လူပြောများသည့် အိမ်ခြံမြေအကြောင်းတရား

လူပြောများသည့် အိမ်ခြံမြေအကြောင်းတရား - Property News in Myanmar from iMyanmarHouse.com
15 May 2015 11:46 am တွင် တင်ခဲ့သည်
2471 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံ၌ ၂၀၁၁ ခုနှစ်တွင် အစိုးရအပြောင်းအလဲ၊ နိုင်ငံရေးအပြောင်းအလဲ၊ စီးပွားရေးမူဝါဒ အပြောင်းအလဲများဖြစ်ပေါ်လာပြီးနောက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုအများအပြား ၀င်ရောက်လာကာ စီးပွားရေးအခွင့်အလမ်းများ ဖွံ့ဖြိုးစပြုလာခဲ့သည်။

ဖွံ့ဖြိုးစပြုလာသော စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့်အတူ ပြည်တွင်း၌ လုပ်ခလစာနှုန်းထားများသည်လည်း ကဏ္ဍအလိုက်အထိုက်အလျောက်မြင့်တက်လာသည်။ လုပ်ခလစမြင့်တက်လာမှုနှင့်အတူ လောဘကြီးသည့် ကုန်သည်ကြီးများ၏ လှည့်ကွက်များကလည်း ကုန်စည်ဈေးနှုန်းကို မြင့်မားလာစေပြန်သည်။

ထိုအခါဝန်ထမ်းတို့အနေဖြင့် ကုန်ပစ္စည်းဈေးနှုန်းဝန်ကို ထမ်းလာရသည်။ ထို့နည်းတူစွာပင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ၊ ကျွမ်းကျင်လုပ်သားစီးဝင်မှုများ ပြည်တွင်းရှိ အကြောင်းအမျိုးမျိုးသော စီမံကိန်းများကြောင့် အိမ်ခြံမြေဈေးနှုန်းသည် ဖြစ်သင့်သည့်လိုအပ်မှုထက် ပိုမိုမြင့်တက်လာခဲ့သည်။

မြို့တွင်းဧရိယာ များဖြစ်သည့် ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗိုလ်တထောင် မြို့နယ်တို့၏ ဈေးနှုန်းများသည်တစ်ပေပတ်လည်လျှင် ထောင်ကျော်၊ သောင်းကျော်ဖြစ်လာပေသည်။ ယင်းကိစ္စကြောင့်ပင် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ၂၀၁၄ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှာ သက်ဆိုင်ရာနယ်မြေအလိုက် အိမ်ခြံမြေဈေးနှုန်းများကို ပုံသေ သတ်မှတ်ပေးလိုက်သည်။

သို့သော် အနည်းအကျဉ်းမျှသာ ထိန်းချုပ်နိုင်သည်။ လိုအပ်သည့်အနေအထားတစ်ခုဖြစ်မလာခဲ့ပေ။ ဒုံရင်းဒုံရင်းဟု ပြောရမလောက်အောင်ပင် ဖြစ်လာခဲ့သည်။ ပို၍ဆိုးလာသည်မှာ အိမ်ငှားဈေးနှုန်းပင်ဖြစ်သည်။ မြို့တွင်းမဆိုထားနှင့် လှိုင်သာယာလိုနေရာမျိုး၌ပင် ငါးလချုပ်ရမည်ဆိုသော အဖြစ်တို့ ရှိလာသည်။

သည်အခါ စားစရိတ်၊ နေစရိတ်၊ ၀တ်စရိတ်တို့တွင် နေစရိတ်ကိုသာ အဓိကအားထား၍ ဖြေရှင်းနိုင်ရန် ကြိုးစားရှာလာရလေသည်။ သည်ကိစ္စကို အတန်အသင့်ဖြေရှင်းနိုင်ရန်ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဒေါက်တာဒေါ်ညိုညိုသင်း၏ တန်ဖိုးနည်းအိမ်ရာဆောက်လုပ်ရန်နှင့် အငှားဝယ်စနစ် လုပ်ကိုင်ရန် အဆိုတင်သွင်းခဲ့ရာ အဆိုမှာရှုံးနိမ့်ခဲ့ရသည်။

ထို့နောက် မြို့ကွက်သစ်များတိုးချဲ့ဖော်ထုတ်ခြင်း စီမံကိန်း (National Housing Policy) နှင့် (Urban Development Policy) ရေးဆွဲပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးများနှင့် မြို့နယ်များတွင် ပြည်ထောင်စုအစိုးရမှ အိမ်ခန်းအရေအတွက် ၂၀၆၄၂ ခန်းနှင့် ဆက်လက်ဖော်ထုတ်ရန်လျာထားခဲ့ပြီး အိမ်ခန်းအရေအတွက် ၃၈၀၄၁ ခန်း၊ စုစုပေါင်း ၅၈၆၈၃ ခန်းဆောင်ရွက်ထားကြောင်း ၁၂ ကြိမ်မြောက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးစိုးတင့်က ပြောကြားခဲ့သည်။

သို့သော် ပြည်သူတို့၏ နေရေးတည်းဟူသော အခက်အခဲသည် တိုးမြဲတိုးလာနေပြီး အိမ်ခြံမြေဈေးနှုန်းနှင့် အိမ်ခြံမြေအကြောင်းတရားတို့မှာ လူပြောများသော ကိစ္စရပ်တစ်ခု ဖြစ်လာသည်။ ပြည်သူတို့ရရှိသော ၀င်ငွေနှင့် အလားအလာတို့ပေါ်မူတည်၍ တန်ဖိုးနည်းအိမ်ရာများဆောက်လုပ်ပေးလျှင် ရနိုင်သော်လည်း နိုင်ငံတော်အနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် လက်တွန့်နေခြင်း၊ ဘဏ်စနစ်ကောင်းစွာ မဖွံ့ဖြိုးသေးခြင်း၊ အစိုးရ၏ တာဝန်ခံရန် (သို့) ထိန်းညှိပေးရန် မရည်ရွယ်ထားခြင်းစသဖြင့်သော လိုအပ်ချက်များကြောင့် တန်ဖိုးနည်းအိမ်ရာနှင့် အငှားဝယ်စနစ်ဆိုသည်မှာ ပါးစပ်ရာဇ၀င်သာ ဖြစ်နေပေသည်။

ပြည်သူတို့အနေဖြင့် ရန်ကုန်မြို့တွင်းနေထိုင်ရန်ထက် ဝေးလျှင်ဝေးပါစေ အိမ်တစ်လုံးရဖို့ အရေးကြီးသည်ဟု ဆုံးဖြတ်ထားခြင်းကြောင့် ဘယ်နေရာတွင် အိမ်ခြံမြေဈေးနှုန်းကျဆင်းနေသည်ဟု ကြားလျှင် လိုက်စုံစမ်းတတ်ကြပေသည်။ ထို့အတူ ပွဲစားများနှင့် အိမ်ခြံမြေလက်ဝါးကြီးအုပ်သူတို့ကလည်း လိုက်တတ် ပြန်သေးသည်။
ယခုအချိန်တွင် အိမ်ခွန်နှင့် မြေခွန်တို့တင်းကျပ်လာမှုကြောင့် ကန်ထရိုက်တိုက်ဈေးကွက် ကျဆင်းလာခဲ့သည်။ အရောင်းအ၀ယ်သည်လည်း အေးလာသည်ဟုဆိုကြသည်။ သို့သော် တကယ်တမ်း လက်တွေ့တွင်မူ အငှားဈေးကွက်မှာလှုပ်ရှားမှုရှိနေဆဲပင်။

ဝင်ရောက်ထိန်းပေးမည့်သူမရှိချေ။ ပွဲစားတို့၏ လှည့်ကွက်များ၊ အိမ်ရှင်တို့၏ အလိုရမက်ကြီးမှုများက ရန်ကုန်မြို့နေ အခန်းပိုင်မရှိသော ပြည်သူတို့ခံစားနေရသည့် အကြောင်းတရားပင်။ စင်စစ်အားဖြင့်ဆိုလျှင် ရန်ကုန်တိုင်းအစိုးရကြီးအနေဖြင့် အိမ်ခြံမြေဈေးနှုန်းကို သတ်မှတ်ပေးသကဲ့သို့ အိမ်ငှားဈေးကွက်ကိုလည်း သတ်မှတ်ထိန်းချုပ်ပေးရန်လိုအပ်ပေသည်။

သို့မှသာ ၀န်ထမ်းတို့ရရှိသောလစငွေနှင့် အချိုးကျနိုင်ပေမည်။ ယင်းသို့မဟုတ်ပါက မည်မျှပင် ၀န်ထမ်းလစာတိုးနေပါစေ လောက်ငှဖူလုံသော ၀န်ထမ်းများထွက်ပေါ်မလာနိုင်ပေ။ အကျိုးဆက်ကို ပြန်ကြည့်လျှင် အထက်၌စာရေးသူတင်ပြခဲ့ပြီးသည့် ပြည်ပရင်းနှီးမြှုပ်နှံမှုဝင်ရောက်လာပြီး အလုပ်အကိုင် အခွင့်အလမ်းများစီးပွားရေး ပိုမိုရရှိလာသော်လည်း အိမ်ခြံမြေ ရောင်း၊ ၀ယ်။ ငှား ဈေးနှုန်းမျာျးကြာင့် အရာမထင်သောအကြေင်းတရားတစ်ခု၊ ဟန်သာရှိ၍ မာန်မရှိသောအဖြစ်တစ်ခုဖြစ်နေပေသည်။

ထို့ကြောင့်အစိုးရအနေဖြင့်လည်း ပြည်သူတို့၏ အကျိုးကိုကြည့်၍ တိုးပေးသော ၀န်ထမ်းလစာအလိုက်အခွန်လိုချင်လျှင်၊ အိမ်ခွန်၊ မြေခွန်တို့ကိုလိုချင်လျှင် အိမ်ရှင်နှင့် အိမ်ငှား၊ ပွဲစားနှင့် အိမ်ငှားတို့အကြား ထိန်းချုပ်ရန်လိုအပ်မှု၊ ရောင်းခြင်းဝယ်ခြင်းဆိုင်ရာ ထိန်းချုပ်ခြင်းဆိုသော အစိုးရ၏ ဥပဒေ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်း၊ စည်းကမ်းများကင်းမဲ့နေဦးမည်ဆိုပါက တန်ဖိုးနည်းအိမ်ရာ၊ အငှားဝယ်စနစ်၊ အရစ်ကျစနစ်ဆိုသည်တို့မှာ လူပြောများနေသည့် အကြောင်းတရားတစ်ခုသာ ဖြစ်နေဦးဖြစ်ပါကြောင်း။

မောင်တင်သန်း မှ iMyanmarHouse.com အိမ်ခြံမြေ မဂ္ဂဇင်းအတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
Emerald Bay Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service