လူထူးဆန်းသူဌေးကြီးကွယ်လွန်ခြင်းနှင့် ရော့ကီးတောင်တန်းက ရတနာသိုက်ပဟေဠိ

လူထူးဆန်းသူဌေးကြီးကွယ်လွန်ခြင်းနှင့် ရော့ကီးတောင်တန်းက ရတနာသိုက်ပဟေဠိ - Property News in Myanmar from iMyanmarHouse.com
28 Sep 2020 12:44 pm တွင် တင်ခဲ့သည်
11787 ကြိမ် ကြည့်ရှု့ပြီး

[Unicode] အမေရိကန် စာရေးဆရာ၊ အနုပညာလက်ရာများ ရောင်းဝယ်သူ သန်းှကြွယ်သူဌေးကြီး ဖောရက်စ်ဖန်းသည် အမေရိကန်ပြည်ထောင်စု၊ နယူးမက္ကဆီကိုပြည်နယ်ရှိ သူ၏နေအိမ်တွင် ယခုလအစောပိုင်း စက်တင်ဘာ ၇ ရက်က ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၉၀ ရှိပြီ ဖြစ်သည်။

လူထူးဆန်းသူဌေးကြီး ဖောရက်စ်ဖန်း ကွယ်လွန်သွားပြီးနောက် ရော့ကီးတောင်တန်းတွင် မြှုပ်နှံထားခဲ့သော သူ၏ ရတနာသိုက်ကို လိုက်လံရှာဖွေနေကြသူ ရာပေါင်းများစွာမှာ မျှော်လင့်ချက်များ ပြိုပျက်ကာ စိတ်ပျက်ကျန်ရစ်ခဲ့ကြသည်။ ဖောရက်စ်သည် ရတနာများနှင့် စပ်လျဉ်းပြီး ရှင်းရှင်းလင်းလင်း မပြောသွားခဲ့ဟု ရတနာရှာဖွေသူတို့က ဆိုသည်။

(ရတနာသိုက် ဖြစ်တည်လာပုံ)

ဖောရက်စ်ဖန်းသည် ငယ်စဉ်က အမေရိကန်လေတပ်မှ တိုက်လေယာဉ်မှူးတစ်ဦးဖြစ်ပြီး ဗိုလ်မှူးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ဗီယက်နမ်စစ်ပွဲတွင် စစ်ဆင်တိုက်ခိုက်မှုများအတွက် ပျံသန်းမှုပေါင်း ၃၂၈ ကြိမ်အထိ မောင်းနှင်တာဝန်ထမ်းဆောင်ခဲ့သည်။

နောက်ပိုင်းတွင် လေတပ်မှ အငြိမ်းစားယူလိုက်ပြီး ရက်ဇ် အဲရိုးစမစ်ဆိုသူနှင့် ပူးပေါင်းကာ Arrowsmith-Fenn အမည်ရှိ အနုပညာပြခန်းတစ်ခု ဖွင့်လှစ်ခဲ့သည်။

အဆိုပါပြခန်းကို နောက်ပိုင်းတွင် Fenn Galleries ဟု အမည်ပြောင်းခဲ့ပြီး ဖောရက်စ်ဖန်းက ဇနီးဖြစ်သူ ပက်ဂီနှင့်အတူ စီမံလည်ပတ်ခဲ့သည်။

ပြခန်း၏ တည်နေရာမှာ နယူးမက္ကဆီကိုပြည်နယ်၊ ဆန်တာဖီမြို့တွင် တည်ရှိပြီး ဌာနေအမေရိကန်တိုင်းရင်းသားတို့၏ အနုပညာလက်ရာများ၊ ပန်းချီကားများ၊ ကြေးရုပ်များနှင့် အခြားအနုပညာလက်ရာများ ပြသရောင်းချသည်။

ရောင်းချသည့်လက်ရာများတွင် မိုဒီဂလီယာနီ၊ မိုနေး၊ ဒီဂက်စ်နှင့် အခြားသော ပန်းချီကျော်တို့၏ လက်ရာများကို ပုံတူအတုပြုလုပ်ထားသည်များလည်း ပါဝင်သည်။ ပြခန်း၏ ရောင်းအားမှာ တစ်နှစ်လျှင် ကန်ဒေါ်လာ ၆ သန်းဖိုးခန့်ရှိသည်ဟု ဆိုသည်။

၁၉၈၈ ခုနှစ်တွင်ကား ဖောရက်စ်ဖန်းတွင် ကင်ဆာရောဂါဖြစ်ပွားနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ရောဂါကျွမ်းနေပြီဟုလည်း ဆိုခဲ့ကြသည်။

ထိုအချိန်တွင် ဖောရက်စ်က သူပိုင်ဆိုင်ထားသည့် ရတနာအချို့ကို တစ်နေရာတွင် မြှုပ်နှံကာ လူအများလိုက်လံရှာဖွေနိုင်ကြစေရန် စီစဉ်ခဲ့၏။ ရတနာသိုက်နေရာကိုလည်း သူ၏နောက်ဆုံးခေါင်းချရာနေရာအဖြစ် ဖောရက်စ်က ကြံရွယ်ထားခဲ့သည်။ ရတနာများကို မြှုပ်နှံထားခဲ့ပြီးနောက် ဖောရက်စ်ကား ဆရာဝန်တို့ခန့်မှန်းသည့်အတိုင်း မသေဆုံးဘဲ ၂၀၁၀ ပြည့်နှစ်တွင် ကင်ဆာဝေဒနာ ပျောက်ကင်းသွားခဲ့သည်။

ထိုသို့ပျောက်ကင်းသွားပြီးနောက် ဖောရက်စ်က The Thrill of the Chase အမည်ဖြင့် ဝတ္ထုတိုပေါင်းချုပ်ကို ပုံနှိပ်ထုတ်ဝေခဲ့သည်။

ထိုဝတ္ထုတိုပေါင်းချုပ်စာအုပ်၏ Gold and More ဟူသော အခန်းတွင် စာကြောင်းရေ ၂၄ ကြောင်းပါ ကဗျာတစ်ပုဒ် ထည့်သွင်းဖော်ပြ ထားခဲ့သည်။ ဖောရက်စ်က ပြောကြားသည်မှာ ထိုကဗျာထဲတွင် ရတနာသိုက်နေရာကို လမ်းညွှန်ပေးမည့် သဲလွန်စ ၉ ခု ပါဝင်သည်ဟု ပြောကြားခဲ့သည်။

ဖောရက်စ်၏ ပြောကြားချက်နှင့် ဝတ္ထုတိုစာအုပ်ထုတ်ဝေပြီးနောက်ပိုင်း အမေရိကန်ပြည်ထောင်စု၊ နယူးမက္ကဆီကို၊ ကော်လိုရာဒို၊ Wyoming နှင့် မွန်တားနားပြည်နယ်တို့တွင် ဖြန့်ကျက်တည်ရှိနေသည့် ရော့ကီးတောင်တန်းကြီးပေါ်တွင် ကမ္ဘာတစ်ဝန်းမှ ရတနာသိုက်မုဆိုးများ ခြေချင်းလိမ်နေတော့သည်။

ဖောရက်စ်၏ ပြောကြားချက်အရ ရတနာသိုက်တွင် ရွှေတုံးများ၊ ရှားပါးဒင်္ဂါးများ၊ လက်ဝတ်ရတနာများနှင့် ကျောက်သံပတ္တမြားများ ပါဝင်ကြောင်းပြောကြားပြီး ကာလတန်ကြေးအားဖြင့် ကန်ဒေါ်လာ ၂ သန်းဖိုးခန့်ရှိသည်ဟု ခန့်မှန်းရသည်။

(ရှာတွေ့သွားပြီဟုဆို)

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၆ ရက်တွင် ဖောရက်စ်ဖန်းသည် ရတနာရှာဖွေကြသူများအတွက် ရည်ရွယ်ဖွင့်လှစ်ထားသည့် Thrill of the Chase အမည်ရှိ အင်တာနက်ဘလော့တစ်ခုတွင် ရတနာများကို ရှာဖွေတွေ့ရှိသူ ပေါ်ပေါက်လာပြီဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သည်။

ရတနာများ တည်ရှိသည့်နေရာမှာ ကြယ်ရောင်စုံ မိုးကောင်းကင်အောက်၊ ရော့ကီးတောင်တန်း၏ စိမ်းလန်းသော တောအုပ်များရှိရာ အရပ်တွင်ဖြစ်ပြီး လွန်ခဲ့သော ၁၀ နှစ်က ထားရှိခဲ့သည့်နေရာတွင်ပင် တွေ့ရှိသွားခြင်းဖြစ်ကြောင်း ရေးသားထားသည်။

ရှာတွေ့သွားသူနှင့် လူချင်းမသိကြောင်း။ မိမိ၏ စာအုပ်တွင် ဖော်ပြခဲ့သည့် ကဗျာမှ သဲလွန်စများကို ဖော်ထုတ်ကာ ရှာဖွေတွေ့ရှိသွားခြင်း ဖြစ်ကြောင်း ဖောရက်စ်က ရေးသားဖော်ပြသည်။

ရှာဖွေမှုတွင် ပါဝင်ခဲ့ကြသည့် ထောင်ပေါင်းများစွာသော ရတနာရှာကြသူများကို ဂုဏ်ပြုပါကြောင်း၊ ရတနာသိုက် ရှာပုံတော် ပဟေဠိမှာ အဆုံးသတ်သွားပြီဖြစ်ကြောင်း ဖောရက်စ်က ရေးသားခဲ့သည်။

သတင်းဆောင်းပါးတစ်ပုဒ်တွင် ဖောရက်စ်က ထုတ်ဖော်ပြောကြားသည့်တစ်ချက်မှာ ရှာဖွေတွေ့ရှိသွားသူမှာ အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်းတွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ၎င်း၏ဓာတ်ပုံကို မိမိထံပေးပို့ခဲ့ကြောင်း ဖောရက်စ်က ပြောကြားပြီး တွေ့ရှိသွားသူ၏ ဓာတ်ပုံနှင့် အသေးစိတ်အချက်အလက်များကိုမူ ချပြခဲ့ခြင်း မရှိချေ။

(ယုံကြည်ခြင်းမရှိကြ)

ဖောရက်စ်၏ ကဗျာတွင် ပါဝင်သည့် သဲလွန်စများကို အခြေခံကာ နယူးမက္ကဆီကိုပိုင်နက် ရော့ကီးတောင်တန်းတစ်ကြောတွင် ၄ နှစ်ခန့် အချိန်ယူ ရှာဖွေခဲ့သူ ဖလော်ရီဒါပြည်နယ်မှ အနှိပ်ကုထုံးပညာရှင် မီရီယမ် ဒီ ဖရွန်ဇိုကမူ “ရတနာသိုက်ပဟေဠိကို ဘယ်သူမှ အဖြေမထုတ်နိုင်ကြသေးပါဘူး။ ဒီပဟေဠိကို ဖြေရှင်းနိုင်ခဲ့ပြီဆိုတာကို ရတနာရှာကြတဲ့သူ ၉၀ ရာခိုင်နှုန်းလောက်က မယုံကြပါဘူး” ဟု ပြောကြားသည်။

ဖောရက်စ်၏ ရတနာသိုက်ကဗျာပဟေဠိကို အခြေခံကာ ရော့ကီးတောင်တန်းပေါ်သို့ ကမ္ဘာတဝန်းမှ ရတနာရှာရန် ရောက်ရှိလာသူ ၃၅၀၀၀၀ ခန့်အထိ ရှိခဲ့သည်။

အများစုက ရတနာသိုက်ကို ရှာတွေ့သူပေါ်ပေါက်လာပြီဟု ဖောရက်စ်၏ ထုတ်ပြန်ချက်ကို မယုံကြည်ကြ။ ဖောရက်စ်ကို တရားစွဲမှု တစ်ခုပင် ပေါ်ပေါက်ခဲ့သည်။

ချီကာဂိုမြို့မှ ရှေ့နေတစ်ဦးဖြစ်သူ ဘာဘရာ အန်ဒါဆန်က New York Post သတင်းဌာနသို့ ပြောကြားရာတွင် သူမသည် ရတနာရှာဖွေရန်အတွက် နယူးမက္ကဆီကိုပြည်နယ်သို့ ခရီးစဉ်ပေါင်း အကြိမ် ၂၀ ခန့်ထွက်ခဲ့ပြီး ဒေါ်လာထောင်ပေါင်းများစွာ ကုန်ကျခဲ့ကြောင်း၊ မိမိ၏ တွေ့ရှိချက်များကိုလည်း ဖောရက်စ်ထံ အီးမေးလ်စောင်ရေများစွာ ပေးပို့ခဲ့ကြောင်း ပြောကြားသည်။

ဖောရက်စ်ကွယ်လွန်ပြီး မကြာမီတွင် ဘာဘရာက တရားရုံးတွင် တရားစွဲဆိုလိုက်ခြင်းဖြစ်ပြီး ရတနာများ ရှာတွေ့သွားပြီ ဆိုခြင်းမှာ သံသယဖြစ်ဖွယ်များရှိနေကြောင်း၊ မိမိအနေဖြင့် မယုံကြည်ကြောင်း ပြောကြားသည်။

ဖောရက်စ်၏ ဇနီး ပက်ဂီကမူ ရတနာရှာကြသူများနှင့် ပတ်သက်ပြီး ဖြေရှင်းရသည်များကို စိတ်ကုန်နေသည်။ “ကျွန်မ ဒီကိစ္စတွေအပေါ် တော်တော်စိတ်ပျက်နေပါပြီ။ ဒါတွေကို ရပ်လိုက်သင့်ပါပြီ” ဟု ပက်ဂီက ပြောကြားသည်။

သို့သော် ရတနာသိုက် ရှာဖွေသူများကမူ ရတနာများနှင့် စပ်လျဉ်းပြီး မေးမြန်းနေကြဆဲဖြစ်ကာ အချို့က ဖောရက်စ် ကွယ်လွန်သည်ဆိုခြင်းကိုပင် စုံစမ်းလာမှုများရှိကြသည်။

ရဲတပ်ဖွဲ့က ထုတ်ပြန်ရာတွင် ဖောရက်စ်ကို သူ၏နေအိမ်တွင် မလှုပ်မယှက်တွေ့ရှိခဲ့ပြီးနောက် Santa Fe ဆေးရုံသို့ လူနာတင်ကားဖြင့် ခေါ်ဆောင်သွားခဲ့ကြောင်း၊ ယင်းနောက် နေအိမ်သို့ ပြန်လည်ခေါ်ဆောင်လာခဲ့ကြပြီး ထိုနေ့တွင်ပင် နေအိမ်တွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

အဆိုပါ ရတနာသိုက် ရှိသေးသလော၊ မရှိတော့ပြီလောဆိုသည်ကိုမူ ဘုရားသခင်သာ သိနိုင်တော့မည် ဖြစ်သည်။

(ရတနာသိုက် တည်နေရာကို သဲလွန်စပေးထားသည့် ကဗျာ)

The Thrill of the Chase (Forrest Fenn) As I have gone alone in there And with my treasures bold,

I can keep my secret where, And hint of riches new and old.

Begin it where warm waters halt And take it in the canyon down, Not far, but too far to walk. Put in below the home of Brown.

From there it's no place for the meek, The end is ever drawing nigh; There'll be no paddle up your creek, Just heavy loads and water high.

If you've been wise and found the blaze, Look quickly down, your quest to cease, But tarry scant with marvel gaze, Just take the chest and go in peace.

So why is it that I must go And leave my trove for all to seek? The answers I already know, I've done it tired, and now I'm weak.

So hear me all and listen good, Your effort will be worth the cold. If you are brave and in the wood I give you title to the gold.

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Eccentric millionaire who hid treasure in Rocky Mountains dies, sprouting mysteries (New York Post, Wikipedia)

[Zawgyi]

လူထူးဆန္းသူေဌးၾကီးကြယ္လြန္ျခင္းႏွင့္ ေရာ့ကီးေတာင္တန္းက ရတနာသိုက္ပေဟဠိ

အေမရိကန္ စာေရးဆရာ၊ အႏုပညာလက္ရာမ်ား ေရာင္းဝယ္သူ သန္းွၾကြယ္သူေဌးၾကီး ေဖာရက္စ္ဖန္းသည္ အေမရိကန္ျပည္ေထာင္စု၊ နယူးမကၠဆီကိုျပည္နယ္ရွိ သူ၏ေနအိမ္တြင္ ယခုလအေစာပိုင္း စက္တင္ဘာ ၇ ရက္က ကြယ္လြန္သြားခဲ့သည္။ ကြယ္လြန္ခ်ိန္တြင္ အသက္ ၉၀ ရွိျပီ ျဖစ္သည္။

လူထူးဆန္းသူေဌးၾကီး ေဖာရက္စ္ဖန္း ကြယ္လြန္သြားျပီးေနာက္ ေရာ့ကီးေတာင္တန္းတြင္ ျမွဳပ္ႏွံထားခဲ့ေသာ သူ၏ ရတနာသိုက္ကို လိုက္လံရွာေဖြေနၾကသူ ရာေပါင္းမ်ားစြာမွာ ေမွ်ာ္လင့္ခ်က္မ်ား ျပိဳပ်က္ကာ စိတ္ပ်က္က်န္ရစ္ခဲ့ၾကသည္။ ေဖာရက္စ္သည္ ရတနာမ်ားႏွင့္ စပ္လ်ဥ္းျပီး ရွင္းရွင္းလင္းလင္း မေျပာသြားခဲ့ဟု ရတနာရွာေဖြသူတို႔က ဆိုသည္။

(ရတနာသိုက္ ျဖစ္တည္လာပံု)

ေဖာရက္စ္ဖန္းသည္ ငယ္စဥ္က အေမရိကန္ေလတပ္မွ တိုက္ေလယာဥ္မွဴးတစ္ဦးျဖစ္ျပီး ဗိုလ္မွဴးအဆင့္ထိ တာဝန္ထမ္းေဆာင္ခဲ့သူ ျဖစ္သည္။

ဗီယက္နမ္စစ္ပြဲတြင္ စစ္ဆင္တိုက္ခိုက္မႈမ်ားအတြက္ ပ်ံသန္းမႈေပါင္း ၃၂၈ ၾကိမ္အထိ ေမာင္းႏွင္တာဝန္ထမ္းေဆာင္ခဲ့သည္။

ေနာက္ပိုင္းတြင္ ေလတပ္မွ အျငိမ္းစားယူလိုက္ျပီး ရက္ဇ္ အဲရိုးစမစ္ဆိုသူႏွင့္ ပူးေပါင္းကာ Arrowsmith-Fenn အမည္ရွိ အႏုပညာျပခန္းတစ္ခု ဖြင့္လွစ္ခဲ့သည္။

အဆိုပါျပခန္းကို ေနာက္ပိုင္းတြင္ Fenn Galleries ဟု အမည္ေျပာင္းခဲ့ျပီး ေဖာရက္စ္ဖန္းက ဇနီးျဖစ္သူ ပက္ဂီႏွင့္အတူ စီမံလည္ပတ္ခဲ့သည္။

ျပခန္း၏ တည္ေနရာမွာ နယူးမကၠဆီကိုျပည္နယ္၊ ဆန္တာဖီျမိဳ ႔တြင္ တည္ရွိျပီး ဌာေနအေမရိကန္တိုင္းရင္းသားတို႔၏ အႏုပညာလက္ရာမ်ား၊ ပန္းခ်ီကားမ်ား၊ ေၾကးရုပ္မ်ားႏွင့္ အျခားအႏုပညာလက္ရာမ်ား ျပသေရာင္းခ်သည္။

ေရာင္းခ်သည့္လက္ရာမ်ားတြင္ မိုဒီဂလီယာနီ၊ မိုေနး၊ ဒီဂက္စ္ႏွင့္ အျခားေသာ ပန္းခ်ီေက်ာ္တို႔၏ လက္ရာမ်ားကို ပံုတူအတုျပဳလုပ္ထားသည္မ်ားလည္း ပါဝင္သည္။ ျပခန္း၏ ေရာင္းအားမွာ တစ္ႏွစ္လွ်င္ ကန္ေဒၚလာ ၆ သန္းဖိုးခန္႔ရွိသည္ဟု ဆိုသည္။

၁၉၈၈ ခုႏွစ္တြင္ကား ေဖာရက္စ္ဖန္းတြင္ ကင္ဆာေရာဂါျဖစ္ပြားေနေၾကာင္း စစ္ေဆးေတြ႔ရွိခဲ့ျပီး ေရာဂါကၽြမ္းေနျပီဟုလည္း ဆိုခဲ့ၾကသည္။

ထိုအခ်ိန္တြင္ ေဖာရက္စ္က သူပိုင္ဆိုင္ထားသည့္ ရတနာအခ်ဳိ ႔ကို တစ္ေနရာတြင္ ျမွဳပ္ႏွံကာ လူအမ်ားလိုက္လံရွာေဖြႏိုင္ၾကေစရန္ စီစဥ္ခဲ့၏။ ရတနာသိုက္ေနရာကိုလည္း သူ၏ေနာက္ဆံုးေခါင္းခ်ရာေနရာအျဖစ္ ေဖာရက္စ္က ၾကံရြယ္ထားခဲ့သည္။ ရတနာမ်ားကို ျမွဳပ္ႏွံထားခဲ့ျပီးေနာက္ ေဖာရက္စ္ကား ဆရာဝန္တို႔ခန္႔မွန္းသည့္အတိုင္း မေသဆံုးဘဲ ၂၀၁၀ ျပည့္ႏွစ္တြင္ ကင္ဆာေဝဒနာ ေပ်ာက္ကင္းသြားခဲ့သည္။

ထိုသို႔ေပ်ာက္ကင္းသြားျပီးေနာက္ ေဖာရက္စ္က The Thrill of the Chase အမည္ျဖင့္ ဝတၳဳတိုေပါင္းခ်ဳပ္ကို ပံုႏွိပ္ထုတ္ေဝခဲ့သည္။

ထိုဝတၳဳတိုေပါင္းခ်ဳပ္စာအုပ္၏ Gold and More ဟူေသာ အခန္းတြင္ စာေၾကာင္းေရ ၂၄ ေၾကာင္းပါ ကဗ်ာတစ္ပုဒ္ ထည့္သြင္းေဖာ္ျပ ထားခဲ့သည္။ ေဖာရက္စ္က ေျပာၾကားသည္မွာ ထိုကဗ်ာထဲတြင္ ရတနာသုိက္ေနရာကို လမ္းညႊန္ေပးမည့္ သဲလြန္စ ၉ ခု ပါဝင္သည္ဟု ေျပာၾကားခဲ့သည္။

ေဖာရက္စ္၏ ေျပာၾကားခ်က္ႏွင့္ ဝတၳဳတိုစာအုပ္ထုတ္ေဝျပီးေနာက္ပိုင္း အေမရိကန္ျပည္ေထာင္စု၊ နယူးမကၠဆီကို၊ ေကာ္လိုရာဒို၊ Wyoming ႏွင့္ မြန္တားနားျပည္နယ္တို႔တြင္ ျဖန္႔က်က္တည္ရွိေနသည့္ ေရာ့ကီးေတာင္တန္းၾကီးေပၚတြင္ ကမၻာတစ္ဝန္းမွ ရတနာသိုက္မုဆိုးမ်ား ေျခခ်င္းလိမ္ေနေတာ့သည္။ ေဖာရက္စ္၏ ေျပာၾကားခ်က္အရ ရတနာသိုက္တြင္ ေရႊတံုးမ်ား၊ ရွားပါးဒဂၤ ါးမ်ား၊ လက္ဝတ္ရတနာမ်ားႏွင့္ ေက်ာက္သံပတၱျမားမ်ား ပါဝင္ေၾကာင္းေျပာၾကားျပီး ကာလတန္ေၾကးအားျဖင့္ ကန္ေဒၚလာ ၂ သန္းဖိုးခန္႔ရွိသည္ဟု ခန္႔မွန္းရသည္။

(ရွာေတြ႔သြားျပီဟုဆို)

၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ ၆ ရက္တြင္ ေဖာရက္စ္ဖန္းသည္ ရတနာရွာေဖြၾကသူမ်ားအတြက္ ရည္ရြယ္ဖြင့္လွစ္ထားသည့္ Thrill of the Chase အမည္ရွိ အင္တာနက္ဘေလာ့တစ္ခုတြင္ ရတနာမ်ားကို ရွာေဖြေတြ႔ရွိသူ ေပၚေပါက္လာျပီျဖစ္ေၾကာင္း ေရးသားေဖာ္ျပခဲ့သည္။

ရတနာမ်ား တည္ရွိသည့္ေနရာမွာ ၾကယ္ေရာင္စံု မိုးေကာင္းကင္ေအာက္၊ ေရာ့ကီးေတာင္တန္း၏ စိမ္းလန္းေသာ ေတာအုပ္မ်ားရွိရာ အရပ္တြင္ျဖစ္ျပီး လြန္ခဲ့ေသာ ၁၀ ႏွစ္က ထားရွိခဲ့သည့္ေနရာတြင္ပင္ ေတြ႔ရွိသြားျခင္းျဖစ္ေၾကာင္း ေရးသားထားသည္။

ရွာေတြ႔သြားသူႏွင့္ လူခ်င္းမသိေၾကာင္း။ မိမိ၏ စာအုပ္တြင္ ေဖာ္ျပခဲ့သည့္ ကဗ်ာမွ သဲလြန္စမ်ားကို ေဖာ္ထုတ္ကာ ရွာေဖြေတြ႔ရွိသြားျခင္း ျဖစ္ေၾကာင္း ေဖာရက္စ္က ေရးသားေဖာ္ျပသည္။

ရွာေဖြမႈတြင္ ပါဝင္ခဲ့ၾကသည့္ ေထာင္ေပါင္းမ်ားစြာေသာ ရတနာရွာၾကသူမ်ားကို ဂုဏ္ျပဳပါေၾကာင္း၊ ရတနာသိုက္ ရွာပံုေတာ္ ပေဟဠိမွာ အဆံုးသတ္သြားျပီျဖစ္ေၾကာင္း ေဖာရက္စ္က ေရးသားခဲ့သည္။

သတင္းေဆာင္းပါးတစ္ပုဒ္တြင္ ေဖာရက္စ္က ထုတ္ေဖာ္ေျပာၾကားသည့္တစ္ခ်က္မွာ ရွာေဖြေတြ႔ရွိသြားသူမွာ အေမရိကန္ျပည္ေထာင္စု အေရွ ႔ပိုင္းတြင္ ေနထိုင္သူတစ္ဦးျဖစ္ျပီး ၎၏ဓာတ္ပံုကို မိမိထံေပးပို႔ခဲ့ေၾကာင္း ေဖာရက္စ္က ေျပာၾကားျပီး ေတြ႔ရွိသြားသူ၏ ဓာတ္ပံုႏွင့္ အေသးစိတ္အခ်က္အလက္မ်ားကိုမူ ခ်ျပခဲ့ျခင္း မရွိေခ်။

(ယံုၾကည္ျခင္းမရွိၾက)

ေဖာရက္စ္၏ ကဗ်ာတြင္ ပါဝင္သည့္ သဲလြန္စမ်ားကို အေျခခံကာ နယူးမကၠဆီကိုပိုင္နက္ ေရာ့ကီးေတာင္တန္းတစ္ေၾကာတြင္ ၄ ႏွစ္ခန္႔ အခ်ိန္ယူ ရွာေဖြခဲ့သူ ဖေလာ္ရီဒါျပည္နယ္မွ အႏွိပ္ကုထံုးပညာရွင္ မီရီယမ္ ဒီ ဖရြန္ဇိုကမူ “ရတနာသိုက္ပေဟဠိကို ဘယ္သူမွ အေျဖမထုတ္ႏိုင္ၾကေသးပါဘူး။ ဒီပေဟဠိကို ေျဖရွင္းႏိုင္ခဲ့ျပီဆိုတာကို ရတနာရွာၾကတဲ့သူ ၉၀ ရာခိုင္ႏႈန္းေလာက္က မယံုၾကပါဘူး” ဟု ေျပာၾကားသည္။

ေဖာရက္စ္၏ ရတနာသိုက္ကဗ်ာပေဟဠိကို အေျခခံကာ ေရာ့ကီးေတာင္တန္းေပၚသို႔ ကမၻာတဝန္းမွ ရတနာရွာရန္ ေရာက္ရွိလာသူ ၃၅၀၀၀၀ ခန္႔အထိ ရွိခဲ့သည္။

အမ်ားစုက ရတနာသိုက္ကို ရွာေတြ႔သူေပၚေပါက္လာျပီဟု ေဖာရက္စ္၏ ထုတ္ျပန္ခ်က္ကို မယံုၾကည္ၾက။ ေဖာရက္စ္ကို တရားစြဲမႈ တစ္ခုပင္ ေပၚေပါက္ခဲ့သည္။

ခ်ီကာဂိုျမိဳ ႔မွ ေရွ ႔ေနတစ္ဦးျဖစ္သူ ဘာဘရာ အန္ဒါဆန္က New York Post သတင္းဌာနသို႔ ေျပာၾကားရာတြင္ သူမသည္ ရတနာရွာေဖြရန္အတြက္ နယူးမကၠဆီကိုျပည္နယ္သို႔ ခရီးစဥ္ေပါင္း အၾကိမ္ ၂၀ ခန္႔ထြက္ခဲ့ျပီး ေဒၚလာေထာင္ေပါင္းမ်ားစြာ ကုန္က်ခဲ့ေၾကာင္း၊ မိမိ၏ ေတြ႔ရွိခ်က္မ်ားကိုလည္း ေဖာရက္စ္ထံ အီးေမးလ္ေစာင္ေရမ်ားစြာ ေပးပို႔ခဲ့ေၾကာင္း ေျပာၾကားသည္။

ေဖာရက္စ္ကြယ္လြန္ျပီး မၾကာမီတြင္ ဘာဘရာက တရားရံုးတြင္ တရားစြဲဆိုလိုက္ျခင္းျဖစ္ျပီး ရတနာမ်ား ရွာေတြ႔သြားျပီ ဆိုျခင္းမွာ သံသယျဖစ္ဖြယ္မ်ားရွိေနေၾကာင္း၊ မိမိအေနျဖင့္ မယံုၾကည္ေၾကာင္း ေျပာၾကားသည္။

ေဖာရက္စ္၏ ဇနီး ပက္ဂီကမူ ရတနာရွာၾကသူမ်ားႏွင့္ ပတ္သက္ျပီး ေျဖရွင္းရသည္မ်ားကို စိတ္ကုန္ေနသည္။ “ကၽြန္မ ဒီကိစၥေတြအေပၚ ေတာ္ေတာ္စိတ္ပ်က္ေနပါျပီ။ ဒါေတြကို ရပ္လိုက္သင့္ပါျပီ” ဟု ပက္ဂီက ေျပာၾကားသည္။

သို႔ေသာ္ ရတနာသိုက္ ရွာေဖြသူမ်ားကမူ ရတနာမ်ားႏွင့္ စပ္လ်ဥ္းျပီး ေမးျမန္းေနၾကဆဲျဖစ္ကာ အခ်ဳိ ႔က ေဖာရက္စ္ ကြယ္လြန္သည္ဆိုျခင္းကိုပင္ စံုစမ္းလာမႈမ်ားရွိၾကသည္။

ရဲတပ္ဖြဲ႔က ထုတ္ျပန္ရာတြင္ ေဖာရက္စ္ကို သူ၏ေနအိမ္တြင္ မလႈပ္မယွက္ေတြ႔ရွိခဲ့ျပီးေနာက္ Santa Fe ေဆးရံုသို႔ လူနာတင္ကားျဖင့္ ေခၚေဆာင္သြားခဲ့ေၾကာင္း၊ ယင္းေနာက္ ေနအိမ္သို႔ ျပန္လည္ေခၚေဆာင္လာခဲ့ၾကျပီး ထိုေန႔တြင္ပင္ ေနအိမ္တြင္ ကြယ္လြန္သြားျခင္းျဖစ္ေၾကာင္း ထုတ္ျပန္သည္။

အဆိုပါ ရတနာသိုက္ ရွိေသးသေလာ၊ မရွိေတာ့ျပီေလာဆိုသည္ကုိမူ ဘုရားသခင္သာ သိႏိုင္ေတာ့မည္ ျဖစ္သည္။

(ရတနာသိုက္ တည္ေနရာကို သဲလြန္စေပးထားသည့္ ကဗ်ာ)

The Thrill of the Chase (Forrest Fenn) As I have gone alone in there And with my treasures bold, I can keep my secret where, And hint of riches new and old.

Begin it where warm waters halt And take it in the canyon down, Not far, but too far to walk. Put in below the home of Brown.

From there it's no place for the meek, The end is ever drawing nigh; There'll be no paddle up your creek, Just heavy loads and water high.

If you've been wise and found the blaze, Look quickly down, your quest to cease, But tarry scant with marvel gaze, Just take the chest and go in peace.

So why is it that I must go And leave my trove for all to seek? The answers I already know, I've done it tired, and now I'm weak.

So hear me all and listen good, Your effort will be worth the cold. If you are brave and in the wood I give you title to the gold.

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Eccentric millionaire who hid treasure in Rocky Mountains dies, sprouting mysteries (New York Post, Wikipedia)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်လာဈေးကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ အလျင်အမြန်တည်ဆောက်နေရ
ဒေါ်လာဈေးကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ အလျင်အမြန်တည်ဆောက်နေရ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အသင့်နေထိုင်နိုင်သော အိမ်ခြံမြေ များပိုမိုရောင်းအားကောင်းနေ
အသင့်နေထိုင်နိုင်သော အိမ်ခြံမြေ များပိုမိုရောင်းအားကောင်းနေ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
taunggyi-garden-city
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service