နာမည်ကြီးမော်ဒယ် ကေတီပရိုက်စ် အခွန် ပေါင် ၇၆၀,၀၀၀ ကျော် မပေးဆောင်နိုင်ကာ ဒုတိယအကြိမ် ဒေဝါလီ ခံခဲ့ရ၊ ပေါင် ၂ သန်းတန်အိမ်မှ ဆင်းပေးရန် တရားရုံးအမိန့် ထုတ်ခံရပြီးနောက် ဆပ်ဆက်ခရိုင်ရှိ အိပ်ခန်း ၄ ခန်းပါအိမ်သို့ ပြောင်းရွှေ့

နာမည်ကြီးမော်ဒယ် ကေတီပရိုက်စ် အခွန် ပေါင် ၇၆၀,၀၀၀ ကျော် မပေးဆောင်နိုင်ကာ ဒုတိယအကြိမ် ဒေဝါလီ ခံခဲ့ရ၊ ပေါင် ၂ သန်းတန်အိမ်မှ ဆင်းပေးရန် တရားရုံးအမိန့် ထုတ်ခံရပြီးနောက် ဆပ်ဆက်ခရိုင်ရှိ အိပ်ခန်း ၄ ခန်းပါအိမ်သို့ ပြောင်းရွှေ့ - Property News in Myanmar from iMyanmarHouse.com
6 Jun 2024 11:01 am တွင် တင်ခဲ့သည်
1036 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်မော်ဒယ် ကေတီပရိုက်စ်သည် ဒုတိယအကြိမ် ဒေဝါလီခံခဲ့ရပြီးနောက် ပေါင် ၂ သန်းတန် Mucky Mansion စံအိမ်မှ ပြောင်းရွှေ့ပေးခဲ့ရကာ ဆပ်ဆက်စ်ခရိုင်ရှိ နေအိမ်သစ်သို့ ရောက်ရှိလာသည်။

အသက် ၄၆ နှစ်ရှိပြီဖြစ်သော ကေတီပရိုက်စ်၏ နေအိမ်သို့ မေလ ၂၈ ရက် (အင်္ဂါနေ့) က အိမ်ပြောင်းရွှေ့သည့် ကားများရောက်လာကာ ပေါင် ၂ သန်းတန်အိမ်မှ ကျောခိုင်းထွက်ခွာခဲ့ရပြီ ဖြစ်သည်။

ထိုနေ့ ညပိုင်းတွင် ထွက်ပေါ်လာသော ဓာတ်ပုံများအရ အိမ်ပြောင်းရွှေ့ကားများသည် ကေတီပရိုက်စ် ပိုင်ဆိုင်သော ပစ္စည်းများ၊ သေတ္တာများကို ဆပ်ဆက်စ်ခရိုင်ရှိ တူးဒေါ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော အိပ်ခန်း ၃ ခန်းပါ နေအိမ်ရှေ့တွင် ချထားပေးနေသည်ကို တွေ့ရသည်။

အိမ်ပြောင်းရွှေ့အဖွဲ့သည် ကေတီပရိုက်စ်၏ ပစ္စည်းများကို နေအိမ်သစ်မှ ဂိုဒေါင်ထဲသို့ သယ်ယူပေးနေသည်ကို တွေ့ရသည်။

ရုပ်သံအစီအစဉ်တစ်ခုတွင် တင်ဆက်နေသူ ကေတီပရိုက်စ်သည် နေအိမ်သစ်တွင် ကလေး ၅ ယောက်နှင့်အတူ ပြောင်းရွှေ့နေထိုင်မည် ဖြစ်သည်။

ကေတီပရိုက်စ်က ပြောသည်မှာ မေလ ၂၅ ရက် ညပိုင်းက မိမိ၏ ပန်းရောင် Range Rover ကားကို လက်သရမ်းသူတို့က အက်ဆစ်ဖြင့် ပက်သွားကြောင်း၊ ထို့ကြောင့် Mucky Mansion စံအိမ်မှ ပြောင်းရန် စောင့်ပင်မနေနိုင်တော့ကြောင်း ပြောသည်။

ကေတီပရိုက်စ်သည် Mucky Mansion ကို ၂၀၁၄ ခုနှစ်အတွင်း Francis Maude ထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

 

(ကေတီပရိုက်စ်သည် ဒုတိယအကြိမ် ဒေဝါလီခံခဲ့ရပြီးနောက် Mucky Mansion စံအိမ်မှ ဆင်းပေးခဲ့ရကာ ဆပ်ဆက်စ်ခရိုင်ရှိ အိမ်တစ်လုံးသို့ ပြောင်းရွှေ့ခဲ့ရသည်)

 

(မေလ ၂၈ ရက်က အိမ်ပြောင်းရွှေ့ကားများ ရောက်လာခဲ့ပြီး အသက် ၄၆ နှစ်အရွယ်ရှိ ကေတီပရိုက်စ်မှာ ပေါင် ၂ သန်းတန် စံအိမ်မှ ထွက်ခွာခဲ့ရပြီ ဖြစ်သည်)

အိမ်ပြောင်းရွှေ့ ကား ၃ စင်းကို ကေတီပရိုက်စ်၏ အိမ်ရှေ့တွင် တွေ့ရပြီး အလုပ်သမားများမှာ ကားပေါ်သို့ ပရိဘောဂပစ္စည်းများ တင်နေသည်ကိုလည်း တွေ့ရသည်။

ကေတီပရိုက်စ်က အခြေအနေအရပ်ရပ်ကို အင်စတာဂရမ် လူမှုကွန်ရက်တွင် ပြောပြခဲ့သည်မှာ “ကျွန်မရဲ့ အိမ်မှာရပ်ထားတဲ့ ကားကို အက်ဆစ်နဲ့ အပက်ခံရတာကြောင့် ဒီအိမ်မှာ ဆက်မနေတော့ဖို့ အာဏာပိုင်တွေက ကျွန်မကို အကြံပေးခဲ့ပါတယ်” ဟု ဆိုသည်။

ကေတီပရိုက်စ်သည် အခွန်မဆောင်နိုင်ဘဲ ဒုတိယအကြိမ် ဒေဝါလီခံရသောကြောင့် နေအိမ်မှ ဆင်းပေးရမည် ဟူသော သတင်းများထွက်ပေါ်နေခြင်းကို မူလက မဟုတ်မှန်ကြောင်း ငြင်းနေခဲ့သော်လည်း နောက်ဆုံးတွင် အိမ်ပေါ်မှ ဆင်းပေးခဲ့ရခြင်းလည်း ဖြစ်သည်။

 

 

အတွင်းလူတစ်ဦးက The Sun သတင်းဌာနသို့ ပြောသည်မှာ ဤအိမ်ကြီးသည် ကေတီပရိုက်စ်အား အလွန် စိတ်မချမ်းသာစေခဲ့သောအိမ်ဖြစ်ကြောင်း၊ အိမ်မှာ အလွန်ကြီးမားသောကြောင့် တစ်ယောက်တည်း ထိန်းသိမ်းရန် မလွယ်ကူကြောင်း ၊ အလုပ်တစ်ဖက် ကလေးတစ်ဖက်နှင့် ကြီးမားလှသော အိမ်ကြီးကို ထိန်းသိမ်းရေးမှာ ပြဿနာတစ်ခုဖြစ်လာကြောင်း၊ ထို့အပြင် သရဲခြောက်သည်ဟုလည်း သိရကြောင်း ပြောသည်။

ကေတီပရိုက်စ်၏ အိမ်ရှေ့တွင် နေအိမ်ဥပစာမှ ထွက်ခွာပေးရန် တရားရုံးသတိပေးစာ ၂ ကြိမ် အကပ်ခံရ ပြီးနောက်ပိုင်း ကေတီပရိုက်စ်က အဆိုပါအိမ်မှ ပြောင်းတော့မည်ဖြစ်ကြောင်း မေလ ၂၄ ရက်တွင် ပထမဆုံး အကြိမ် ဝန်ခံအတည်ပြုခဲ့သည်။

(တူးဒေါ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော အိပ်ခန်း ၃ ခန်းပါ နေအိမ်၏ ဂိုဒေါင်အတွင်းသို့ ကေတီပရိုက်စ်၏ ပစ္စည်းများ သယ်ယူနေပုံ။)

 

(ကေတီပရိုက်စ်၏ ပစ္စည်းများကို နေအိမ်သစ်သို့ ပြောင်းရွှေ့နေပုံ)

 

(ပေါင် ၂ သန်းတန် Mucky Mansion စံအိမ်ရှေ့တွင် အိမ်ပြောင်းရွှေ့ကားများ ရောက်ရှိနေပုံ။ ဒုတိယအကြိမ် ဒေဝါလီခံခဲ့ရပြီး အိမ်ပေါ်မှ ဆင်းပေးရခြင်းဖြစ်သော်လည်း ကေတီပရိုက်စ်ကမူ ဘေးကင်းလုံခြုံရေး စိတ်မချရ သောကြောင့် အိမ်ပြောင်းခြင်းသာဖြစ်သည်ဟု ပြောသည်)

 

(ကေတီပရိုက်စ်က အခြေအနေအရပ်ရပ်ကို အင်စတာဂရမ် လူမှုကွန်ရက်တွင် ပြောပြခဲ့သည်မှာ “ကျွန်မရဲ့ အိမ်မှာရပ်ထားတဲ့ ကားကို အက်ဆစ်နဲ့ အပက်ခံရတာကြောင့် ဒီအိမ်မှာ ဆက်မနေတော့ဖို့ အာဏာပိုင်တွေက ကျွန်မကို အကြံပေးခဲ့ပါတယ်” ဟု ဆိုသည်။)

 

(ပေါင် ၂ သန်းတန် နေအိမ်မှ အိမ်ပြောင်းရွှေ့ကားပေါ်သို့ ပစ္စည်းများ တင်နေပုံ)

 

(Reed Removals အိမ်ပြောင်းရွှေ့ကုမ္ပဏီမှ အလုပ်သမားများ ကားပေါ်သို့ ပရိဘောဂများ တင်နေပုံ)

 

(ကေတီပရိုက်စ်သည် အဆိုပါအိမ်ကို ၂၀၁၄ ခုနှစ်အတွင်း ပေါင် ၂ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်)

 

(အိမ်ပြောင်းရွှေ့ကားများ ရောက်လာပြီးနောက် ကေတီပရိုက်စ်သည် သူမ၏ podcast show အစီအစဉ် တင်ဆက်ရန်အတွက် ဘရစ္စတိုးမြို့သို့ ထွက်ခွာသွားသည်)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Katie Price's new tudor-style four bedroom Sussex home as former glamour model downsizes after she is forced to leave her Mucky Mansion amid double bankruptcy (dailymail)

Photo Credit: dailymail

 

 

 

[Zawgyi]

နာမည္ၾကီးေမာ္ဒယ္ ေကတီပရိုက္စ္ အခြန္ ေပါင္ ၇၆၀,၀၀၀ ေက်ာ္ မေပးေဆာင္ႏိုင္ကာ ဒုတိယအၾကိမ္ ေဒဝါလီ ခံခဲ့ရ၊ ေပါင္ ၂ သန္းတန္အိမ္မွ ဆင္းေပးရန္ တရားရံုးအမိန္႔ ထုတ္ခံရျပီးေနာက္ ဆပ္ဆက္ခရိုင္ရွိ အိပ္ခန္း ၄ ခန္းပါအိမ္သို႔ ေျပာင္းေရႊ႕

 

အဂၤလန္ေမာ္ဒယ္ ေကတီပရိုက္စ္သည္ ဒုတိယအၾကိမ္ ေဒဝါလီခံခဲ့ရျပီးေနာက္ ေပါင္ ၂ သန္းတန္ Mucky Mansion စံအိမ္မွ ေျပာင္းေရႊ႕ေပးခဲ့ရကာ ဆပ္ဆက္စ္ခရိုင္ရွိ ေနအိမ္သစ္သို႔ ေရာက္ရွိလာသည္။

အသက္ ၄၆ ႏွစ္ရွိျပီျဖစ္ေသာ ေကတီပရိုက္စ္၏ ေနအိမ္သို႔ ေမလ ၂၈ ရက္ (အဂၤါေန႔) က အိမ္ေျပာင္းေရႊ႕သည့္ ကားမ်ားေရာက္လာကာ ေပါင္ ၂ သန္းတန္အိမ္မွ ေက်ာခိုင္းထြက္ခြာခဲ့ရျပီ ျဖစ္သည္။

ထိုေန႔ ညပိုင္းတြင္ ထြက္ေပၚလာေသာ ဓာတ္ပံုမ်ားအရ အိမ္ေျပာင္းေရႊ႕ကားမ်ားသည္ ေကတီပရိုက္စ္ ပိုင္ဆုိင္ေသာ ပစၥည္းမ်ား၊ ေသတၱာမ်ားကို ဆပ္ဆက္စ္ခရိုင္ရွိ တူးေဒၚဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားေသာ အိပ္ခန္း ၃ ခန္းပါ ေနအိမ္ေရွ႕တြင္ ခ်ထားေပးေနသည္ကို ေတြ႔ရသည္။ အိမ္ေျပာင္းေရႊ႕အဖြဲ႔သည္ ေကတီပရိုက္စ္၏ ပစၥည္းမ်ားကို ေနအိမ္သစ္မွ ဂိုေဒါင္ထဲသို႔ သယ္ယူေပးေနသည္ကို ေတြ႔ရသည္။

ရုပ္သံအစီအစဥ္တစ္ခုတြင္ တင္ဆက္ေနသူ ေကတီပရိုက္စ္သည္ ေနအိမ္သစ္တြင္ ကေလး ၅ ေယာက္ႏွင့္အတူ ေျပာင္းေရႊ႕ေနထုိင္မည္ ျဖစ္သည္။ ေကတီပရိုက္စ္က ေျပာသည္မွာ ေမလ ၂၅ ရက္ ညပိုင္းက မိမိ၏ ပန္းေရာင္ Range Rover ကားကို လက္သရမ္းသူတို႔က အက္ဆစ္ျဖင့္ ပက္သြားေၾကာင္း၊ ထို႔ေၾကာင့္ Mucky Mansion စံအိမ္မွ ေျပာင္းရန္ ေစာင့္ပင္မေနႏိုင္ေတာ့ေၾကာင္း ေျပာသည္။

ေကတီပရိုက္စ္သည္ Mucky Mansion ကို ၂၀၁၄ ခုႏွစ္အတြင္း Francis Maude ထံမွ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

(ေကတီပရိုက္စ္သည္ ဒုတိယအၾကိမ္ ေဒဝါလီခံခဲ့ရျပီးေနာက္ Mucky Mansion စံအိမ္မွ ဆင္းေပးခဲ့ရကာ ဆပ္ဆက္စ္ခရိုင္ရွိ အိမ္တစ္လံုးသို႔ ေျပာင္းေရႊ႕ခဲ့ရသည္)

(ေမလ ၂၈ ရက္က အိမ္ေျပာင္းေရႊ႕ကားမ်ား ေရာက္လာခဲ့ျပီး အသက္ ၄၆ ႏွစ္အရြယ္ရွိ ေကတီပရိုက္စ္မွာ ေပါင္ ၂ သန္းတန္ စံအိမ္မွ ထြက္ခြာခဲ့ရျပီ ျဖစ္သည္)

အိမ္ေျပာင္းေရႊ႕ ကား ၃ စင္းကို ေကတီပရိုက္စ္၏ အိမ္ေရွ႕တြင္ ေတြ႔ရျပီး အလုပ္သမားမ်ားမွာ ကားေပၚသုိ႔ ပရိေဘာဂပစၥည္းမ်ား တင္ေနသည္ကိုလည္း ေတြ႔ရသည္။

ေကတီပရိုက္စ္က အေျခအေနအရပ္ရပ္ကို အင္စတာဂရမ္ လူမႈကြန္ရက္တြင္ ေျပာျပခဲ့သည္မွာ “ကၽြန္မရဲ႕ အိမ္မွာရပ္ထားတဲ့ ကားကို အက္ဆစ္နဲ႔ အပက္ခံရတာေၾကာင့္ ဒီအိမ္မွာ ဆက္မေနေတာ့ဖို႔ အာဏာပိုင္ေတြက ကၽြန္မကို အၾကံေပးခဲ့ပါတယ္” ဟု ဆိုသည္။

ေကတီပရိုက္စ္သည္ အခြန္မေဆာင္ႏိုင္ဘဲ ဒုတိယအၾကိမ္ ေဒဝါလီခံရေသာေၾကာင့္ ေနအိမ္မွ ဆင္းေပးရမည္ ဟူေသာ သတင္းမ်ားထြက္ေပၚေနျခင္းကို မူလက မဟုတ္မွန္ေၾကာင္း ျငင္းေနခဲ့ေသာ္လည္း ေနာက္ဆံုးတြင္ အိမ္ေပၚမွ ဆင္းေပးခဲ့ရျခင္းလည္း ျဖစ္သည္။

အတြင္းလူတစ္ဦးက The Sun သတင္းဌာနသို႔ ေျပာသည္မွာ ဤအိမ္ၾကီးသည္ ေကတီပရိုက္စ္အား အလြန္ စိတ္မခ်မ္းသာေစခဲ့ေသာအိမ္ျဖစ္ေၾကာင္း၊ အိမ္မွာ အလြန္ၾကီးမားေသာေၾကာင့္ တစ္ေယာက္တည္း ထိန္းသိမ္း ရန္ မလြယ္ကူေၾကာင္း ၊ အလုပ္တစ္ဖက္ ကေလးတစ္ဖက္ႏွင့္ ၾကီးမားလွေသာ အိမ္ၾကီးကို ထိန္းသိမ္းေရးမွာ ျပႆနာတစ္ခုျဖစ္လာေၾကာင္း၊ ထို႔အျပင္ သရဲေျခာက္သည္ဟုလည္း သိရေၾကာင္း ေျပာသည္။

ေကတီပရိုက္စ္၏ အိမ္ေရွ႕တြင္ ေနအိမ္ဥပစာမွ ထြက္ခြာေပးရန္ တရားရံုးသတိေပးစာ ၂ ၾကိမ္ အကပ္ခံရ ျပီးေနာက္ပိုင္း ေကတီပရိုက္စ္က အဆိုပါအိမ္မွ ေျပာင္းေတာ့မည္ျဖစ္ေၾကာင္း ေမလ ၂၄ ရက္တြင္ ပထမဆံုး အၾကိမ္ ဝန္ခံအတည္ျပဳခဲ့သည္။

(တူးေဒၚဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားေသာ အိပ္ခန္း ၃ ခန္းပါ ေနအိမ္၏ ဂိုေဒါင္အတြင္းသို႔ ေကတီပရိုက္စ္၏ ပစၥည္းမ်ား သယ္ယူေနပံု။)

(ေကတီပရိုက္စ္၏ ပစၥည္းမ်ားကို ေနအိမ္သစ္သို႔ ေျပာင္းေရႊ႕ေနပံု)

(ေပါင္ ၂ သန္းတန္ Mucky Mansion စံအိမ္ေရွ႕တြင္ အိမ္ေျပာင္းေရႊ႕ကားမ်ား ေရာက္ရွိေနပံု။ ဒုတိယအၾကိမ္ ေဒဝါလီခံခဲ့ရျပီး အိမ္ေပၚမွ ဆင္းေပးရျခင္းျဖစ္ေသာ္လည္း ေကတီပရိုက္စ္ကမူ ေဘးကင္းလံုျခံဳေရး စိတ္မခ်ရ ေသာေၾကာင့္ အိမ္ေျပာင္းျခင္းသာျဖစ္သည္ဟု ေျပာသည္)

(ေကတီပရိုက္စ္က အေျခအေနအရပ္ရပ္ကို အင္စတာဂရမ္ လူမႈကြန္ရက္တြင္ ေျပာျပခဲ့သည္မွာ “ကၽြန္မရဲ႕ အိမ္မွာရပ္ထားတဲ့ ကားကို အက္ဆစ္နဲ႔ အပက္ခံရတာေၾကာင့္ ဒီအိမ္မွာ ဆက္မေနေတာ့ဖို႔ အာဏာပိုင္ေတြက ကၽြန္မကို အၾကံေပးခဲ့ပါတယ္” ဟု ဆိုသည္။)

(ေပါင္ ၂ သန္းတန္ ေနအိမ္မွ အိမ္ေျပာင္းေရႊ႕ကားေပၚသို႔ ပစၥည္းမ်ား တင္ေနပံု)

(Reed Removals အိမ္ေျပာင္းေရႊ႕ကုမၸဏီမွ အလုပ္သမားမ်ား ကားေပၚသို႔ ပရိေဘာဂမ်ား တင္ေနပံု)

(ေကတီပရိုက္စ္သည္ အဆိုပါအိမ္ကို ၂၀၁၄ ခုႏွစ္အတြင္း ေပါင္ ၂ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္)

(အိမ္ေျပာင္းေရႊ႕ကားမ်ား ေရာက္လာျပီးေနာက္ ေကတီပရိုက္စ္သည္ သူမ၏ podcast show အစီအစဥ္ တင္ဆက္ရန္အတြက္ ဘရစၥတုိးျမိဳ႕သို႔ ထြက္ခြာသြားသည္)

 

 

Ref: Katie Price's new tudor-style four bedroom Sussex home as former glamour model downsizes after she is forced to leave her Mucky Mansion amid double bankruptcy (dailymail)

Photo Credit: dailymail

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service