ကျူးကျော်မြေတစ်ကွက် ကျပ်သုံးသိန်းအထိ ဈေးပေါက်

ကျူးကျော်မြေတစ်ကွက် ကျပ်သုံးသိန်းအထိ ဈေးပေါက် - Property News in Myanmar from iMyanmarHouse.com
18 Dec 2014 11:31 am တွင် တင်ခဲ့သည်
1053 ကြိမ် ကြည့်ရှု့ပြီး
လှိုင်သာယာမြို့နယ်၊ ၀ါ ၀ါဝင်းကုမ္ပဏီပိုင်မြေနေရာနှင့် မြ စိမ်းရောင်အိမ်ရာစီမံကိန်းမြေနေ ရာများတွင် ၀င်ရောက်ကျူးကျော် ထားသည့် ကျူးကျော်မြေဈေး ကွက်သည် ၁၅ ပေပတ်လည်မြေ တစ်ကွက်လျှင် ကျပ်တစ်သိန်းမှ သုံးသိန်းထိ ပေါက်ဈေးရှိနေပြီး ပြန်လည်ရောင်းချမှုများရှိနေ ကြောင်းသတင်းရရှိသည်။

ဝါ၀ါဝင်းကုမ္ပဏီပိုင်မြေနေ ရာနှင့် မြစိမ်းရောင်အိမ်ရာစီမံ ကိန်းမြေနေရာများရှိ ကျူးကျော် တဲများသည် ဒီဇင်ဘာလဆန်းမှစ၍ ၀င်ရောက်မြေနေရာဦးကာ တဲထိုးခြင်းဖြစ်ပြီး လက်ရှိတွင် ကျူးကျော်တဲအလုံးရေ ၂,၀၀၀ ကျော်ရှိနေသည်။

ယင်းနေရာများတွင် ကနဦး ၀င်ရောက်မြေနေရာဦးသူများက နေစရာမရှိဖြစ်နေသူများထံ ပြန်လည်ရောင်းချရာ ၁၅ ပေ ပတ် လည်မြေတစ်ကွက်လျှင် ကျပ် တစ်သိန်းမှ သုံးသိန်းအထိ ပေါက် ဈေးရှိနေခြင်းဖြစ်သည်။‘‘ကျွန်မဒီမြေနေရာကို သုံး သိန်းနဲ့ဝယ်ထားတာ။ တဲကိုဖျက် ဆီးခံရပေမယ့် မတတ်နိုင်ဘူး။ ပြန်ဆောက်ရမှာပဲ။ အခု ဒီကျူး ကျော်မြေနေရာတွေမှာ မြေတစ် ကွက်ကို အနည်းဆုံးတစ်သိန်းက နေသုံးသိန်းအထိရှိတယ်။ မြေဦး ပြီးတော့ ပြန်ရောင်းတဲ့သူတွေက ပြန်ရောင်းနေတာ။ တိုင်ဝါးတစ် လုံးကို လေးထောင်ကျော်ရှိတယ်။ မြေနေရာရော တဲဖိုးရေအတွက် ပါဆိုမနည်းဘူးကုန်တယ်’’ဟု ၀ါဝါ၀င်းကုမ္ပဏီပိုင်မြေနေရာတွင် ကျူးကျော်မြေကွက်ဝယ်ယူနေ ထိုင်သော ဖြူးမြို့နယ်ဇာတိ ဒေါ်နုဝါက ပြောသည်။

လှိုင်သာယာမြို့နယ် အ တွင်းရှိ ကျူးကျော်တဲဝင်ရောက် တဲထိုးသူများမှာ ဧရာဝတီ တိုင်းဒေသကြီးမှ အများစုဖြစ်ပြီး နာဂစ်မုန်တိုင်းဒဏ်ကြောင့်ဘ၀ ပျက်ကာ အလုပ်ရရှိရန် ရန်ကုန်မြို့သို့တက်လာကြောင်း ၎င်းတို့ကဆိုသည်။ ရန်ကုန်မြို့တွင် စက်ရုံလုပ်သား၊ ပန်းရန်၊ ကျပန်းစသည့်လုပ်ငန်းများ လုပ်ကိုင်နေကြသည်။ သို့သော်ယခုအခါ စက်ရုံ၊အလုပ်ရုံများနှင့် အခြားအလုပ်စေခိုင်းသူများက ကျုးကျော်သမားများကို အလုပ်စေခိုင်းခြင်းမရှိတော့ကြောင်း ၎င်းတို့က ဆိုသည်။ လက်ရှိအချိန်တွင် လှိုင်သာယာမြို့နယ်အိမ်ခန်းငှား ခဈေးနှုန်းမှာ ကျပ်ခြောက်သောင်းအထိ မြင့်တက်နေပြီးအိမ်ရှင်က လူဦးရေ လေးဦးအထိသာ နေထိုင်ခွင့်ပြုထားသောကြောင့် ၎င်းတို့မှာ နေစရာမရှိ၍ ကျူးကျော်ဝင်ရောက်နေထိုင်ကြခြင်းဖြစ်သည်။

ဝါ၀ါဝင်း ကုမ္ပဏီပိုင်မြေနေ ရာနှင့် မြစိမ်းရောင်အိမ်ရာ စီမံ ကိန်း မြေနေရာများတွင် ၀င် ရောက်ကျူးကျော်သော ကျူး ကျော်တဲထိုးသူများသည် ကနဦး မြေနေရာဦးသူများထံမှ ၀ယ်ယူ၍ တဲထိုးသူများရှိသကဲ့သို့ ကိုယ်တိုင် မြေနေရာဦး၍ တဲထိုးသူများလည်းရှိကြောင်း ၎င်းတို့ကပြော သည်။

‘‘ညကတဲတွေ အဖျက်ခံ လိုက်ရတယ်။ ဒီတဲဆောက်တာ က တစ်သိန်းလောက်ကုန်တယ်။ ဒီမြေနေရာကလည်း တစ်သိန်း လေးသောင်းနဲ့ ၀ယ်ထားရတာ။ မြေနေရာမဦးရဲလို့ သူများဆီက ၀ယ်ထားတာ။ အခုတော့ တဲရော ဖျက်ဆီးခံရတယ်။ ကျွန်မတို့က တော့ ပြန်ဆောက်မယ်’’ဟု ဧရာ ၀တီတိုင်း၊ မော်ကျွန်းမြို့နယ်၊ အ ထက်မအူကုန်းကျေးရွာမှ ဒေါ်မြင့် ခိုင်ကပြောသည်။

‘‘ကျူးကျော်သမားတွေက မြေနေရာတွေဦးပြီး နေစရာမရှိ ဖြစ်နေတဲ့ ကျန်တဲ့ကျူးကျော်တွေ ကို ပြန်ရောင်းချနေတာက မနှစ် ကတည်းက လုပ်နေကြတာ။ မသိ တဲ့သူတွေက မြေနေရာဝယ်ကြ တာပေါ့။ ဖယ်ရှားခံရရင်လည်း ဆုံးတာပေါ့’’ဟု လှိုင်သာယာမြို့ နယ်၊ ရွှေလင်ပန်းစက်မှုဇုန်အနီး တွင် ကျူးကျော်နေထိုင်သော ဦးတင်ဝင်းက ပြောသည်။

ဝါ၀ါဝင်းကုမ္ပဏီပိုင်မြေနေ ရာနှင့် မြစိမ်းရောင်စီမံကိန်းမြေ နေရာများတွင် ကျူးကျော်တဲများ ၀င်ဆောက်သောကြောင့်အဆိုပါ ကုမ္ပဏီနှစ်ခုက လူများငှားရမ်း၍ ကျူးကျော်တဲများကို ဒီဇင်ဘာ ၁၅ရက်ညနှင့် ၁၆ရက်ညတို့တွင် ၀င်ရောက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ ယင်းသို့ ဖျက်ဆီးသော ကြောင့် ကျူးကျော်သမားများနှင့် ကုမ္ပဏီမှ ငှားရမ်းထားသူများ အပြန်အလှန်ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။ ဒီဇင်ဘာ ၁၆ ရက်ညတွင် နှစ်ဖက်ရုန်းရင်းဆန်ခတ်ဖြစ်ပွားရာမှ မီးရှို့မှုများဖြစ်ပွားသောကြောင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေနှင့် ရန်ကုန်တိုင်း နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး တင်ဝင်းတို့ လာ ရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ရန်ကုန်မြို့ လှိုင်သာယာမြို့ နယ်တွင်ပင် ကျူးကျော်တဲများ ၀င်ရောက်နေရာယူသည့်နေရာ ၁၀ခုထိရှိပြီး ကျူးကျော်တဲတစ် သောင်းကျော်ထိရှိသည်။

လှိုင်သာယာမြို့နယ် အ တွင်း ကျူးကျော်တဲများဝင်ရောက် ဆောက်လုပ်နေခြင်းနှင့် ပတ် သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးဦး ကျော်ငြိမ်းထံဆက်သွယ်မေးမြန်း ရာ ဆက်သွယ်၍ မရရှိခဲ့ပေ။

ယခုနှစ် ဇန်န၀ါရီအတွင်းပန်းလှိုင်တံတားအနီးနှင့် တွံတေးမြို့သို့သွားသောလမ်းဘေးရှိ ကျူးကျော်တဲငါးထောင်ကျော်နှင့် ရွှေလင်ပန်းစက်မှုဇုန် အနီးရှိ ကျူးကျော်တဲနှစ်ထောင်ကျော်ကို အာ ဏာပိုင်များက ဖယ်ရှားခဲ့သည်။ကျူးကျော်များကို ဖွံ့ဖြိုးဆဲ နိုင်ငံများတွင်အမျိုးအစား လေးမျိုးခွဲခြားလေ့ရှိသည်။ ပထမအမျိုးအစားမှာ အစစ်အမှန် ကျူး(Real Squatter)ဖြစ်ပြီး ဒုတိယ မှာကျူးမြေကို အရင်ရောက်ပြီးနောင်မှရောက်လာသူများကို ပြန်ငှားစားသည့်အိမ် ငှားကျူး(Landlord Squatter) ဖြစ်သည်။ တတိယအမျိုးအစားမှာ စီးပွားဖြစ်ကျူး(Professional Squatter)ဖြစ်ပြီး စတုတ္ထအမျိုးအစားသည် မင်းမဲ့စရိုက်ကျူး (Anar chistic Squatter) ဖြစ်သည်ဟု စာရေးဆရာမြင့်မိုရ်ဆွေ ရေးသားထားသည့် စီးပွားရေးမြို့တော်လော၊ ကျူးမြို့တော်လော ဆောင်းပါးတွင် ဖော်ပြထားသည်။

ပထမအမျိုးအစားသည် မြို့ ပြဒေသရှိ အလွန်ဆင်းရဲနွမ်းပါး သည့် မိသားစုများနှင့်အလုပ်အ ကိုင်အကြောင်းပြပြီး ကျေးလက်မှ မြို့ပြသို့ ပြောင်းရွှေ့ခိုဝင်လာသူများပါဝင်သည်။

ရန်ကုန်မြို့တွင်ရှိသော ကျူးကျော်နေထိုင်သူများမှာ ယခင်က ပထမအမျိုး အစားကျုးများသာအများစုဖြစ်နေရာမှ ၂၀၁၃နှစ်ဆန်းမှစပြီး စတုတ္ထအမျိုးအစား မင်းမဲ့စရိုက် ကျူးများနေရာအနှံ့တွင် အလုံးအရင်း မင်းမူ လာကြောင်း အဆိုပါဆောင်းပါး တွင်ဖော်ပြထားသည်။

Credit: 7 day daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
imyanmarmarket
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service