အစိုးရတည်ဆောက်မည့် အိမ်ရာစီမံကိန်းများကိုသာ ငွေထုတ်ချေးမည်ဟုဆို

အစိုးရတည်ဆောက်မည့် အိမ်ရာစီမံကိန်းများကိုသာ ငွေထုတ်ချေးမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
2 Feb 2015 11:47 am တွင် တင်ခဲ့သည်
782 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်သည် အစိုးရ တည်ဆောက်မည့် အိမ်ရာစီမံကိန်းများကိုသာ ဘဏ်ချေးငွေထုတ်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ဘဏ်မှဒါရိုက်တာဦးဝင်း ဇော်က ပြောသည်။

ဝင်ငွေအလယ် အလတ်ရှိ သူများကို ၁၃ ကျပ် အတိုးနှုန်းဖြင့် စတင်ငွေချေးပေးရန် စီစဉ်ထားသည်။ အိမ်ရာဘဏ်ဖြစ်သောကြောင့် ငွေချေးခွင့်လိုင်စင်ကို ဗဟိုဘဏ်က ယင်းဘဏ်တစ်ခုတည်းကိုသာထုတ်ပေးထားကြောင်း ဦးဝင်းဇော်က ဆိုသည်။

လတ်တလောတွင် မြို့ရွာ နှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ တည်ဆောက်နေသော မန္တလေး မြရည်နန္ဒာအိမ်ရာစီမံကိန်း၊ ရန်ကုန် ရွှေလင်ဗန်းအိမ်ရာစီမံကိန်းတွင် ၀ယ်ယူလိုသူများအား ငွေချေးပေးမှုစတင်နေပြီဟု ဦးဝင်းဇော်ကရှင်းပြသည်။

တစ်နိုင်ငံလုံးတွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ တည် ဆောက်နေသည့် အိမ်ရာစီမံကိန်း များထဲမှ အခန်းပေါင်း လေး သောင်းကျော် ထွက်ပေါ်လာနိုင် ပြီး အဆိုပါ အခန်းများကို အရစ် ကျစနစ်ဖြင့် ၀ယ်ယူလိုသူများအ တွက် ၎င်းဘဏ်က ငွေချေးပေး နိုင်ရန် ပြင်ဆင်လျက်ရှိသည်။

နောက်ပိုင်းတွင် မိမိနေထိုင် သည့် အိမ်ကိုအကြီးစားပြင်ဆင် လိုသူများကိုလည်း ဘဏ်ချေးငွေ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်ငွေနည်း ပြည်သူများကို ငွေချေး၍ အိမ်ဝယ်ယူခွင့်ရရှိရန် လတ်တလောတွင် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ပြည်ပဘဏ်များနှင့် ဆွေးနွေးမှုများပြုလုပ်နေပြီး ချေးငွေရရှိပါက စတင်ချေးပေးနိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် နှစ်ကဘဏ်ကို ငွေချေးရန် လာရောက်တင်ပြသူ ရာဂဏန်းရှိခဲ့ပြီး နောက်ပိုင်းတွင် ငွေချေးရန် လာရောက်သူ ပိုမိုများ ပြားလာနိုင်ကြောင်း ဦးဝင်းဇော် က ခန့်မှန်းသည်။

အဆိုပါ ဘဏ်သည် လုပ် ငန်းနှစ်မျိုး လုပ်ဆောင်မည်ဖြစ်ပြီး အိမ်ရာတည်ဆောက်သူများ နှင့် အိမ်ရာဝယ်ယူလိုသူများအား ငွေချေးမှုများ ပြုလုပ်ပေးမည်ဖြစ်သည်။ အိမ်ရာဝယ်လိုသူများသို့ နှစ် ၃၀ အတွင်းငွေပေးချေနိုင်ရမည့်လစဉ်ပုံမှန်ဝင်ငွေရှိသူဖြစ်ရန် လိုအပ်မည် ဖြစ်သည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်ကို ရန်ကုန်မြို့ ရွှေတိဂုံဘုရာလမ်းပေါ်ရှိ ယခင် ဆောက်လုပ်ရေးဝန်ကြီးဌာန ရုံး ဟောင်းတွင် ပြီးခဲ့သည့် နှစ်ကုန် က စတင်ဖွင့်လှစ်ခဲ့ပြီး ဘဏ်ခွဲကိုရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနတွင် ဖွင့်လှစ်ထားသည်။

ထို့ပြင် ယခုနှစ်အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ မြို့အချို့၌ ဘဏ်ခွဲပေါင်း ဆယ်ခုထက်မနည်း ဖွင့်လှစ်ရန်ပြင်ဆင်ထားသည်။

Credit: 7day daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးနေ...

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျောင်းတက်ခဲ့ကာ အသက် ၂၅ နှစ်တွင် ဆေးတက္ကသိုလ်ကျောင်းသား ဖြစ်လာသော လူငယ်တစ်ဦးအကြောင်း...

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူရန်လျှောက်ထားန...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service