အနာဂတ်မှာ လူတို့နေရာထိုင်ခင်းနဲ့ပတ်သက်ပြီး ကုန်းမြေပေါ်တွေ မှာ အသေအကျအန တည်ဆောက်ထားတဲ့ အဆောက်အအုံတိုက် တာတွေမျိုးမဟုတ်ပဲ ကိုယ်နေချင်တဲ့ပတ်ဝန်းကျင်ကို ပြောင်းပြောင်း ပြီး နေလို့ရတဲ့ရွေ့လျားအဆောက်အအုံ၊ အိမ်ယာတွေ ထပ်မံပေါ် ပေါက်လာဖို့ အတွက် ကမ္ဘာ့အိမ်ယာတည်ဆောက်မှု ဒီဇိုင်းပညာရှင် အင်ဂျင်နီယာတွေက ခေါင်းချင်းဆိုင်စိတ်ကူးပုံဖော်လာခဲ့ကြပါပြီ။
ဥရောပ အလယ်ပိုင်းနဲ့ မြောက်ပိုင်းကြားမှာရှိတဲ့ ဘယ်လ်တစ် ပင် လယ်ပြင်ကို ဦးခေါင်းမှေးတင်ပြီး လက်လက်ဆတ်ဆတ် ပင်လယ် အငွေ့အသက်တွေကို ရိုက်ခတ်ခံစားနိုင်ဖို့ ဒီဇိုင်းဆွဲထားတဲ့ရွေ့ လျားစည်ပိုင်းဘီးလုံးအိမ်တွေပါ။
ပင်လယ်ပြင်မြက်ခင်းနားမှာ လှဲပေးထားတဲ့ ဆလင်ဒါပုံစံရှိ ဘီးလုံး အိမ်တွေမှာ ကြမ်းခင်းမြေညီထပ်၊ အလယ်ထပ်နဲ့ ခေါင်မိုးထပ်ဆို ပြီး သုံးထပ်ခွဲတည်ဆောက်ပေးထားကာ ရှုခင်းကြည့်ရှုနိုင်ဖို့နဲ့အလင်း ရောင်ကောင်းကောင်းဝင်နိုင်ဖို့အတွက် စည်ပိုင်းအလုံးပိတ်အခြမ်း မှာ မှန်ကပ်ဘောင်ပြတင်းတံခါးတွေ တင်ဆင်ပေးထားပါတယ်။
အတွင်းခန်းအပြင်အဆင်တွေ၊ ပရိဘောဂ အသုံးအဆောင် ပစ္စည်း တွေနဲ့လူနေခန်းတွေကို ခေတ်မီလှပသေသပ်တဲ့ ဖွဲ့စည်းမှုတွေနဲ့နေ ချင်စဖွယ်ဖွဲ့စည်း တည်ဆောက်ပေးထားတာပဲဖြစ်ပါတယ်။ ဘီးလုံး ပုံစံဒီဇိုင်းတည်ဆောက်ခြင်း ရည်ရွယ်ချက်က တစ်နေရာမှာ နေထိုင် ရတာ ငြီးငွေ့သွားတိုင်း အခြားနေရာကိုလှိမ့်ပြီး ပြောင်းရွှေ့သွား လိုက်ရုံပါပဲ။
Credit : iMyanmarHouse.com
(iMyanmarHouse.com Team မှ ဘာသာပြန်သည်။)