ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ဖ်သည် နွေကာလတွင် အချိန်ရတိုင်း သူ၏ချစ်သူ Travis Kelce နှင့်အတူ နေထိုင်ဖြတ်သန်းလျက်ရှိသည်။
အသက် ၃၅ နှစ်အရွယ် တေလာဆွစ်ဖ်သည် ၎င်းနှင့်ရွယ်တူဖြစ်သော Kelce နှင့် မတွဲမီကတည်းက လွတ်လပ်ရေးနေ့တွင် အကျော်အမော်များကို ဖိတ်ကြားကာ ပါတီပွဲကျင်းပလေ့ရှိသည်မှာ အများသိထားကြပြီး ဖြစ်သည်။
တေလာဆွစ်ဖ်သည် Rhody Island ရှိ စံအိမ်ကြီးကို ၂၀၁၃ ခုနှစ်တွင် ကန်ဒေါ်လာ ၁၇ ဒသမ ၇၅ သန်းဖြင့် ဝယ်ယူခဲ့ပြီး ထိုနှစ်ထဲတွင်ပင် ၎င်းနှင့်အနီးကပ်ဆုံး၊ အချစ်ခင်ဆုံးသူများကို ဖိတာ်ကားကာ လွတ်လပ်ရေးနေ့ ပါတီပွဲများ စတင်ကျင်းပလာခဲ့ခြင်း ဖြစ်သည်။
(တေလာဆွစ်ဖ်သည် ဇူလိုင်လ ၄ ရက်သို့ ရောက်တိုင်း Rhode Island ရှိ ကမ်းခြေစံအိမ်ကြီးတွင် ကမ္ဘာကျော် ကြယ်ပွင့်များ ဖိတ်ကြားကာ ပါတီပွဲများ ကျင်းပလေ့ရှိသည်။ ဓာတ်ပုံ-Realtor)
(တေလာဆွစ်ဖ်သည် Rhode Island စံအိမ်ကို ၂၀၁၃ ခုနှစ်တွင် ဝယ်ယူခဲ့ပြီး ချက်ချင်းဆိုသလိုပင် လွတ်လပ်ရေးနေ့အောင်ပွဲကျင်းပခဲ့သည်။ ဓာတ်ပုံ-taylorswift/instagram)
(တေလာဆွစ်ဖ်သည် နှစ်ပေါင်းများစွာကာလအတွင်း ယခုစံအိမ်တွင် အကျော်အမော် မိတ်ဆွေများစွာ ဖိတ်ကြားကာ ပွဲလမ်းများစွာ ကျင်းပခဲ့ရာ Gigi Hadid နှင့် Cara Delevingne တို့ အပါအဝင် ဖြစ်သည်။ ဓာတ်ပုံ- Instagram/Gigi Hadid)
Rhode Island ပြည်နယ်၊ Westerly မြို့ရှိ လူကုံထံ ရပ်ကွက်ဖြစ်သော Watch Hill အရပ်တွင် တေလာဆွစ်ဖ်၏ စံအိမ်ကြီးတည်ရှိပြီး အားလပ်ရက်စံအိမ်ဟု ဒေသတွင်းတွင် လူသိများသည်။
စံအိမ်အကျယ် စတုရန်းပေ ၁၁၀၀၀ ရှိပြီး အိပ်ခန်း ၇ ခန်းနှင့် ရေချိုးခန်း ၉ ခန်းပါသည်။ တေလာဆွစ်ဖ်သည် ယခုနှစ်အစပိုင်းကတည်းက စံအိမ်ကြီးကို ပြန်လည်မွမ်းမံမှုများ ပြုလုပ်နေပြီး အိပ်ခန်း ၁ ခန်းလည်း ထပ်တိုးဖြည့်စွက်ထားသည်။
(တေလာဆွစ်ဖ်သည် ၂၀၂၄ ခုနှစ်တွင် လွတ်လပ်ရေးနေ့အောင်ပွဲ မကျင်းပနိုင်ခဲ့။ သူ၏ Eras Tour အမည်ရှိ ကမ္ဘာလှည့်ဖျော်ဖြေပွဲကြောင့် ဖြစ်သည်။ ဓာတ်ပုံ-Erika Goldring/TAS24/Getty Images for TAS Rights Management)
(တေလာဆွစ်ဖ်၏ လွတ်လပ်ရေးနေ့အောင်ပွဲ။ ဓာတ်ပုံ-Instagram/Cara Delevingne)
(စံအိမ်ကြီးတွင် ကမ်းခြေနှင့် ထိစပ်မှု ပေ ၇၀၀ ပိုင်ဆိုင်ထားရာ အကျော်အမော်များအနေဖြင့် လွတ်လွတ်လပ်လပ် နေစာလှုံနိုင်မည် ဖြစ်သည်။ ဓာတ်ပုံ-Instagram/Taylor Swift)
(တေလာဆွစ်ဖ်၏ လွတ်လပ်ရေးနေ့အောင်ပွဲသို့ တက်ရောက်ခဲ့သော အကျော်အမော်များ။ ဓာတ်ပုံ -Instagram/Taylor Swift)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Taylor Swift’s Fourth of July Party Pad! Inside the Pop Star’s $18 Million Rhode Island Mansion Where She Hosts Iconic Independence Day Event Photo Credit- Erika Goldring/TAS24/Getty Images for TAS Rights Management, Instagram/Cara Delevingne, Instagram/Taylor Swift, Realtor.com, Instagram/Gigi Hadid