အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယူနိုင်ကြောင်းကြေညာ၊ ရတနာသေတ္တာများ တည်ရှိသည့်နေရာများအကြောင်း စာအုပ်တစ်အုပ်ရေးသားကာ သဲလွန်စပေးထား

အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယူနိုင်ကြောင်းကြေညာ၊ ရတနာသေတ္တာများ တည်ရှိသည့်နေရာများအကြောင်း စာအုပ်တစ်အုပ်ရေးသားကာ သဲလွန်စပေးထား - Property Knowledge in Myanmar from iMyanmarHouse.com
29 Nov 2024 11:29 am တွင် တင်ခဲ့သည်
715 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

ဂျွန်ကောလင်းစ် ဘလက်သည် ရတနာသေတ္တာများ လိုက်လံရှာဖွေရန် တချိန်က အိပ်မက်မက်ခဲ့ဖူးသည်။

ယခုအခါ ၎င်းက အမေရိကန်ပြည်ထောင်စုတဝန်းတွင် ရတနာသေတ္တာကြီး ၅ လုံး ဝှက်ထားကာ မည်သူမဆို လိုက်လံရှာဖွေရယူနိုင်ကြောင်း ကြေညာခဲ့သည်။

ကောလင်းစ် ဘလက်သည် There’s Treasure Inside အမည်ဖြင့် စာအုပ်တစ်အုပ်ရေးသားထုတ်ဝေထားပြီး ရတနာသေတ္တာကြီးများရှိသည့်နေရာကို သဲလွန်စ ပေးထားသည်။

အဆိုပါစာအုပ်ကို Amazon တွင် ၃၄ ဒသမ ၉၇ ဒေါ်လာဖြင့် ဝယ်ယူနိုင်သည်ဟု သိရသည်။

ကောလင်းစ် ဘလက်သည် ယခင်က ဂီတသမားတစ်ဦးဖြစ်ပြီး နောင်အခါတွင် စီးပွားရေးသမားဖြစ်လာခဲ့ကာ အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အခြေချသည်။

၎င်းက Business Insider သတင်းဌာနသို့ ပြောသည်မှာ bitcoin တွင် အစောပိုင်းကာလများကတည်းက ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့သောကြောင့် ငွေကြေးချမ်းသာလာခဲ့ကြောင်း ပြောသည်။

ကောလင်းစ် ဘလက်သည် ကိုဗစ်ကပ်ဘေးကာလအတွင်း ရတနာသိုက်ဖန်တီးကာ အခြားသူများ ရှာဖွေရယူနိုင်စေမည့် အစီအစဉ်ကို စတင်ဖန်တီးခဲ့သည်။

(အမေရိကန်ပြည်တဝန်း ရတနာသေတ္တာကြီး ၅ လုံး ဖြန့်ကျက်ဝှက်ထားရာ ရတနာသေတ္တာများထဲတွင် ပါဝင်မည့် ရတနာများကို တွေ့ရပုံ။ ဓာတ်ပုံ-treasureinside.com)

 

(ရတနာသေတ္တာများထဲတွင် ရွှေထည်များနှင့် သမိုင်းဝင်ရှေးခေတ်လူ့အသုံးအဆောင်ပစ္စည်းများ ပါဝင်သည်။ ဓာတ်ပုံ-Instagram/ @joncollinsblack)

“သဲလွန်စတွေ အဖြေရှာဖို့အတွက် ပါရမီရှင်ဖြစ်ဖို့ မလိုပါဘူး။ ခက်ခဲလွန်းတဲ့ ဝှက်စာတွေ တစ်ခုမှ မပါပါဘူး။ သိလိုစိတ်၊ စိတ်ကူးစိတ်သန်းနဲ့ အသစ်တစ်ခုခုကို ကြိုးစားကြည့်လိုစိတ်သာရှိမယ်ဆိုရင် ကျွန်တော်ဖွက်ထားတဲ့ ရတနာသေတ္တာတွေကို ရှာတွေ့မှာ ဖြစ်ပါတယ်” ဟု ကောလင်းစ် ဘလက်က ပြောသည်။

ရတနာသေတ္တာများတွင် အမေရိကန်သမ္မတကတော်ဟောင်း ဂျက်ကလင်း အိုနာစစ်ပိုင်ဆိုင်ခဲ့သော စိန်နှင့် နီလာခြယ် ရင်ထိုး၊ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၄၀၀ ခန့်က လက်ရာ ရွှေသစ်ခက်သရဖူ၊ ပါဘလို ပီကာဆို ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ခဲ့သော ဒင်္ဂါးပြား၊ လကမ္ဘာမှ ရှားပါးနမူနာကျောက်တုံး အစရှိသည်တို့ အပါအဝင် တန်ဖိုးကြီး ရတနာများ၊ ရှားပါးပစ္စည်းများ ပါဝင်သည်ဟု ဆိုသည်။

ရတနာသေတ္တာများတွင် ကာလပေါက်ဈေး ဒေါ်လာ ၁၀၀,၀၀၀ ခန့် တန်ကြေးရှိသော Bitcoin တစ်ခုလည်း ပါဝင်ပြီး ရတနာသေတ္တာကို ရှာဖွေတွေ့ရှိချိန်တွင် ပိုမိုတန်ကြေးရှိနေဖွယ်ရှိသည်။

 

(ကောလင်းစ် ဘလက်သည် Bitcoin တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကာ ချမ်းသာလာသူဖြစ်ပြီး ရတနာသေတ္တာများ ဖွက်ထားရန် ကိုဗစ်ကာလတွင် အကြံရခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ- Instagram/ @joncollinsblack)

 

(ကောလင်းစ် ဘလက်က There’s Treasure Inside အမည်ဖြင့်စာအုပ်တစ်အုပ် ရေးသားထုတ်ဝေထားကာ ရတနာသေတ္တာများ၏ တည်နေရာသဲလွန်စ ပေးထားသည်။ ဓာတ်ပုံ- Instagram/ @joncollinsblack)

ရတနာသေတ္တာများ ဖွက်ထားသည့် နေရာမှာ လူသူမနီးသည့်ကျွန်းများအပါအဝင် အန္တရာယ်ရှိသည့်နေရာများတွင် မဟုတ်ကြောင်း၊ မြေကြီးထဲတွင် မြှုပ်ထားခြင်းမဟုတ်ဘဲ မြေပေါ်တွင်သာ ထားရှိခြင်းဖြစ်ကြောင်း ကောလင်းစ်က ပြောသည်။

ရတနာ သေတ္တာအားလုံးသည် အများပြည်သူတို့ အသုံးပြုသော လမ်းမကြီးနှင့် ၃ မိုင်ဝန်းကျင်အတွင်း တည်ရှိပြီး လူတစ်ဦးတစ်ယောက်ပိုင်သည့် ပုဂ္ဂလိကပိုင် နေအိမ်များတွင် မဟုတ်ကြောင်းလည်း ကောလင်းစ် ဘလက်က ပြောပြသည်။

“ကျွန်တော်ကိုယ်တိုင်က စွန့်စားလှုပ်ရှားရတဲ့ဘဝကို ဖြတ်သန်းခဲ့သူဖြစ်တာကြောင့် အခုရတနာရှာပွဲကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်”

 

(ရတနာသေတ္တာများကို မြေကြီးအောက်တွင် မြှုပ်နှံမထားဘဲ မြေပေါ်တွင်သာ ထားရှိထားကြောင်း ကောလင်းစ်ဘလက်က ပြောသည်။ ဓာတ်ပုံ- Instagram/ @joncollinsblack)

ကောလင်းစ်ဘလက်အပြင် အခြားသူဌေးကြီးတစ်ဦးကလည်း ရတနာသေတ္တာဝှက်ထားကာ ရှာဖွေတွေ့ရှိသူ ရယူစေခဲ့သည့်ဖြစ်ရပ် ရှိခဲ့ဖူးသည်။

၂၀၁၀ ပြည့်နှစ်အတွင်း နယူးမက္ကဆီကို ပြည်နယ်မှ အနုပညာပစ္စည်းများ အရောင်းအဝယ်လုပ်သော သူဌေးကြီး Forrest Fenn သည် ရွှေငွေကျောက်သံပတ္တမြားများ ထည့်သွင်းထားသည့် ရတနာသေတ္တာကြီးတစ်လုံးကို ရော့ကီးတောင်တန်းကြီးပေါ်တွင် သိုဝှက်ထားခဲ့ပြီး ကဗျာတစ်ပုဒ်ဖြင့် သဲလွန်စပေးခဲ့သည်။

ရတနာတို့၏ တန်ကြေးမှာ ဒေါ်လာ ၂ သန်းခန့်ရှိသည်ဟု ဆိုသည်။

အဆိုပါ ရတနာသိုက်ကို ကမ္ဘာတဝန်းမှ လူပေါင်း ၃ သိန်းကျော် လိုက်လံရှာဖွေခဲ့ကြပြီး ၃ ဦးသေဆုံးခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင်မူ ရတနာသေတ္တာကို တွေ့ရှိသူ ပေါ်ပေါက်လာပြီဖြစ်ကြောင်း Forrest Fenn က ထုတ်ပြန်ခဲ့သည်။ ထိုသို့ထုတ်ပြန်အပြီး လအနည်းငယ်ကြာတွင် Forrest Fenn ကွယ်လွန်သွားခဲ့ရာ ရတနာသိုက်ရှာဖွေသူများမှာ ရတနာသိုက် အမှန်တကယ်တွေ့ရှိသူ ပေါ်ပေါက်ခဲ့ခြင်း ရှိ၊ မရှိကို သံသယများစွာဖြင့် ကျန်ရစ်ခဲ့ကြသည်။

Forrest Fenn ၏ ရတနာသိုက်နှင့် သဲလွန်စကဗျာအကြောင်းကို ၂၀၂၀ ပြည့်နှစ်အတွင်း iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

(ဆက်စပ်သတင်း) လူထူးဆန်းသူဌေးကြီး ကွယ်လွန်ခြင်းနှင့် ရော့ကီးတောင်တန်းက ရတနာသိုက် ပဟေဠိ

https://www.imyanmarhouse.com/news/read/963408

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A man hid 5 boxes across the US with more than $2 million worth of treasure inside (businessinsider) Photo Credit- treasureinside.com, Instagram/ @joncollinsblack

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service