Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ

Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ - Property News in Myanmar from iMyanmarHouse.com
15 May 2025 11:16 am တွင် တင်ခဲ့သည်
542 ကြိမ် ကြည့်ရှု့ပြီး

ဟောလိဝုဒ်ကြယ်ပွင့် ဂျင်မ်ကာရေးက ကာလကြာရှည်ပိုင်ဆိုင်ခဲ့သည့် လော့စ်အိန်ဂျလိစံအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ထပ်မံ ဈေးလျှော့ပေးလာသည်။

လော့စ်အိန်ဂျလိမြို့ ၊ ဘရန့်ဝုဒ်အရပ်တွင် တည်ရှိပြီး ခြံဝန်းအကျယ် ၂ ဧကရှိသော စံအိမ်ကို ဂျင်မ်ကာရေးက ၂၀၂၃ ခုနှစ် အစောပိုင်းတွင် စတင်အရောင်းဈေးကွက်တင်ခဲ့သည်။

ယင်းနောက် အကြိမ်ကြိမ်ဈေးလျှော့ပေးခဲ့ပြီးနောက်ပိုင်း ထိုနှစ် ဒီဇင်ဘာတွင် ကန်ဒေါ်လာ ၁၉ ဒသမ ၇၅ သန်းဖြင့် ဈေးတည့်သွားသည်။

သို့သော် အရောင်းအဝယ်မဖြစ်ခဲ့ဘဲ ၂၀၂၄ ခုနှစ် ၊ ဖေဖော်ဝါရီလတွင် အရောင်းဈေးကွက်သို့ ပြန်ရောက်လာသည်။

ဂျင်မ်ကာရေး ယခုဈေးခေါ်ထားသည်မှာ ကန်ဒေါ်လာ ၁၈ ဒသမ ၇၅ သန်း ဖြစ်သည်။

ဂျင်မ်ကာရေး နောက်ဆုံးပါဝင်သရုပ်ဆောင်ထားသည်မှာ Sonic the Hedgehog 3 (2024) ရုပ်ရှင်ဇာတ်လမ်းတွဲဖြစ်ပြီး ကီနူးရိဗ်လည်း ပါဝင်သည်။

ဂျင်မ်ကာရေးသည် လော့စ်အိန်ဂျလိမြို့၊ ဘရန့်ဝုဒ်အရပ်၊ North Tigertail Canyon လမ်းရှိ နေအိမ်ကို ၁၉၉၄ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

နေအိမ်မှာ ယာတောအိမ်အသွင်ဖြင့် ၁၉၅၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး စတုရန်းပေ ၁၀၀၀၀ ကျယ်ဝန်းကာ အိပ်ခန်း ၅ ခန်းပါဝင်သည်။

ထို့အပြင် အာ့ထ်ဒက်ကို ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော ရုပ်ရှင်ကြည့်ခန်း၊ နေစာလှုံခန်း၊ ရေကူးကန်ဘေး deck နှင့် တဆက်တည်းရှိသော အမိုးပါသည့် နားနေဆောင်၊ ရေတံခွန်တို့ ပါဝင်သည်။

ပန်းဥယျာဉ်နေရာဆီသို့ လူသွားလမ်းလေးများဖြင့် ဆက်သွယ်ပေးထားပြီး လမ်းတစ်ခုမှာ ယောဂလေ့ကျင့်သည့် အဆောင်တစ်ခုဆီသို့ ရောက်သည်။

(▲ နေအိမ်အတွင်း အိပ်ခန်း ၅ ခန်းပါဝင်ပြီး ခြံအကျယ်မှာ ၂ ဧကခန့် ရှိသည်။ ဓာတ်ပုံ-Simon Berlyn for Sotheby’s International Realty) 

အရောင်းဈေးကွက်တင်ပေးသော Sotheby’s International Realty အိမ်ခြံမြေကုမ္ပဏီမှ Graham J.Larson ၏ ပြောပြချက်အရ ခြံဝန်းအတွင်း တင်းနစ်ကွင်းနှင့် ဧည့်ဂေဟာအိမ်တစ်လုံးလည်း ပါဝင်သည်ဟု ဆိုသည်။

ယခုနှစ် ဇန်နဝါရီလအတွင်း လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ်လောင်ကျွမ်းခဲ့ရာ ဂျင်မ်ကာရေး၏ အိမ်မှာ မီးသင့်ခဲ့ခြင်းမရှိသော်လည်း တောမီးမှာ ဘရန့်ဝုဒ်နှင့် Palisades တို့အကြားရှိ Mandeville Canyon အရပ်သို့ ဦးတည်ခဲ့ရာ ထိုဒေသတွင် နေထိုင်သူများ နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: (The five-bedroom home is located on a 2-acre lot. Simon Berlyn for Sotheby’s International Realty) MANSION GLOBAL

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service