မေလပထမပတ်တွင် ပြုလုပ်မည့် အိမ်ခြံမြေအရောင်း ပြပွဲ၌ ဆောက်လုပ်ရေးကုမ္ပဏီ များက ၎င်းတို့၏ ကွန်ဒိုတိုက်ခန်း များကို ဈေးလျှော့ရောင်းချမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မေလ ၁ ရက်မှ ၃ ရက်အထိ တပ်မတော်ခန်းမတွင် ပြုလုပ်မည့် အဆိုပါပြပွဲ၌ ဆောက်လုပ်ရေး ကုမ္ပဏီပေါင်း ၃၀ ကျော် လာ ရောက်ပြသရောင်းချမည်ဖြစ်ပြီး အများစုက တိုက်ခန်းကွန်ဒိုများကို အရစ်ကျစနစ်ဖြင့် ရောင်းချခြင်း၊ ဈေးလျှော့ရောင်းချခြင်းများ ပြု လုပ်မည်ဟု သတင်းရရှိသည်။
ထိုပြပွဲတွင် ရန်ကုန်၌ လက်ရှိ ဟောင်အင်းဂရီလာ ကုမ္ပဏီက တည်ဆောက်နေသော မြန်မာစင် တာ၊ Noble Twin Dragon က တည်ဆောက်သည့် ပြည်တာဝါ၊ Capital ကုမ္ပဏီက တည်ဆောက် သည့် Gems Garden ကွန်ဒိုမီနီ ယံအစရှိသော စီမံကိန်းကြီးများ အဓိကပါဝင်ပြသမည် ဖြစ်သည်။
‘‘အရောင်းအ၀ယ်တွေအလုပ်မဖြစ်တဲ့အချိန်၊
ဈေးတွေအေး နေတဲ့အချိန်မှာ ဒီလိုပြပွဲတွေကပဲ အရောင်းအ၀ယ်ဖြစ်ဖို့ မျှော်လင့်ရမှာ’’ဟု ဆောက်လုပ်ရေးလုပ် ငန်းရှင်တစ်ဦးက ဆိုသည်။
ပြပွဲတွင်မျက်မှောက်အိမ်ခြံ မြေဆောက်လုပ်ရေးလောကအခြေအနေများကို ပညာရှင်များ ဖြစ်သည့် ဒေါက်တာ အောင်ထွန်း သက်အပါအ၀င်လုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် ကျွမ်းကျင်သူ ၁၄ ဦးက သုံးရက်အတွင်း ဟောပြောပွဲများပြုလုပ်မည် ဖြစ်သည်။
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းများ၊ အဆင့်မြင့် အိမ်ရာများ ရောင်းချနေမှု၌ ရောင်းချရသည့် အခန်းအရေအတွက်ရာခိုင်နှုန်းမှာ တစ်နှစ်ထက်တစ်နှစ်တိုးတက်လာခြင်းမရှိဘဲ ယမန်နှစ်ကရောင်းချခဲ့ရသည့် အရေအတွက်၌ပင် ရပ်တန့်နေကြောင်း စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်ဖွင့်လှစ်ထားသည့် Rowse ဆောက် လုပ်ရေး ကုမ္ပဏီက စစ်တမ်း ကောက်ယူထားသည်။
ရပ်ကွက်အတွင်း ဆောက် လုပ်ရေးလုပ်ငန်းငယ်လေးများ ငွေကြေးမလည်ပတ်မှုကြောင့် ရပ် နားထားချိန်တွင် ရန်ကုန်၌ အရှိန်အဟုန်ဖြင့် တည်ဆောက်နေသည့် ဆောက်လုပ်ရေးလုပ်ငန်းကြီးများလည်း အရှိန်လျှော့ချဆောက်လုပ်နေပြီး အရောင်းအ၀ယ်ကျဆင်းနေကြောင်း ယင်းစစ်တမ်းတွင် ဖော်ပြထားသည်။
ယခု ပြပွဲတွင် ဈေးကစားမည့်သူများထက် အမှန်တကယ်နေထိုင်မည့်သူများသာ ၀ယ်ယူမည်ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်များက သုံးသပ်သည်။
Credit: 7daydaily