အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့် အရောင်းဈေးကွက်တင်လာ

အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့် အရောင်းဈေးကွက်တင်လာ - Property News in Myanmar from iMyanmarHouse.com
22 May 2024 2:25 pm တွင် တင်ခဲ့သည်
1296 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

သမိုင်းဝင်မြစ်တစ်စင်းဖြတ်သန်းစီးဆင်းသောနေရာ၊ Real Housewives ရုပ်သံအစီအစဉ်များတွင် ပါဝင်သော The Real Housewives of Potomac ကို ရိုက်ကူးခဲ့သောနေရာဖြစ်သည့် သစ်ပင်ပန်းမန်တို့ဖြင့် စိမ်းစိုအုပ်ဆိုင်း သော အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်၊ Potomac ဒေသတွင် ကမ္ဘာကျော်များဖြစ်သည့် ဆီဗက်စတာ စတားလုံးနှင့် မိုက်တိုင်ဆန်တို့၏ နေအိမ်များရှိသည်။

ထို့အပြင် တော်ဝင်တစ်ပါး၏ အိမ်တော်တစ်ခုလည်း ရှိနေသည်။

မှတ်တမ်းများအရ Potomac အရပ်တွင် စံအိမ်တော်ပိုင်ဆိုင်ထားသော တော်ဝင်ပုဂ္ဂိုလ်မှာ အီရန် အိမ်ရှေ့စံ ရီဇာ ပါလဗီ ဖြစ်သည်။

အဆိုပါစံအိမ်ကို ၁၉၉၆ ခုနှစ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဝယ်ယူပြီး နောက်ပိုင်းကတည်းက အိမ်ရှေ့မင်းသားက ပြုပြင်မွမ်းမံမှုများ ပြုလုပ်နေခဲ့သည်။

အိမ်ရှေ့စံ၏ အိမ်တော်တွင် အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၇ ခန်း၊ အုတ်နှင့် ကျောက်တို့ စီကာ အလှဆင် ထားသော နံရံ၊ ဂျော်ဂျီယာဗိသုကာဟန် ပင်မအိမ်တော်၊ ဂိုဒေါင်နှင့် ကားပါကင်နေရာများ ပါဝင်သည်။

အဆောက်အအုံများ၏ စုစုပေါင်းအကျယ်အဝန်းမှာ စတုရန်းပေ ၁၁၅၂၂ ရှိပြီး ၁၉၈၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

စက်ရုံထုတ်အလှဆင် သစ်ထုတ်ကုန်များ၊ မြင့်မားသော မျက်နှာကြက်များ၊ ထင်းသုံး မီးလင်းဖို ၄ ခု၊ သစ်မာသား ကြမ်းခင်းများဖြင့် သပ်ရပ်လှပသော စံအိမ်ဖြစ်သည်။

(အီရန် အိမ်ရှေ့စံ၏ အိမ်တော်ကို ခြံဝန်းတံခါးနေရာမှ တွေ့ရပုံ။ ဓာတ်ပုံ-Realtor)

(မီးလင်းဖိုပါသော အခန်းတစ်ခန်း။ ဓာတ်ပုံ-Realtor)

(မြင့်မားသော မျက်နှာကြက်၊ သဘာဝအလင်းကောင်းစွာရသောအခန်း။ ဓာတ်ပုံ-Realtor)

နှစ်ပေါင်းများစွာကာလအတွင်း ဤစံအိမ်ကို ပြုပြင်မွမ်းမံခဲ့မှုများမှာ ကန်ဒေါ်လာ ၂ သန်းခန့် ကုန်ကျခဲ့သည်။

မကြာသေးမီက ပြုပြင်မွမ်းမံခဲ့သည်များမှာ မီးဖိုဆောင်၊ primary နှင့် secondary ရေချိုးခန်းများ၊ အမိုးနှင့် mechanical system တို့ ဖြစ်သည်။

(စာကြည့်ခန်းတွင် သစ် နံရံများနှင့် မီးလင်းဖိုတို့ တွေ့ရသည်။ ဓာတ်ပုံ-Realtor)

(မကြာသေးမီက ပြန်လည်မွမ်းမံထားသော မီးဖိုဆောင်တွင် ညစာစားနေရာလည်း ပါဝင်သည်။ ဓာတ်ပုံ-Realtor)

(ပြန်လည်မွမ်းမံထားသော ပင်မရေချိုးခန်း။ ဓာတ်ပုံ-Realtor)

ခြံဝန်းအတွင်း ကျယ်ပြောသော ပန်းဥယျာဉ်များ၊ မြက်ခင်းပြင်များနှင့် အနားမညီ လွတ်လပ်စွာ ပုံဖော်ထားသော ရေကူးကန်တို့ရှိပြီး အထင်ကရ Landscape ဗိသုကာပညာရှင် Richard Arentz က ပုံဖော်ပေးခဲ့ခြင်း ဖြစ်သည်။

(အောက်ထပ်တွင် အရက်ဘားပါသော အပန်းဖြေခန်း ရှိသည်။ ဓာတ်ပုံ-Realtor)

(လွတ်လပ်စွာ ပုံဖော်ထားသော ရေကူးကန်။ ဓာတ်ပုံ-Realtor)

(ကားဂိုဒေါင်နေရာကို လက်ရှိအားဖြင့် အားကစားလေ့ကျင့်ခန်းမနှင့် ရုံးခန်းအဖြစ် အသုံးပြုထားသည်။ ဓာတ်ပုံ-Realtor)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Crown Prince of Iran Reza Pahlavi Lists His Royal Residence in Potomac, MD, for $3.1M (realtor)

Photo Credit-realtor

[Zawgyi]

အီရန္ အိမ္ေရွ႕မင္းသား ရီဇာ ပါလဗီက အေမရိကန္ျပည္၊ ေမရီလန္းျပည္နယ္ရွိ သူ၏ ေတာ္ဝင္စံအိမ္ေတာ္ကို ကန္ေဒၚလာ ၃ ဒသမ ၁ သန္းျဖင့္ အေရာင္းေစ်းကြက္တင္လာ

သမိုင္းဝင္ျမစ္တစ္စင္းျဖတ္သန္းစီးဆင္းေသာေနရာ၊ Real Housewives ရုပ္သံအစီအစဥ္မ်ားတြင္ ပါဝင္ေသာ The Real Housewives of Potomac ကို ရိုက္ကူးခဲ့ေသာေနရာျဖစ္သည့္ သစ္ပင္ပန္းမန္တို႔ျဖင့္ စိမ္းစိုအုပ္ဆိုင္း ေသာ အေမရိကန္ျပည္ေထာင္စု၊ ေမရီလန္းျပည္နယ္၊ Potomac ေဒသတြင္ ကမၻာေက်ာ္မ်ားျဖစ္သည့္ ဆီဗက္စတာ စတားလံုးႏွင့္ မိုက္တိုင္ဆန္တို႔၏ ေနအိမ္မ်ားရွိသည္။

ထို႔အျပင္ ေတာ္ဝင္တစ္ပါး၏ အိမ္ေတာ္တစ္ခုလည္း ရွိေနသည္။

မွတ္တမ္းမ်ားအရ Potomac အရပ္တြင္ စံအိမ္ေတာ္ပိုင္ဆိုင္ထားေသာ ေတာ္ဝင္ပုဂၢိဳလ္မွာ အီရန္ အိမ္ေရွ႕စံ ရီဇာ ပါလဗီျဖစ္သည္။

အဆိုပါစံအိမ္ကို ၁၉၉၆ ခုႏွစ္တြင္ ကန္ေဒၚလာ ၁ ဒသမ ၂၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ဝယ္ယူျပီး ေနာက္ပိုင္းကတည္းက အိမ္ေရွ႕မင္းသားက ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ေနခဲ့သည္။

အိမ္္ေရွ႕စံ၏ အိမ္ေတာ္တြင္ အိပ္ခန္း ၇ ခန္း၊ ေရခ်ဳိးခန္း ၇ ခန္း၊ အုတ္ႏွင့္ ေက်ာက္တို႔ စီကာ အလွဆင္ ထားေသာ နံရံ၊ ေဂ်ာ္ဂ်ီယာဗိသုကာဟန္ ပင္မအိမ္ေတာ္၊ ဂိုေဒါင္ႏွင့္ ကားပါကင္ေနရာမ်ား ပါဝင္သည္။

အေဆာက္အအံုမ်ား၏ စုစုေပါင္းအက်ယ္အဝန္းမွာ စတုရန္းေပ ၁၁၅၂၂ ရွိျပီး ၁၉၈၉ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

စက္ရံုထုတ္အလွဆင္ သစ္ထုတ္ကုန္မ်ား၊ ျမင့္မားေသာ မ်က္ႏွာၾကက္မ်ား၊ ထင္းသံုး မီးလင္းဖို ၄ ခု၊ သစ္မာသား ၾကမ္းခင္းမ်ားျဖင့္ သပ္ရပ္လွပေသာ စံအိမ္ျဖစ္သည္။

(အီရန္ အိမ္ေရွ႕စံ၏ အိမ္ေတာ္ကို ျခံဝန္းတံခါးေနရာမွ ေတြ႔ရပံု။ ဓာတ္ပံု-Realtor)

(မီးလင္းဖိုပါေသာ အခန္းတစ္ခန္း။ ဓာတ္ပံု-Realtor)

(ျမင့္မားေသာ မ်က္ႏွာၾကက္၊ သဘာဝအလင္းေကာင္းစြာရေသာအခန္း။ ဓာတ္ပံု-Realtor)

ႏွစ္ေပါင္းမ်ားစြာကာလအတြင္း ဤစံအိမ္ကို ျပဳျပင္မြမ္းမံခဲ့မႈမ်ားမွာ ကန္ေဒၚလာ ၂ သန္းခန္႔ ကုန္က်ခဲ့သည္။

မၾကာေသးမီက ျပဳျပင္မြမ္းမံခဲ့သည္မ်ားမွာ မီးဖိုေဆာင္၊ primary ႏွင့္ secondary ေရခ်ဳိးခန္းမ်ား၊ အမိုးႏွင့္ mechanical system တို႔ ျဖစ္သည္။

(စာၾကည့္ခန္းတြင္ သစ္ နံရံမ်ားႏွင့္ မီးလင္းဖိုတို႔ ေတြ႔ရသည္။ ဓာတ္ပံု-Realtor)

(မၾကာေသးမီက ျပန္လည္မြမ္းမံထားေသာ မီးဖိုေဆာင္တြင္ ညစာစားေနရာလည္း ပါဝင္သည္။ ဓာတ္ပံု-Realtor)

(ျပန္လည္မြမ္းမံထားေသာ ပင္မေရခ်ဳိးခန္း။ ဓာတ္ပံု-Realtor)

ျခံဝန္းအတြင္း က်ယ္ေျပာေသာ ပန္းဥယ်ာဥ္မ်ား၊ ျမက္ခင္းျပင္မ်ားႏွင့္ အနားမညီ လြတ္လပ္စြာ ပံုေဖာ္ထားေသာ ေရကူးကန္တို႔ရွိျပီး အထင္ကရ Landscape ဗိသုကာပညာရွင္ Richard Arentz က ပံုေဖာ္ေပးခဲ့ျခင္း ျဖစ္သည္။

(ေအာက္ထပ္တြင္ အရက္ဘားပါေသာ အပန္းေျဖခန္း ရွိသည္။ ဓာတ္ပံု-Realtor)

(လြတ္လပ္စြာ ပံုေဖာ္ထားေသာ ေရကူးကန္။ ဓာတ္ပံု-Realtor)

(ကားဂိုေဒါင္ေနရာကို လက္ရွိအားျဖင့္ အားကစားေလ့က်င့္ခန္းမႏွင့္ ရံုးခန္းအျဖစ္ အသံုးျပဳထားသည္။ ဓာတ္ပံု-Realtor)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Crown Prince of Iran Reza Pahlavi Lists His Royal Residence in Potomac, MD, for $3.1M (realtor)

Photo Credit-realtor

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဝေလငါးတစ်ကောင် ရေငုပ်နေသယောင် ဒီဇိုင်းဖြင့်တည်ဆောက်ထားသော နော်ဝေနိုင်ငံမှ ဝေလငါးခန်းမ
ဝေလငါးတစ်ကောင် ရေငုပ်နေသယောင် ဒီဇိုင်းဖြင့်တည်ဆောက်ထားသော နော်ဝေနိုင်ငံမှ ဝေလငါးခန်းမ
၇၁၁ ဧက ကျယ်ဝန်းကာ ရဲတိုက်ကြီးတစ်လုံးနှင့် မြစ်တစ်စင်းပါသော ဗြိတိန်၏ အကြီးကျယ်ခမ်းနားဆုံး အိမ်ခြံမြေများတွင် ပါဝင်သော ခြံဝန်းကြီး ပေါင် ၁၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
၇၁၁ ဧက ကျယ်ဝန်းကာ ရဲတိုက်ကြီးတစ်လုံးနှင့် မြစ်တစ်စင်းပါသော ဗြိတိန်၏ အကြီးကျယ်ခမ်းနားဆုံး အိမ်ခြံမြေများတွင် ပါဝင်သော ခြံဝန်းကြီး ပေါင် ၁၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
စင်္ကာပူရှိ နာမည်ကြီး စူပါမာ့ကက်အုပ်စု ပိုင်ရှင်၏ သားဖြစ်သူက သူ၏နေအိမ်ကို စင်္ကာပူဒေါ်လာ ၈၃ သန်းဖြင့် ရောင်းချရန် စီစဉ်လာ...
စင်္ကာပူရှိ နာမည်ကြီး စူပါမာ့ကက်အုပ်စု ပိုင်ရှင်၏ သားဖြစ်သူက သူ၏နေအိမ်ကို စင်္ကာပူဒေါ်လာ ၈၃ သန်းဖြင့် ရောင်းချရန် စီစဉ်လာ...
ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံမှာ လူနေအိမ်ရာ အကျပ်အတည်း ဘယ်လိုဖြေရှင်းနေလဲ
ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံမှာ လူနေအိမ်ရာ အကျပ်အတည်း ဘယ်လိုဖြေရှင်းနေလဲ
၂၃ နာရီလျှင် တစ်ကြိမ် ရာဇာဝတ်မှုတစ်ခု ဖြစ်ပွားသောနေရာ၊ ရဲနှင့် လူနာတင်ကား မကြာခဏ ခေါ်နေရသော နေရာ (သို့မဟုတ်) ဗြိတိန်၏ အန္တရာယ်အကြီးဆုံး စရိုက်အကျဆုံးလမ်း...
၂၃ နာရီလျှင် တစ်ကြိမ် ရာဇာဝတ်မှုတစ်ခု ဖြစ်ပွားသောနေရာ၊ ရဲနှင့် လူနာတင်ကား မကြာခဏ ခေါ်နေရသော နေရာ (သို့မဟုတ်) ဗြိတိန်၏ အန္တရာယ်အကြီးဆုံး စရိုက်အကျဆုံးလမ်း...
အင်္ဂလန်မှ သူဌေးကြီး အပန်းဖြေခရီးထွက်ရာတွင် ဘီလျံနာဖြစ်သော်လည်း ဇနီးဖြစ်သူက ခွင့်မပြုသောကြောင့် Luxury ဟိုတယ်ကြီးများတွင် မတည်းခိုရဘဲ တစ်ညလျှင် ပေါင် ၉၀ မျှသာ ပေးရသော ဟိုတယ်တွင် တည်းခိုရ...
အင်္ဂလန်မှ သူဌေးကြီး အပန်းဖြေခရီးထွက်ရာတွင် ဘီလျံနာဖြစ်သော်လည်း ဇနီးဖြစ်သူက ခွင့်မပြုသောကြောင့် Luxury ဟိုတယ်ကြီးများတွင် မတည်းခိုရဘဲ တစ်ညလျှင် ပေါင် ၉၀ မျှသာ ပေးရသော ဟိုတယ်တွင် တည်းခိုရ...
မိုဂျာဗီသဲကန္တာရအလယ်မှ လူသူတစ်ဦးမှ မရှိသော မြို့ကလေးတွင် ဖွင့်လှစ်ထားသော ကော်ဖီဆိုင်ကလေး...
မိုဂျာဗီသဲကန္တာရအလယ်မှ လူသူတစ်ဦးမှ မရှိသော မြို့ကလေးတွင် ဖွင့်လှစ်ထားသော ကော်ဖီဆိုင်ကလေး...
အင်္ဂလန်တွင် အမျိုးသားတစ်ဦးက ယူရို ၂၀၂၄ ဘောလုံးပွဲအထိမ်းအမှတ်အဖြစ် နေအိမ်အပြင်ဘက် နံရံတစ်ခုလုံးကို အင်္ဂလန်အလံများဖြင့် ဖုံးအုပ်ထားရာ ဒေသခံတို့က မျက်စိစပါးမွေးစူးကြောင်း ဝေဖန်ကြ...
အင်္ဂလန်တွင် အမျိုးသားတစ်ဦးက ယူရို ၂၀၂၄ ဘောလုံးပွဲအထိမ်းအမှတ်အဖြစ် နေအိမ်အပြင်ဘက် နံရံတစ်ခုလုံးကို အင်္ဂလန်အလံများဖြင့် ဖုံးအုပ်ထားရာ ဒေသခံတို့က မျက်စိစပါးမွေးစူးကြောင်း ဝေဖန်ကြ...
အမေရိကန် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီး Blackstone က ဗြိတိန်တွင် နေအိမ်ပေါင်း ထောင်နှင့်ချီကာ ဝယ်ယူ...
အမေရိကန် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီး Blackstone က ဗြိတိန်တွင် နေအိမ်ပေါင်း ထောင်နှင့်ချီကာ ဝယ်ယူ...
နေအိမ်များနှင့် လမ်းများကို လျှပ်စစ်ဓာတ်အား သိုလှောင်ထားနိုင်သည့် ဘက်ထရီကြီးများအဖြစ် ပြောင်းလဲပေးနိုင်သော ကွန်ကရစ်တစ်မျိုးကို အမေရိကန်ရှိ မက်ဆာချူးဆက်တက္ကသိုလ်မှ ပညာရှင်များက တီထွင်၊ လမ်းပေါ်တွင် ကားမောင်းနေရင်း ကြိုးမဲ့စနစ်ဖြင့် အားသွင်းနိုင်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပထမဇနီးကို သတ်ခဲ့သည့်အပြင် ဒုတိယဇနီးနှင့် ရသော ကလေး ၂ ဦးကိုလည်း မကောင်းဆိုးရွားများ ဖြစ်သည် ဟုဆိုကာ ဒုတိယဇနီးနှင့် ပူးပေ
ပထမဇနီးကို သတ်ခဲ့သည့်အပြင် ဒုတိယဇနီးနှင့် ရသော ကလေး ၂ ဦးကိုလည်း မကောင်းဆိုးရွားများ ဖြစ်သည် ဟုဆိုကာ ဒုတိယဇနီးနှင့် ပူးပေ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
Elon Musk က Tesla ၏ ဒါရိုက်တာထံမှ နေအိမ်ဝယ်ယူရန် ဆွေးနွေးလျက်ရှိရာ ရှယ်ယာရှင်တို့အကြား ကုမ္ပဏီ၏ အုပ်ချုပ်မှုကဏ္ဍအပေါ် ရတ
Elon Musk က Tesla ၏ ဒါရိုက်တာထံမှ နေအိမ်ဝယ်ယူရန် ဆွေးနွေးလျက်ရှိရာ ရှယ်ယာရှင်တို့အကြား ကုမ္ပဏီ၏ အုပ်ချုပ်မှုကဏ္ဍအပေါ် ရတ
တရုတ်ပြည်တွင် ဆောက်လုပ်ထားသော လုံးဝအပြင်ထွက်စရာမလိုအောင် အရာရာပြီးပြည့်စုံပြီး လူပေါင်း ၃၀၀၀၀ နေထိုင်နိုင်သည့် အံ့မခန်းလ
တရုတ်ပြည်တွင် ဆောက်လုပ်ထားသော လုံးဝအပြင်ထွက်စရာမလိုအောင် အရာရာပြီးပြည့်စုံပြီး လူပေါင်း ၃၀၀၀၀ နေထိုင်နိုင်သည့် အံ့မခန်းလ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ
၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ
အမေရိကန်ပြည်တွင် အိမ်ထောင်သက် ၁၄ နှစ်တာ ကာလအတွင်း ခင်ပွန်းဖြစ်သူမှာ လုံးဝ အလုပ်မလုပ်ခဲ့ဘဲ အမြဲဂေါက်ရိုက် နေလေ့ရှိကာ ကွာရ
အမေရိကန်ပြည်တွင် အိမ်ထောင်သက် ၁၄ နှစ်တာ ကာလအတွင်း ခင်ပွန်းဖြစ်သူမှာ လုံးဝ အလုပ်မလုပ်ခဲ့ဘဲ အမြဲဂေါက်ရိုက် နေလေ့ရှိကာ ကွာရ
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စီးပွားလာဘ်လာဘ ပိတ်စေသဖြင့် အိမ်တွင်မစိုက်ပျိုးသင့်တဲ့ ဆင်စွယ်ဂမုန်း
စီးပွားလာဘ်လာဘ ပိတ်စေသဖြင့် အိမ်တွင်မစိုက်ပျိုးသင့်တဲ့ ဆင်စွယ်ဂမုန်း
စင်္ကာပူရှိ နာမည်ကြီး စူပါမာ့ကက်အုပ်စု ပိုင်ရှင်၏ သားဖြစ်သူက သူ၏နေအိမ်ကို စင်္ကာပူဒေါ်လာ ၈၃ သန်းဖြင့် ရောင်းချရန် စီစဉ်လ
စင်္ကာပူရှိ နာမည်ကြီး စူပါမာ့ကက်အုပ်စု ပိုင်ရှင်၏ သားဖြစ်သူက သူ၏နေအိမ်ကို စင်္ကာပူဒေါ်လာ ၈၃ သန်းဖြင့် ရောင်းချရန် စီစဉ်လ
shwe-moe-kaung
land-plots

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service