ဈေးကွက်ထဲက စကားသံ (၂)

ဈေးကွက်ထဲက စကားသံ (၂) - Property Knowledge in Myanmar from iMyanmarHouse.com
11 Dec 2014 1:22 pm တွင် တင်ခဲ့သည်
1857 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

အိမ်၊ခြံ၊မြေအငှားအပိုင်းကိုလေ့လာပါကသီတင်းကျွတ် မတိုင်မီကာလတွေကပင် အငှားကတော့ ပုံမှန် ကောင်းနေခဲ့တာတွေ့ရပါတယ်။ အခုအချိန်လည်းအငှားလေးတွေ ဖြစ်နေကြပြီးရှေ့ဆက်လည်း ဖြစ်ကြမည်ဟု
မျှော်လင့်ရပါတယ်။ အငှား ဖြစ်တယ် ကောင်းတယ်လို့ဆိုရာမှာတော့ ပုံမှန် လူအများစုတတ်နိုင်သောအိမ်၊ခြံ၊မြေတိုက်ခန်းတွေကိုအဓိကဆိုလိုခြင်းဖြစ်ပါတယ်။ လူအနည်းစုသာတတ်နိုင်သောတစ်လသိန်း (40) သိန်း(50) အထက်ပေးရသောအိမ်၊ခြံ၊မြေကွန်ဒို၊ တိုက်ခန်းအငှားတွေကတော့ အေးမြဲအေးစဲပါပဲ ဖြစ်ပါတယ်။ အေးစဲဆိုပေမယ့် တစ်ခါတစ်ရံတော့ လုပ်ငန်းသုံး၊ ရုံးသုံးနဲ့ နိုင်ငံခြားသားအငှားတွေကြောင့် ပွဲဖြစ်တာတော့ ရှိကြပါတယ်။

ထိုသို့ဈေးအမြင့် အငှားတွေ ပွဲဖြစ်ကြရင်တောင် လွန်ခဲ့သောတစ်နှစ်ကထက် ငှားခဈေးနှုန်းထက် (10) ရာခိုင်နှုန်းကနေ (25) ရာခိုင်နှုန်းလောက်ထိ ဈေးလျော့ကျသွားတယ်လို့လည်းသိရပါတယ်။ 2010 ခုနှစ်ကတည်းကအတက်အလွန်ကြမ်းခဲ့သောရန်ကုန်မြို့ အိမ်၊ခြံ၊မြေအငှားဈေးများမှာ ယခု 2014 ခုနှစ်အကုန်ပိုင်း၌ အတက်ရပ်၍အချို့ဆိုလျှင် အနည်းငယ်ပြန်ကျနေသည်ဟုပါ မှတ်ချက်ပေးကြပါတယ်။ ယခင်နှစ်က Fully Furnished တစ်လ USD 5500-6000 ရှိခဲ့သောရွှေဟင်္သာ Condo သည် ယခုအချိန်၌ USD 4500 ၀န်းကျင်သာ အငှားဖြစ်ကြပြီးYankin Centre Condo သည်လည်းယခင်နှစ်က Fully Furnished တစ်လ USD 2000 ကျော်အထိတက်ခဲ့သော်လည်းယခုအချိန်၌ USD 1600-1700 သာအငှားဖြစ်ကြပါတယ်။

လုံးချင်းအငှားဈေးကွက်တွင်လည်းဈေးလျှော့ခေါ်လာကြတာကိုတွေ့ရပါတယ်။ အလွန်လူကြိုက်များသောလမ်းမတန်း (လုပ်ငန်းကောင်း) နေရာတွေကလွဲလျှင် တော်တော်များများလုံးချင်းအငှားများမှာငှားလိုသူဈေးပေးနိုင်သူလိုသလောက် မရှိ၍ ဈေးလျှော့ခေါ်လာကြတာကိုတွေ့ရပါတယ်။ ယခင်နှစ်ကတစ်လ USD 8000 ငှားသောရွှေတောင်ကြားမှ 100’ ပတ်လည်ခြံ၊ အိမ်အကျယ် 6000 sqftဆိုလျှင် ယခုအချိန် USD 6000 နှင့် အငှားဖြစ်သွားတာကိုဥပမာတွေ့ရပါတယ်။

2010 ခုနှစ်ကစပြီးတိုင်းပြည်နိုင်ငံရေးပြောင်းလဲပြီး နိုင်ငံခြားကုမ္ပဏီအဖွဲ့အစည်းသံရုံးတွေ အ၀င်များလာပြီး ငှားရန်ရှိသောအိမ်၊ မြေ၊ လုံးချင်း၊ ကွန်ဒိုရှားပါးမှုကြောင့် ဈေးအတက်ကြမ်းခဲ့တာ 2013-2014 အစပိုင်းအထိဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာတော့ ကွန်ဒို၊ တိုက်ခန်းတွေကလည်းအဆောက်များလာပြီးလုံးချင်းအိမ်တွေလည်းဆောက်ကြ၊ ပြန်ပြင်ကြ လုပ်ပြီးတော့ ငှားလိုသောအိမ်ရှင်တွေကလည်းအလွန်များပြားလာပါတယ်။ Supply နှင့် Demand သဘောတရားအရငှားလိုသူအိမ်ငှား (Demand)က ပုံမှန်အတိုင်းရှိပြီးငှားလိုသူအိမ်ရှင် (Supply)က အလွန်များလာတော့ ဈေးကနည်းနည်းအေးပြီးအိမ်ငှားတွေအတွက် ရွေးချယ်စရာအခွင့်အရေးပိုရလာကြတာကိုတွေ့ရပါတယ်။

ဈေးအေးတယ်ဆိုပေမယ့်လည်း 2010 ခုနှစ်ဝန်းကျင်က ဈေးတွေထက်တော့ အများကြီးသာနေစဲပဲဖြစ်ပါတယ်။ အထူးသဖြင့် 2012-2013 အချိန်ကဈေးတွေထက်သာကျသွားတာပဲဖြစ်ပါတယ်။ လမ်းမတန်းဆိုင်ဖွင့် လုပ်ငန်းလုပ်ရန် အလွန်ကောင်းသောအချို့နေရာတွေကတော့
ဈေးအကျမရှိဘဲပုံမှန်အတိုင်း (သို့) နည်းနည်းတောင် အတက်ရှိနေပါသေးတယ်။ အိမ်ရှင်၊ အိမ်ငှားများအငှားဈေးကွက် အခြေအနေမှန်လေးကိုသိစေဖို့ ကြားသလောက် သိသလောက် တင်ပြလိုက်ရပါတယ်။

Credit: Myanmar Property News

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service