ဘောလိဝုဒ်ထိပ်သီးကြယ်ပွင့် ကာဂျိုးနှင့် အဂျေးဒေ့ဗ်ဂန်တို့စုံတွဲ၏ ရူပီး ကုဋေ ၆၀ တန်ကြေးရှိ သီဝရှက်တီ စံအိမ်ကြီး

ဘောလိဝုဒ်ထိပ်သီးကြယ်ပွင့် ကာဂျိုးနှင့် အဂျေးဒေ့ဗ်ဂန်တို့စုံတွဲ၏ ရူပီး ကုဋေ ၆၀ တန်ကြေးရှိ သီဝရှက်တီ စံအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
5 Jul 2024 11:53 am တွင် တင်ခဲ့သည်
1253 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ပျားပန်းခတ် စည်ကားလှုပ်ရှားနေသော မွမ်ဘိုင်းမြို့လယ်တွင် ဘောလိဝုဒ်ထိပ်သီးစုံတွဲ ကာဂျိုးနှင့် အဂျေးဒေ့ဗ်ဂန်တို့၏ ခမ်းနားသော စံအိမ်ကြီးရှိသည်။

၎င်းတို့၏ အောင်မြင်သော အနုပညာရှင်ဘဝ၊ ခိုင်မြဲသောအချစ်နှင့် များပြားသော ကြွယ်ဝမှုတို့ကို စံအိမ်ကြီးက သက်သေပြနေသည်။

စံအိမ်ကြီး တန်ကြေးမှာ ရူပီး ကုဋေ ၆၀ ရှိသည်။ l uxury ဖြစ်ကာ ခမ်းနားလှပသော စံအိမ်ကြီး ဖြစ်သည်။

ကာဂျိုး၏ ညှို့ယူဖမ်းစားနိုင်သော သရုပ်ဆောင်မှုများက ပရိသတ်များကို ဆယ်စုနှစ်များစွာ ဖမ်းစားထားခဲ့သည်။

အဂျေးဒေ့ဗ်ဂန်မှာ သရုပ်ဆောင်ရာတွင် စွယ်စုံထူးချွန်သူဖြစ်သည့်အပြင် ၎င်းပါဝင်သရုပ်ဆောင်ခဲ့သော ရုပ်ရှင် များ၏ ဝက်ဝက်ကွဲအောင်မြင်မှုများကြောင့် အိန္ဒိယရုပ်ရှင်လောကအတွက် အားထားရသူ တစ်ဦး ဖြစ်သည်။

ငွေရောင်ပိတ်ကားပေါ်မှသည် လက်တွေ့ဘဝအထိ ၎င်းတို့စုံတွဲ ဖြတ်သန်းခဲ့သော ဘဝခရီးတွင် အပြန်အလှန် လေးစားမှု၊ လက်တွဲဆောင်ရွက်မှု၊ တူညီသောဝါသနာ၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဖေးမမှုတို့ဖြင့် ဖြတ်သန်း ခဲ့ကြသည်။

ကြယ်ပွင့်ဘဝ၏ နောက်ကွယ်မှ ပုဂ္ဂိုလ်ရေးဘဝဖြတ်သန်းမှုမှာ မိသားစုဘဝနှင့် လုပ်ငန်းခွင်အကြား သဟဇာတ ဖြစ်စွာ ဖြတ်သန်းနေထိုင်မှုကို ပြသနေသည်။

((မိသားစုဘဝ))

ကာဂျိူးနှင့် အဂျေးတို့သည် အလွန်ချစ်ကြသော ချစ်သူများဘဝမှ ၁၉၉၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်တွင် အကြင်လင်မယား ဖြစ်လာခဲ့ကြပြီး ၂၀၀၃ ခုနှစ်တွင် သမီးဖြစ်သူ Nysa နှင့် ၂၀၁၀ တွင် သားဖြစ်သူ YUG တို့ကို မွေးဖွားခဲ့သည်။

((ရုပ်ရှင်သရုပ်ဆောင်ဘဝ))

ကာဂျိုးသည် Dilwale Dulhania Le Jayenge၊ Kuch Kuch Hota Hai နှင့် My name is Khan တို့အပါအဝင် ရုပ်ရှင်ဇာတ်ကားများစွာကို ပါဝင်သရုပ်ဆောင်ခဲ့သည်။

အဂျေးဒေ့ဗ်ကန်မှာလည်း ဝက်ဝက်ကွဲ အောင်မြင်ခဲ့သည့် ရုပ်ရှင်များ ဖြစ်သော Singham,Gangaajal, Drishyam ,Omkara နှင့် Bhagat Singh တို့ကဲ့သို့ ဇာတ်ကားများအပါအဝင် ရုပ်ရှင်ဇာတ်ကားများစွာတွင် ပါဝင် သရုပ်ဆောင်ခဲ့သည်။

((အချစ်ဇာတ်လမ်း))

ကာဂျိုးနှင့် အဂျေးတို့သည် ၁၉၉၅ ခုနှစ်အတွင်း Hulchul ရုပ်ရှင်ရိုက်ကူးရေး စတင်စုံစည်းခဲ့ခြင်းဖြစ်ကာ သံယောဇဉ် ညိတွယ်ခဲ့ရာမှတဆင့် မကြာမီတွင် ချစ်သူများ ဖြစ်ခဲ့ကြသည်။

ကာဂျိုးမှာ သွက်သွက်လက်လက် နေတတ်ပြီး အဂျေးက တည်တည်ငြိမ်ငြိမ်နေတတ်ကာ စရိုက်ကွာခြားကြ သော်လည်း နှစ်ပေါင်းများစွာ ကာလအတွင်း ၎င်းတို့နှစ်ဦးကြားမှ အချစ်မှာ ပိုမိုနက်ရှိုင်းလာခဲ့ကြသည်။

၎င်းတို့၏ ခိုင်မြဲသော အချစ်ရေးမှာ နားလည်မှု၊ အပြန်အလှန်လေးစားမှုနှင့် တစ်ဦးအရည်အချင်းကို တစ်ဦးနှစ်သက်သဘောကျမှုတို့၏ ပြယုဂ်တစ်ခု ဖြစ်သည်။

((ကာဂျိုးနှင့် အဂျေးတို့စံအိမ်ကြီး))

(ဓာတ်ပုံ- Instagram)

(ဓာတ်ပုံ-Instagram)

ကာဂျိုးနှင့် အဂျေးတို့၏ စံအိမ်ကြီးမှာ မွမ်ဘိုင်းမြို့၏ ဂုဏ်သတင်းကြီးမားသော Juhu အရပ်တွင် တည်ရှိပြီး သီဝရှက်တီဟု အမည်ပေးထားသည်။

ခမ်းနားထည်ဝါသော ဘန်ဂလိုအိမ်ကြီး၏ တန်ကြေးမှာ ရူပီးကုဋေ ၆၀ ရှိပြီး ဧရာမအဝင်ခန်းမကြီးက ဧည့်သည်တော်များကို ကြိုလင့်နေသည်။

အတွင်းပိုင်းတွင် နို့နှစ်ရောင်နှင့် အညိုရောင်တို့ကို သဟဇာတဖြစ်စွာ ပေါင်းစပ်မွမ်းမံထားသည်။

သီဝရှက်တီစံအိမ်ကြီး နောက်ဘက်တွင် ဆိတ်ငြိမ်သော နားနေ နေရာရှိပြီး စိမ်းလန်းသည့် သစ်ပင်များအလယ် တွင် အပန်းဖြေရန် ကောင်းမွန်သော နေရာ ဖြစ်သည်။

အဝင်ခန်းမမှ အထဲသို့ လှမ်းဝင်လိုက်သည်နှင့် ကျယ်ပြောသော ပထမထပ် Lobby အခန်းက ချက်ချင်းဖမ်းစားမည်ဖြစ်ပြီး ကြီးမားသော မှန်ပြတင်းများမှတဆင့် သဘာဝအလင်းတို့ တိုးဝှေ့နေကာ လင်းလင်းချင်းချင်းရှိသည်။

(ဓာတ်ပုံ-Instagram)

ကာဂျိုး၏ စံအိမ်တွင် လသာဆောင်နှင့် ဝရန်တာများ ကျယ်ဝန်းစွာ ပါဝင်ပြီး ကာဂျိုးက ထိုနေရာတွင် လက်ဖက်ရည်သောက်ရခြင်းကို သဘောကျသည်။

(ဓာတ်ပုံ-Instagram)

((ကြွယ်ဝမှု))

ကားဂျိုးနှင့် အဂျေးတို့၏ နှစ်ဦးပေါင်း ကြွယ်ဝမှုမှာ ရူပီး ကုဋေ ၅၀၀ ခန့် ရှိသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside Kajol and Ajay Devgn Rs 60 crore lavish house ‘Shivshakti’ – A look at their luxurious lifestyle, career, love story, net worth (financialexpress)

Photo Credit-Instagram

[Zawgyi]









((မိသားစုဘဝ))

ကာဂျိုးနှင့် အဂျေးတို့သည် အလွန်ချစ်ကြသော ချစ်သူများဘဝမှ ၁၉၉၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်တွင် အကြင်လင်မယား ဖြစ်လာခဲ့ကြပြီး ၂၀၀၃ ခုနှစ်တွင် သမီးဖြစ်သူ Nysa နှင့် ၂၀၁၀ တွင် သားဖြစ်သူ YUG တို့ကို မွေးဖွားခဲ့သည်။




((အချစ်ဇာတ်လမ်း))





(ဓာတ်ပုံ- Instagram)

(ဓာတ်ပုံ-Instagram)






(ဓာတ်ပုံ-Instagram)


(ဓာတ်ပုံ-Instagram)

((ကြွယ်ဝမှု))




နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Gucci မိသားစုနှင့် Calvin Klein တို့အပြင် အီတလီ သံအမတ်ကြီးများ နေထိုင်ခဲ့ဖူးသော နယူးယောက်မှ စံအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Gucci မိသားစုနှင့် Calvin Klein တို့အပြင် အီတလီ သံအမတ်ကြီးများ နေထိုင်ခဲ့ဖူးသော နယူးယောက်မှ စံအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ရီးရဲမက်ဒရစ်ရဲ့ ပဲ့ကိုင်ရှင် အန်ဆယ်လော့တီ၏ မက်ဒရစ်မြို့က စံအိမ်
ရီးရဲမက်ဒရစ်ရဲ့ ပဲ့ကိုင်ရှင် အန်ဆယ်လော့တီ၏ မက်ဒရစ်မြို့က စံအိမ်
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိုးယူခံရမှုတွင် ကူညီရောင်းချပေးခဲ့သည့်အမျိုးသား ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံရ...
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိုးယူခံရမှုတွင် ကူညီရောင်းချပေးခဲ့သည့်အမျိုးသား ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံရ...
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က ဗြိတိန်တွင် အိမ်ရှာဖွေမှု အလွန်များပြားလာနေ...
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က ဗြိတိန်တွင် အိမ်ရှာဖွေမှု အလွန်များပြားလာနေ...
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဒေါက်မြင့်ဖိနပ်စီးလိုသူများ အထူးပါမစ်လျှောက်ထားရသော ကယ်လီဖိုးနီးယားပြည်နယ်က မြို့လေး၊ ရေခဲမုန့်စားခြင်းကိုလည်း ထိုမြို့တွင် တားမြစ်ထား...
ဒေါက်မြင့်ဖိနပ်စီးလိုသူများ အထူးပါမစ်လျှောက်ထားရသော ကယ်လီဖိုးနီးယားပြည်နယ်က မြို့လေး၊ ရေခဲမုန့်စားခြင်းကိုလည်း ထိုမြို့တွင် တားမြစ်ထား...
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
The Rich Villa
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service