ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
“Twilight” ရုပ်ရှင်ဇာတ်လမ်းတွဲတွင် Bella Swan ၏ နေအိမ်အဖြစ် ထည့်သွင်းရိုက်ကူးခဲ့သော နေအိမ်မှာ အိမ်ငှားဝက်ဘ်ဆိုက်ဖြစ်သော Airbnb တွင် အငှားဈေးကွက်ဝင်နေသည်။
အမေရိကန်ပြည်၊ အော်ရီဂွန်ပြည်နယ်၊ St. Helens မြို့တွင် တည်ရှိပြီး ၁၉၃၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့သော အဖြူရောင်တစ်လုံးဖြစ်သည်။
Twilight saga ဇာတ်လမ်းတွဲတစ်ခုလုံးတွင် ရှက်တတ်သော အထက်တန်းကျောင်းသူလေး Bella Swan ၏ နေအိမ်အဖြစ် ရိုက်ကူးခဲ့သည်။
အပိုင်း ၄ ပိုင်းရှိသော Twilight ဇာတ်လမ်းတွဲတွင် ခရစ္စတင်း စတီးဝပ်မှာ Bella Swan အဖြစ်လည်းကောင်း၊ ရောဘတ် ပက်တင်ဆန်မှာ အသက် ၁၀၄ နှစ်ရှိသော သွေးစုပ်ဖုတ်ကောင် အက်ဒ်ဝါ့ ကူလန်အဖြစ် လည်းကောင်း ပါဝင်သရုပ်ဆောင်ခဲ့ကြသည်။
(▲ အော်ရီဂွန်ပြည်နယ်၊ St. Helens မြို့မှ ဆိတ်ငြိမ်သော ရပ်ကွက်တစ်ခုတွင် တည်ရှိသည်။ ဓာတ်ပုံ-Airbnb)
(▲ ၁၉၃၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့သောအိမ်ဖြစ်ပြီး Bella Swan ၏ အိမ်အဖြစ် ရုပ်ရှင်ထဲတွင် မကြာခဏ ပါဝင်ခဲ့ပြီး အနီရောင်ပစ်ကပ်ထရပ်တစ်စင်းလည်း ထည့်သွင်းရိုက်ကူးပြသခဲ့သည်။ ဓာတ်ပုံ-Summit Entertainment)
(▲ “Twilight” ရုပ်ရှင်ဇာတ်လမ်းများဖြင့် ရောဘတ်ပက်တင်ဆန်နှင့် ခရစ္စတင်း စတီးဝပ်တို့မှာ လျှမ်းလျှမ်းတောက် ကျော်ကြားသွားသည်။ ဓာတ်ပုံ-ANDREW COOPER)
“Twilight Swan House” ဟု အမည်ပေးထားသော နေအိမ်တွင် အိပ်ခန်း ၅ ခန်းပါဝင်ပြီး ဧည့်သည်တော် ၈ ဦးအထိ တည်းခိုနေထိုင်နိုင်ကြောင်း အငှားဈေးကွက်တင် ကြော်ငြာတွင် ဖော်ပြသည်။
Twilight Swan House ကို ငှားရမ်းတည်းခိုလိုသူများ ကြိတ်ကြိတ်တိုး များပြားနေခြင်းမှာ မြစ်ကမ်းစပ်တွင် တည်ရှိသောကြောင့်မဟုတ်သကဲ့သို့ Portland မြို့နှင့် နီးသောကြောင့်လည်း မဟုတ်ချေ။
Twilight ၏ အမာခံပရိသတ်များကြောင့် ဖြစ်သည်။
(▲ မီးဖိုဆောင်တွင် အစိမ်းရောင် နံရံကပ်ဘီရိုများနှင့် Twilight ရုပ်ရှင်ထဲတွင် အသုံးပြုခဲ့သော မူရင်း စားပွဲတို့ ရှိနေသည်။ ဓာတ်ပုံ- Airbnb)
(▲ နွေးထွေးသော ဧည့်ခန်း။ ဓာတ်ပုံ-Airbnb)
(▲ ယခုအိမ်ထဲတွင် ရိုက်ကူးခဲ့သော “Twilight: New Moon” ဇာတ်လမ်းအပိုင်းမှ ဇာတ်ဝင်ခန်းတစ်ခု။ ဓာတ်ပုံ-Everett Collection / Everett Col)
Twilight ရုပ်ရှင်ထဲတွင် Bella Swan သည် ယခုအိမ်ထဲတွင် ဖခင်ဖြစ်သူ ရဲအရာရှိ ချာလီနှင့် အတူနေထိုင်သည်။
ယခုအိမ်တွင် Twilight ရုပ်ရှင်ကို အမှတ်ရဖွယ်များ အတိပြီးနေသည်။ ငှားရမ်းတည်းခိုမည့် ဧည့်သည်တော်များအနေဖြင့် Bella Swan ၏ ဆယ်ကျော်သက်ဘဝ အိပ်ခန်းထဲတွင် အိပ်စက်နိုင်မည် ဖြစ်သည်။
ရုပ်ရှင်ထဲတွင် အက်ဒ်ဝပ် ကူလန် (ရောဘတ်ပက်တင်ဆန်) က အဆိုပါအိပ်ခန်းထဲသို့ ရောက်လာကာ Bella Swan အိပ်စက်နေပုံအား စောင့်ကြည့်ခဲ့ပုံ ရိုက်ကူးထားသည်။
(▲ ယခုအိမ်၏ မျက်စိပသာဒအရှိဆုံးမှာ Bella Swan ၏ အိပ်ခန်း ဖြစ်သည်။ ဓာတ်ပုံ- Airbnb)
(▲ “Twilight” ရုပ်ရှင်ထဲတွင် Bella Swan ကို ယခုအိမ်ထဲ၌ တွေ့ရပုံ။ ဓာတ်ပုံ-Summit Entertainment)
(▲ အိပ်ခန်းတစ်ခုထဲတွင် Bella Swan ၏ ရုပ်ပုံတစ်ခု ထားရှိထားသည်။ ဓာတ်ပုံ-Airbnb)
(▲ အောက်ထပ်တွင်ရှိသော “Jacob Black guest room” ၌ သရုပ်ဆောင် Taylor Lautner ၏ ရုပ်ပုံကို တွေ့ရမည် ဖြစ်သည်။ ဓာတ်ပုံ-Airbnb)
သို့သော် Twilight အမာခံပရိသတ်များအတွက် စိတ်မကောင်းစရာ သတင်းတစ်ခုရှိနေသည်။
ထိုသတင်းကား ယခုအိမ်မှာ ၂၀၂၇ ခုနှစ်၊ ဧပြီလအထိ ငှားရက်ပြည့်နေပြီး ယင်းနောက်ပိုင်း ကာလအတွက်သာ စာရင်းပေးနိုင်မည်ဟုဆိုသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: You can book Bella Swan’s ‘Twilight’ house on Airbnb — but there’s an annoying catch (nypost)
Photo Credit-Airbnb, Summit Entertainment, Everett Collection / Everett Col, ANDREW COOPER