အမေရိကန်သမ္မတလောင်း ခါမလာ ဟဲရစ်က သူမသာ ရွေးကောက်ခံရမည်ဆိုပါက ပထမဆုံးနေအိမ် ဝယ်မည့်သူများကို ကန်ဒေါ်လာ ၂၅,၀၀၀ ထောက်ပံ့ပေးမည့် မူဝါဒချမှတ်မည်ဟုဆို

အမေရိကန်သမ္မတလောင်း ခါမလာ ဟဲရစ်က သူမသာ ရွေးကောက်ခံရမည်ဆိုပါက ပထမဆုံးနေအိမ် ဝယ်မည့်သူများကို ကန်ဒေါ်လာ ၂၅,၀၀၀ ထောက်ပံ့ပေးမည့် မူဝါဒချမှတ်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
28 Aug 2024 11:36 am တွင် တင်ခဲ့သည်
602 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်သမ္မတလောင်း ခါမလာ ဟဲရစ် (လက်ရှိ ဒုသမ္မတ) က အနာဂတ် သူမ၏ အစိုးရအဖွဲ့လက်ထက် တွင် အိမ်ခြံမြေမူဝါဒမည်သို့ ချမှတ်မည်ကို မဲဆန္ဒရှင်များအား ထုတ်ဖော်ပြောကြားလာသည်။

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းအဖြစ် ရီပတ်ဘလစ်ကန်ပါတီမှ ဒေါ်နယ်ထရမ့်နှင့် ယှဉ်ပြိုင်ရန် ရွေးချယ်ခံ ရပြီးနောက်ပိုင်း သူမ၏ မူဝါဒကို ပထမဆုံးအကြိမ် ချပြလာခြင်းလည်း ဖြစ်သည်။

သူမ၏ အိမ်ခြံမြေမူဝါဒအရ အနည်းဆုံး ၂ နှစ်ခန့် အိမ်လခ အချိန်မှန်ပေးခဲ့သူများ ပထမဆုံးနေအိမ် ဝယ်ယူမည် ဆိုလျှင် လက်ငင်းပေးသွင်းငွေအတွက် ပြည်ထောင်စုအစိုးရက ကန်ဒေါ်လာ ၂၅,၀၀၀ ထောက်ပံ့ ပေးမည်ဟု ဆိုသည်။

သမ္မတဂျိုးဘိုင်ဒန်က ပထမဆုံးနေအိမ်ဝယ်မည့်သူများကို ဒေါ်လာ ၁၀,၀၀၀ အခွန်ကင်းလွတ်ခွင့်ပေးခြင်းထက် များစွာတိုးမြှင့်ထားသည့် မူဝါဒလည်း ဖြစ်သည်။

ခါမလာဟဲရစ်၏ အစီအစဉ်တွင် ၄ နှစ်တာကာလအတွင်း ပထမဆုံးနေအိမ်ဝယ်ယူမည့်သူ ၄ သန်းကျော်ကို လက်ငင်းပေးသွင်းငွေ ထောက်ပံ့မည် ဖြစ်သည်။

ထိုအစီအစဉ်တွင် ပါဝင်မည့် အခြားအချက်များမှာ ပထမဆုံးနေအိမ်ဝယ်ယူမည့်သူများအတွက် နေအိမ်များ ဆောက်လုပ်မည့် ကုမ္ပဏီများအား အခွန်သက်သာခွင့်၊ ရင်းနှီးမြှုပ်နှံသူတို့ လုံးချင်းအိမ်များ ဝယ်ယူခြင်းကို ထိန်းချုပ်ခြင်း၊ အိမ်ရှင်တို့က အိမ်လခသတ်မှတ်ရန် အသုံးပြုနေသော ဆော့ဖ်ဝဲများကို ပိတ်ပင်ခြင်းများ ပါဝင်မည်ဟု ဆိုသည်။

၄ နှစ်တာ တာဝန်ထမ်းဆောင်ရမည့်ကာလအတွင်း နေအိမ်သစ်ပေါင်း ၃ သန်း ဆောက်လုပ်သွားရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်းလည်း ခါမလာ ဟဲရစ်က ပြောသည်။

သူမ၏ ရည်မှန်းချက်မှာ အထမြောက်နိုင်သော ပန်းတိုင်တစ်ခုဖြစ်သည်။

အမေရိကန် သန်းခေါင်စာရင်းဗျူရို၏ အချက်အလက်များအရ ၂၀၂၃ ခုနှစ် တစ်ခုတည်းတွင်ပင်လျှင် ပုဂ္ဂလိက ဆောက်လုပ်ခဲ့သည့် နေအိမ်သစ်ပေါင်း ၁ ဒသမ ၅ သန်းရှိခဲ့သည်။

လက်ငင်းပေးချေငွေ အထောက်အပံ့ပေးမည့် အစီအစဉ် အပါအဝင် ခါမလာဟဲရစ်၏ စီမံကိန်းမှာ သူမ သမ္မတအဖြစ် ရွေးကောက်ခံရမည်ဆိုပါက လွှတ်တော်၏ အတည်ပြုချက် ရယူရဦးမည် ဖြစ်သည်။

အကျိုးအမြတ်အတွက် မဟုတ်သည့် မူဝါဒရေးရာအဖွဲ့ဖြစ်သော Committee for a Responsible Federal Budget ၏ ခန့်မှန်းချက်အရ ခါမလာဟဲရစ်၏ အိမ်ခြံမြေ မူဝါဒမှာ ၄ နှစ်တာကာလအတွက် ကန်ဒေါ်လာ ၂၀၀ ဘီလီယံခန့် ကုန်ကျမည်ဟု ဆိုသည်။

 

(ခါမလာ ဟဲရစ်၏ အိမ်ခြံမြေမူဝါဒအရ အနည်းဆုံး ၂ နှစ်ခန့် အိမ်လခ အချိန်မှန်ပေးခဲ့သူများ ပထမဆုံးနေအိမ် ဝယ်ယူမည် ဆိုလျှင် လက်ငင်းပေးသွင်းငွေအတွက် ပြည်ထောင်စုအစိုးရက ကန်ဒေါ်လာ ၂၅,၀၀၀ ထောက်ပံ့ ပေးမည်ဟု ဆိုသည်။ ဓာတ်ပုံ-Shutterstock)

 

အိမ်ခြံမြေဈေးနှုန်းများ မတန်တဆမြင့်တက်လာနေမှုကြောင့် အိမ်ပိုင်ရှင်တို့၏ ပိုင်ဆိုင်မှုများ ကြီးထွားလာ သော်လည်း ပထမဆုံး နေအိမ်ဝယ်လိုသူများမှာမူ နေအိမ်ပိုင်ဆိုင်ရေး အိပ်မက်မှ အလှမ်းဝေးနေသည်။

ယခုနှစ် မေလအတွင်း အမေရိကန်ပြည်ထောင်စု၏ အိမ်ဈေးနှုန်းများမှာ လွန်ခဲ့သော ၄ နှစ်ကထက် ၄၈ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း Case-Schiller က ဖော်ပြသည်။

“အိမ်ဈေးတွေက ထိုးတက်နေတဲ့အတွက် လက်ငင်းပေးသွင်းငွေပမာဏလည်း လိုက်ပါမြင့်တက်လာပါတယ်။ နေအိမ်ပိုင်ဆိုင်လိုသူတွေအနေနဲ့ နှစ်ပေါင်းများစွာ ငွေစုရင်တောင် မပြည့်မီနိုင်တာမျိုးတွေ ဖြစ်နေပါတယ်” ဟု ခါမလာ ဟဲရစ်က ပြီးခဲ့သော သောကြာနေ့တွင် မြောက်ကာရိုလိုင်းနားပြည်နယ်၌ ပြောကြားခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: How Kamala Harris’ plan to give first-time homeowners $25K could backfire (Realtor) Photo Credit-Shutterstock

 

[Zawgyi]

အေမရိကန္သမၼတေလာင္း ခါမလာ ဟဲရစ္က သူမသာ ေရြးေကာက္ခံရမည္ဆိုပါက ပထမဆံုးေနအိမ္ ဝယ္မည့္သူမ်ားကို ကန္ေဒၚလာ ၂၅,၀၀၀ ေထာက္ပံ့ေပးမည့္ မူဝါဒခ်မွတ္မည္ဟုဆို

အေမရိကန္သမၼတေလာင္း ခါမလာ ဟဲရစ္ (လက္ရွိ ဒုသမၼတ) က အနာဂတ္ သူမ၏ အစိုးရအဖြဲ႔လက္ထက္ တြင္ အိမ္ျခံေျမမူဝါဒမည္သို႔ ခ်မွတ္မည္ကို မဲဆႏၵရွင္မ်ားအား ထုတ္ေဖာ္ေျပာၾကားလာသည္။

ဒီမိုကရက္တစ္ပါတီ သမၼတေလာင္းအျဖစ္ ရီပတ္ဘလစ္ကန္ပါတီမွ ေဒၚနယ္ထရမ့္ႏွင့္ ယွဥ္ျပိဳင္ရန္ ေရြးခ်ယ္ခံ ရျပီးေနာက္ပိုင္း သူမ၏ မူဝါဒကို ပထမဆံုးအၾကိမ္ ခ်ျပလာျခင္းလည္း ျဖစ္သည္။

သူမ၏ အိမ္ျခံေျမမူဝါဒအရ အနည္းဆံုး ၂ ႏွစ္ခန္႔ အိမ္လခ အခ်ိန္မွန္ေပးခဲ့သူမ်ား ပထမဆံုးေနအိမ္ ဝယ္ယူမည္ ဆိုလွ်င္ လက္ငင္းေပးသြင္းေငြအတြက္ ျပည္ေထာင္စုအစိုးရက ကန္ေဒၚလာ ၂၅,၀၀၀ ေထာက္ပံ့ ေပးမည္ဟု ဆိုသည္။

သမၼတဂ်ဳိးဘိုင္ဒန္က ပထမဆံုးေနအိမ္ဝယ္မည့္သူမ်ားကို ေဒၚလာ ၁၀,၀၀၀ အခြန္ကင္းလြတ္ခြင့္ေပးျခင္းထက္ မ်ားစြာတိုးျမွင့္ထားသည့္ မူဝါဒလည္း ျဖစ္သည္။

ခါမလာဟဲရစ္၏ အစီအစဥ္တြင္ ၄ ႏွစ္တာကာလအတြင္း ပထမဆံုးေနအိမ္ဝယ္ယူမည့္သူ ၄ သန္းေက်ာ္ကို လက္ငင္းေပးသြင္းေငြ ေထာက္ပံ့မည္ ျဖစ္သည္။

ထိုအစီအစဥ္တြင္ ပါဝင္မည့္ အျခားအခ်က္မ်ားမွာ ပထမဆံုးေနအိမ္ဝယ္ယူမည့္သူမ်ားအတြက္ ေနအိမ္မ်ား ေဆာက္လုပ္မည့္ ကုမၸဏီမ်ားအား အခြန္သက္သာခြင့္၊ ရင္းႏွီးျမွဳပ္ႏွံသူတို႔ လံုးခ်င္းအိမ္မ်ား ဝယ္ယူျခင္းကို ထိန္းခ်ဳပ္ျခင္း၊ အိမ္ရွင္တု႔ိက အိမ္လခသတ္မွတ္ရန္ အသံုးျပဳေနေသာ ေဆာ့ဖ္ဝဲမ်ားကို ပိတ္ပင္ျခင္းမ်ား ပါဝင္မည္ဟု ဆိုသည္။

၄ ႏွစ္တာ တာဝန္ထမ္းေဆာင္ရမည့္ကာလအတြင္း ေနအိမ္သစ္ေပါင္း ၃ သန္း ေဆာက္လုပ္သြားရန္ တြန္းအားေပးသြားမည္ျဖစ္ေၾကာင္းလည္း ခါမလာ ဟဲရစ္က ေျပာသည္။

သူမ၏ ရည္မွန္းခ်က္မွာ အထေျမာက္ႏိုင္ေသာ ပန္းတိုင္တစ္ခုျဖစ္သည္။

အေမရိကန္ သန္းေခါင္စာရင္းဗ်ဴရို၏ အခ်က္အလက္မ်ားအရ ၂၀၂၃ ခုႏွစ္ တစ္ခုတည္းတြင္ပင္လွ်င္ ပုဂၢလိက ေဆာက္လုပ္ခဲ့သည့္ ေနအိမ္သစ္ေပါင္း ၁ ဒသမ ၅ သန္းရွိခဲ့သည္။

လက္ငင္းေပးေခ်ေငြ အေထာက္အပံ့ေပးမည့္ အစီအစဥ္ အပါအဝင္ ခါမလာဟဲရစ္၏ စီမံကိန္းမွာ သူမ သမၼတအျဖစ္ ေရြးေကာက္ခံရမည္ဆိုပါက လႊတ္ေတာ္၏ အတည္ျပဳခ်က္ ရယူရဦးမည္ ျဖစ္သည္။

အက်ဳိးအျမတ္အတြက္ မဟုတ္သည့္ မူဝါဒေရးရာအဖြဲ႔ျဖစ္ေသာ Committee for a Responsible Federal Budget ၏ ခန္႔မွန္းခ်က္အရ ခါမလာဟဲရစ္၏ အိမ္ျခံေျမ မူဝါဒမွာ ၄ ႏွစ္တာကာလအတြက္ ကန္ေဒၚလာ ၂၀၀ ဘီလီယံခန္႔ ကုန္က်မည္ဟု ဆိုသည္။

(ခါမလာ ဟဲရစ္၏ အိမ္ျခံေျမမူဝါဒအရ အနည္းဆံုး ၂ ႏွစ္ခန္႔ အိမ္လခ အခ်ိန္မွန္ေပးခဲ့သူမ်ား ပထမဆံုးေနအိမ္ ဝယ္ယူမည္ ဆိုလွ်င္ လက္ငင္းေပးသြင္းေငြအတြက္ ျပည္ေထာင္စုအစိုးရက ကန္ေဒၚလာ ၂၅,၀၀၀ ေထာက္ပံ့ ေပးမည္ဟု ဆိုသည္။ ဓာတ္ပံု-Shutterstock)

အိမ္ျခံေျမေစ်းႏႈန္းမ်ား မတန္တဆျမင့္တက္လာေနမႈေၾကာင့္ အိမ္ပိုင္ရွင္တို႔၏ ပိုင္ဆိုင္မႈမ်ား ၾကီးထြားလာ ေသာ္လည္း ပထမဆံုး ေနအိမ္ဝယ္လိုသူမ်ားမွာမူ ေနအိမ္ပိုင္ဆိုင္ေရး အိပ္မက္မွ အလွမ္းေဝးေနသည္။

ယခုႏွစ္ ေမလအတြင္း အေမရိကန္ျပည္ေထာင္စု၏ အိမ္ေစ်းႏႈန္းမ်ားမွာ လြန္ခဲ့ေသာ ၄ ႏွစ္ကထက္ ၄၈ ရာခိုင္ႏႈန္းအထိ ျမင့္တက္ခဲ့ေၾကာင္း Case-Schiller က ေဖာ္ျပသည္။

“အိမ္ေစ်းေတြက ထိုးတက္ေနတဲ့အတြက္ လက္ငင္းေပးသြင္းေငြပမာဏလည္း လိုက္ပါျမင့္တက္လာပါတယ္။ ေနအိမ္ပိုင္ဆိုင္လိုသူေတြအေနနဲ႔ ႏွစ္ေပါင္းမ်ားစြာ ေငြစုရင္ေတာင္ မျပည့္မီႏိုင္တာမ်ဳိးေတြ ျဖစ္ေနပါတယ္” ဟု ခါမလာ ဟဲရစ္က ျပီးခဲ့ေသာ ေသာၾကာေန႔တြင္ ေျမာက္ကာရိုလုိင္းနားျပည္နယ္၌ ေျပာၾကားခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: How Kamala Harris’ plan to give first-time homeowners $25K could backfire (Realtor) Photo Credit-Shutterstock

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service