မြောက်ဦးမြို့ သျှစ် သောင်းပုထိုးတော်အနီးရှိ မင်းညီ မင်းသားသင်္ချိုင်းတွင်တည် ဆောက်ရန်စီစဉ်ခဲ့သည့် မြို့တော် ခန်းမကို ဒေသခံများ၏ကန့်ကွက် မှုကြောင့် ဆိုင်းငံ့ထားခဲ့ရာမှ ယခု အခါ ဒေသခံများအဆိုပြုတင်ပြ ခဲ့သည့် သင်္ဘောဆိပ်အနီး ကုန် သွယ်လယ်ယာကွင်းပြင်၌တည် ဆောက်ရန် အတည်ပြုကြောင်း သတင်းရရှိသည်။
မြောက်ဦးမြို့တော်ခန်းမ တည်ဆောက်ရန် ပြည်နယ်အစိုးရ က ရန်ပုံငွေကျပ်သိန်းနှစ်ထောင် ခွင့်ပြုထားပြီး ဒေသတွင်း ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် ဝတီရွှေမြေဆောက်လုပ်ရေး ကုမ္ပဏီက ၂၀၁၄ နိုဝင်ဘာ၌ တင်ဒါအောင်ထားခြင်းဖြစ်သည်။
သို့သော် တည်ဆောက်မည့် မြေနေရာမှာ မင်းညီမင်းသားများ ၏သင်္ချိုင်းဖြစ်နေသည့်အတွက် ဒေသခံများက ကန့်ကွက်ခဲ့ရာ ကန့်ကွက်သူများနှင့် ဒေသဌာန ဆိုင်ရာများက မြို့တော်ခန်းမ တည်ဆောက်မည့်မြေနေရာကို ထပ်မံရှာဖွေခဲ့ခြင်းဖြစ်သည်။
ယခုအခါ အောင်တပ်ရပ် ကွက် သင်္ဘောဆိပ်အနီးရှိ ကုန် သွယ်လယ်ယာကွင်းပြင်တွင် တည်ဆောက်ရန် အတည်ပြုခဲ့ကြပြီး ဒေသခံများကလည်း သဘောတူညီကြကြောင်း မြောက်ဦးမြို့ ရခိုင်လူမှုကွန်ရက်မှ ဦးမောင် ကျော်ဇောကပြောသည်။
လက်ရှိတည်ဆောက်မည့် မြောက်ဦးမြို့ မြို့တော်ခန်းမကို ရှေးဟောင်းယဉ်ကျေးမှုမြို့နှင့် ပိုမိုကိုက်ညီရန် ကျောက်စီ အ ဆောက်အုံအဖြစ် တည်ဆောက်ရန်ညှိနှိုင်းမှုများပြုလုပ်နေကြောင်းဝတီရွှေမြေဆောက်လုပ်ရေး ကုမ္ပဏီတာဝန်ခံ ဦးဘစောဖြူကပြောသည်။
မြို့တော်ခန်းမတည်ဆောက်ပြီးပါက အစည်းအဝေးများ၊ ညီလာခံများ၊အခမ်းအနားများ၊ ဟောပြောပွဲများ ပြုလုပ်နိုင်ရေး မြို့နေပြည်သူထံအပ်နှံရန် လိုအပ်မည်ဖြစ်ပြီး မြို့တော်ခန်းမကို ဌာနဆိုင်ရာတစ်ခုက တခြားနည်း ဖြင့်အသုံးပြုမည်ကို ဒေသခံများ ကစိုးရိမ်နေကြသည်။
Credit: 7 day daily