အိမ်ခြံမြေ ဈေးကွက်ကို ထိန်းချုပ်ရန်အစိုးရ၏ မူဝါဒသည်လက်တွေ့၌ အသုံးမ၀င်ဘဲ ဖြစ်သွားခဲ့သည်။ အခွန်တိုးမြှင့်ကောက်ခံခြင်းသည် အစိုးရဘဏ္ဍာငွေ တိုးမြင့်လာပြီးဈေးကွက်တည်ငြိမ်မှုလည်းရမည်ဟု သုံးသပ်ခဲ့ကြသည်။ သို့သော် အမှန်တကယ်တွင် အခွန်ဆောင်သူ နည်းသွားပြီးအခွန်ရှောင်သူ များလာ၍ အစိုးရဘဏ္ဍာငွေလည်းမရ၊ ဈေးကွက်လည်း ယိုယွင်းသွားခဲ့ရသည်။ အိမ်ခြံမြေ ဈေးကွက်သည်
စီးပွားရေးလုပ်ငန်းအားလုံး၏ အခြေခံအကျဆုံး မဏ္ဍိုင်တစ်ခု ဖြစ်သည်။
မုန့်ဟင်းခါးဆိုင်ဖွင့်လိုသူ နာရီဆိုင် ဖွင့်လိုသူ၊ စိန်ရွှေ ရတနာဆိုင်ဖွင့်လိုသူ၊ ကားအရောင်းပြခန်း ဖွင့်လိုသူ အားလုံးတို့သည်အိမ်ခြံမြေ တိုက်ခန်းမရှိဘဲ လုပ်ငန်းစတင်၍ မရနိုင်ပါ။ ထို့အတူ ကုမ္ပဏီလုပ်ငန်းအားလုံးသည်လည်း ရုံးခန်း၊ အလုပ်ခန်း မရှိ၍မဖြစ်နိုင်ပါ။ သွင်းကုန်ထုတ်ကုန်စီးပွားရေး၊၊ ၀န်ဆောင်မှုစီးပွားရေး၊ ခရီးသွားလုပ်ငန်း စီးပွားရေး စသဖြင့် စီးပွားရေး အမျိုးအစား
အားလုံး၏ ဗဟိုချက်မသည် အိမ်ခြံမြေ ဈေးကွက်အပေါ် အခြေခံပါသည်။ သာမန် မြေညီထပ် တိုက်ခန်း တစ်ခုသည်
ဈေးနှုန်းမြင့်မားနေပါက ၎င်းနေရာတွင် ဖွင့်လှစ်ရောင်းချသော မုန့်ဟင်းခါးတစ်ပွဲ၏ ဈေးနှုန်းမှာလည်း မြင့်မားနေမှာ သေချာသည်။
သို့ဖြစ်၍ အိမ်ခြံမြေဈေးကွက် ကမောက်ကမမဖြစ်ပဲ တည်ငြိမ်မှုရှိရှိ ရှင်သန်ဖွံ့ဖြိုးနေမှသာ အခြားစီးပွားရေး လုပ်ငန်းအားလုံးလိုက်ပါဖွံ့ဖြိုးနိုင်မည် ဖြစ်သည်။
သို့ဖြစ်၍ အိမ်ခြံမြေ ဈေးကွက်ကို ပေါ့ပေါ့ဆဆ ရှုမြင် သုံးသပ်၍ မူဝါဒများ မကြာခဏပြောင်းလဲကျင့်သုံးနေပါက ကမောက်ကမဈေးကွက်တစ်ခုသာ ပေါ်ထွန်းဖွယ်ရှိသည်။ကျွမ်းကျင်သူများနှင့် တိုင်ပင်ညှိုနှိုင်း၍ ဖိအားကို မသုံးဘဲ တွန်းအား၊ ဆွဲအားတို့ဖြင့်ဦးဆောင်သွားသင့်သည်။
အခွင့်အာဏာကို မသုံးဘဲ အိုင်ဒီယာပါဝါကို သုံး၍ အကောင်အထည်ဖော်သွားသင့်ပါသည်။
အိမ်ခြံမြေ အကြီးစား ၀ယ်လက်များသည် ပုဂ္ဂလိကပိုင် မြေကွက်များအား ၀ယ်ယူခြင်းကို စိတ်မ၀င်စားတော့ဘဲ ၀န်ကြီးဌာနပိုင်
နေရာကောင်း မြေကွက်များကို နှစ်ရှည်ငှားရမ်းခွင့် ရရှိရေးကိုသာ စိတ်ဝင်စားနေကြပါသည်။ ၎င်းအချက်ကြောင့်လည်းအိမ်ခြံမြေ ဈေးကွက်က အေးစက်သွားရခြင်း ဖြစ်သည်။ နေပြည်တော်ပြောင်းသွားသဖြင့် ပိုနေသော လွတ်နေသောရုံး၊ မြေကွက်၊များသည် ၂၀၁၄၊ ၂၀၁၅ ခုနှစ်အတွင်းပုဂ္ဂလိက လက်ဝယ်သို့ အမြောက်အမြား ရောက်ရှိသွားကြပါသည်။
ဝန်ကြီးဌာနအလိုက် မှတ်တမ်းပြုစု၍ ဆန်းစစ်မှု ပြုလုပ်ပါက ဈေးကွက် အခြေအနေကို ပို၍ ခန့်မှန်းတွက်ချက်နိုင်မည် ဖြစ်ပါသည်။
ဝန်ကြီးဌာန အသီးသီးတွင်ရှိနေသော ဌာနပိုင်မြေကွက်များသည် ၀န်ကြီးဌာနအသီးသီးတွင် ရှိနေသော ဌာနပိုင် မြေကွက်များသည်
ဝန်ကြီးနှင့် ရင်းနှီးသော ဆွေမျိုး၊ မိတ်ဆွေ အပေါင်းအသင်းများထံသို့ အဆိုပြုလျှောက်လွှာ ခေါင်းစုံပေါင်းစုံဖြင့် တင်ပြလျှောက်ထားပြီး
ရယူသွားကြပြီ ဖြစ်သည်။ အဆိုပါ လုပ်ငန်းများတွင် နိုင်ငံတော်အတွက် ရသင့် ရထိုက်သော အကျိုးအမြတ် ရ၊ မရ၊ ကိုယ်ကျိုးရလိုမှု ကင်း
မကင်းဆိုသော အချက်အလက်များကို ဆက်လက်စိစစ် သွားသင့်ပါသည်။ လက်ရှိ အိမ်ခြံမြေဈေးကွက် တုံ့ဆိုင်းအေးစက်သွားရခြင်းသည်
ဝယ်နိုင်အားရှိသူများက နိုင်ငံပိုင်၊ ပြည်သူပိုင်မြေကွက်များကို ချိုသာသော ဈေးနှုန်းဖြင့် နှစ်ရှည်ငှားရမ်းခွင့် လက်သိပ်ထိုး
ရရှိနေခြင်းကြောင့် ဖြစ်ကြောင်း သုံးသပ်ရရှိပါသည်။
Credit: Home&Service