Amazon တည်ထောင်သူ ဂျက်ဘေးဇော့စ် Elon Musk ကို ဖြတ်ကျော်ကာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာ

Amazon တည်ထောင်သူ ဂျက်ဘေးဇော့စ် Elon Musk ကို ဖြတ်ကျော်ကာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
12 Mar 2024 12:24 pm တွင် တင်ခဲ့သည်
1133 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ပြီးခဲ့သော တနင်္လာနေ့က ထုတ်ပြန်ခဲ့သည့် Bloomberg ဘီလျံနာညွှန်းကိန်းအရ ဂျက်ဘေးဇော့စ်သည် Elon Musk ကို ဖြတ်ကျော်ကာ ကမ္ဘာ့အချမ်းသာဆုုံး ပုဂ္ဂိုလ်နေရာကို ပြန်လည် ရယူသွားခဲ့သည်။

အဆိုပါ ညွှန်းကိန်းအရ Amazon တည်ထောင်သူ ဂျက်ဘေးဇော့စ်သည် ကြွယ်ဝမှု ကန်ဒေါ်လာ ၂၀၀ ဘီလီယံ ဖြင့် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် ထိပ်ဆုံးသို့ ရောက်ရှိလာသည်။

၎င်း၏ နောက်တွင် Elon Musk မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၁၉၈ ဘီလီယံဖြင့် ရပ်တည်နေသည်။

ပြီးခဲ့သောနှစ်အတွင်း Elon Musk သည် ကန်ဒေါ်လာ ၃၁ ဘီလီယံခန့် ဆုံးရှုံးခဲ့ပြီး ဂျက်ဘေးဇော့စ်မှာ ကန်ဒေါ်လာ ၂၃ ဘီလီယံ ဝင်ငွေရှိခဲ့ကြောင်း အဆိုပါ ညွှန်းကိန်းမှ ဖော်ပြသည်။ ပြီးခဲ့သော တနင်္လာနေ့က Tesla ၏ ရှယ်ယာဈေးနှုန်းများ ၇ ရာခိုင်နှုန်းကျော် ထိုးကျခဲ့သည်။

Elon Musk သည် ၂၀၂၃ ခုနှစ် ၊ မေလ အတွင်းက LVMH ၏ စီအီးအို Bernard Arnault ကို ဖြတ်ကျော်ကာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။

Bernard Arnault သည် Louis Vuitton, Dior နှင့် Celine တို့ကဲ့သို့ ကမ္ဘာကျော် အမှတ်တံဆိပ်များဖြင့် လည်ပတ်နေသော ကမ္ဘာ့အကြီးမားဆုံး လုပ်ငန်းစုံ ကုမ္ပဏီကြီးကို ကွပ်ကဲနေသူ ဖြစ်သည်။

ဘီလီယံရာနှင့်ချီ၍ ချမ်းသာသောပုဂ္ဂိုလ် ၃ ဦး ဖြစ်သည့် Elon Musk ၊ Bernard Arnault နှင့် ဂျက်ဘေးဇော့စ် တို့ ၃ ဦးသည် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်နေရာအတွက် ဘတစ်ပြန်ကျားတစ်ပြန် ပြိုင်ဆိုင်လျက် ရှိကြသည်။

ကိုဗစ်ကပ်ဘေးကာလအတွင်း တန်ဖိုးကြီးလူသုံးကုန်ပစ္စည်းများ ရောင်းအားမြင့်တက်ခဲ့ရာ LVMH ၏ ရှယ်ယာ ဈေး ထိုးတက်ခဲ့မှုကြောင့် Arnault ၏ ကြွယ်ဝမှု မြင့်တက်လာခြင်း ဖြစ်သည်။

ယခုနှစ်အစောပိုင်းတွင် ဒီလာဝယ်ပြည်နယ် တရားရုံးတစ်ခုက Tesla က Elon Musk အား ပေးရမည့် ၂၀၁၈ ခုနှစ် လစာ ကန်ဒေါ်လာ ၅၀ ဘီလီယံကျော်ကို ပယ်ဖျက် ပိတ်ပင်ခဲ့သည်။

Tesla ၏ ရှယ်ယာဈေးနှုန်းများသည် နှစ်အလိုက် နှိုင်းယှဉ်မှုတွင် ၂၄ ရာခိုင်နှုန်းခန့် ထိုးကျသွားခဲ့သည်။

စင်စစ်ကား ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်နေရာသည် ရှယ်ယာဈေးကွက် အခြေအနေပေါ် မူတည်ကာ လအနည်းငယ်ကြာတိုင်း အပြောင်းအလဲ ဖြစ်လေ့ရှိသည်။

Elon Musk နှင့် Arnault တို့သည် ထိပ်ဆုံးနေရာတွင် မရှိသော်လည်း များစွာ ချမ်းသာကြွယ်ဝနေဆဲ ဖြစ်သည်။

၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ၅ ဦး၏ ကြွယ်ဝမှုမှာ ၁၁၄ ရာခိုင်နှုန်းအထိ ထိုးတက် ခဲ့ပြီး စုစုပေါင်း ကန်ဒေါ်လာ ၈၆၉ ဘီလီယံအထိရှိကြောင်း Oxfam ၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြသည်။

(မှတ်ချက်။ Business Insider သတင်းတစ်ရပ်တွင် ဖော်ပြချက်အရ ဂျက်ဘေးဇော့စ်သည် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် ရက်အနည်းငယ်သာ ရပ်တည်နိုင်ခဲ့ပြီး LVMH ပူးတွဲတည်ထောင်သူ Bernard Arnault က ဂျက်ဘေးဇော့စ်အား ဖြတ်ကျော်ကာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာကြောင်း ဖော်ပြသည်)

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Jeff Bezos Surpasses Elon Musk as World’s Richest Person

Photo Credit: Getty Images

[Zawgyi]

Amazon တည္ေထာင္သူ ဂ်က္ေဘးေဇာ့စ္ Elon Musk ကို ျဖတ္ေက်ာ္ကာ ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္ျဖစ္လာ

ျပီးခဲ့ေသာ တနလၤာေန႔က ထုတ္ျပန္ခဲ့သည့္ Bloomberg ဘီလ်ံနာညႊန္းကိန္းအရ ဂ်က္ေဘးေဇာ့စ္သည္ Elon Musk ကို ျဖတ္ေက်ာ္ကာ ကမၻာ့အခ်မ္းသာဆုံုး ပုဂၢိဳလ္ေနရာကို ျပန္လည္ ရယူသြားခဲ့သည္။

အဆိုပါ ညႊန္းကိန္းအရ Amazon တည္ေထာင္သူ ဂ်က္ေဘးေဇာ့စ္သည္ ၾကြယ္ဝမႈ ကန္ေဒၚလာ ၂၀၀ ဘီလီယံ ျဖင့္ ကမၻာ့အခ်မ္းသာဆံုး ပုဂၢိဳလ္အျဖစ္ ထိပ္ဆံုးသို႔ ေရာက္ရွိလာသည္။

၎၏ ေနာက္တြင္ Elon Musk မွာ ၾကြယ္ဝမႈ ကန္ေဒၚလာ ၁၉၈ ဘီလီယံျဖင့္ ရပ္တည္ေနသည္။

ျပီးခဲ့ေသာႏွစ္အတြင္း Elon Musk သည္ ကန္ေဒၚလာ ၃၁ ဘီလီယံခန္႔ ဆံုးရံႈးခဲ့ျပီး ဂ်က္ေဘးေဇာ့စ္မွာ ကန္ေဒၚလာ ၂၃ ဘီလီယံ ဝင္ေငြရွိခဲ့ေၾကာင္း အဆိုပါ ညႊန္းကိန္းမွ ေဖာ္ျပသည္။ ျပီးခဲ့ေသာ တနလၤာေန႔က Tesla ၏ ရွယ္ယာေစ်းႏႈန္းမ်ား ၇ ရာခိုင္ႏႈန္းေက်ာ္ ထိုးက်ခဲ့သည္။

Elon Musk သည္ ၂၀၂၃ ခုႏွစ္ ၊ ေမလ အတြင္းက LVMH ၏ စီအီးအို Bernard Arnault ကို ျဖတ္ေက်ာ္ကာ ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္ျဖစ္လာခဲ့သည္။

Bernard Arnault သည္ Louis Vuitton, Dior ႏွင့္ Celine တို႔ကဲ့သို႔ ကမၻာေက်ာ္ အမွတ္တံဆိပ္မ်ားျဖင့္ လည္ပတ္ေနေသာ ကမၻာ့အၾကီးမားဆံုး လုပ္ငန္းစံု ကုမၸဏီၾကီးကို ကြပ္ကဲေနသူ ျဖစ္သည္။

ဘီလီယံရာႏွင့္ခ်ီ၍ ခ်မ္းသာေသာပုဂၢိဳလ္ ၃ ဦး ျဖစ္သည့္ Elon Musk ၊ Bernard Arnault ႏွင့္ ဂ်က္ေဘးေဇာ့စ္ တို႔ ၃ ဦးသည္ ကမၻာ့အခ်မ္းသာဆံုး ပုဂၢိဳလ္ေနရာအတြက္ ဘတစ္ျပန္က်ားတစ္ျပန္ ျပိဳင္ဆိုင္လ်က္ ရွိၾကသည္။

ကိုဗစ္ကပ္ေဘးကာလအတြင္း တန္ဖိုးၾကီးလူသံုးကုန္ပစၥည္းမ်ား ေရာင္းအားျမင့္တက္ခဲ့ရာ LVMH ၏ ရွယ္ယာ ေစ်း ထိုးတက္ခဲ့မႈေၾကာင့္ Arnault ၏ ၾကြယ္ဝမႈ ျမင့္တက္လာျခင္း ျဖစ္သည္။

ယခုႏွစ္အေစာပိုင္းတြင္ ဒီလာဝယ္ျပည္နယ္ တရားရံုးတစ္ခုက Tesla က Elon Musk အား ေပးရမည့္ ၂၀၁၈ ခုႏွစ္ လစာ ကန္ေဒၚလာ ၅၀ ဘီလီယံေက်ာ္ကို ပယ္ဖ်က္ ပိတ္ပင္ခဲ့သည္။

Tesla ၏ ရွယ္ယာေစ်းႏႈန္းမ်ားသည္ ႏွစ္အလိုက္ ႏိႈင္းယွဥ္မႈတြင္ ၂၄ ရာခိုင္ႏႈန္းခန္႔ ထုိးက်သြားခဲ့သည္။

စင္စစ္ကား ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္ေနရာသည္ ရွယ္ယာေစ်းကြက္ အေျခအေနေပၚ မူတည္ကာ လအနည္းငယ္ၾကာတိုင္း အေျပာင္းအလဲ ျဖစ္ေလ့ရွိသည္။

Elon Musk ႏွင့္ Arnault တို႔သည္ ထိပ္ဆံုးေနရာတြင္ မရွိေသာ္လည္း မ်ားစြာ ခ်မ္းသာၾကြယ္ဝေနဆဲ ျဖစ္သည္။

၂၀၂၀ ျပည့္ႏွစ္ေနာက္ပိုင္း ကမၻာ့အခ်မ္းသာဆံုး ပုဂၢိဳလ္ ၅ ဦး၏ ၾကြယ္ဝမႈမွာ ၁၁၄ ရာခိုင္ႏႈန္းအထိ ထိုးတက္ ခဲ့ျပီး စုစုေပါင္း ကန္ေဒၚလာ ၈၆၉ ဘီလီယံအထိရွိေၾကာင္း Oxfam ၏ ႏွစ္ပတ္လည္ အစီရင္ခံစာတြင္ ေဖာ္ျပသည္။

(မွတ္ခ်က္။ Business Insider သတင္းတစ္ရပ္တြင္ ေဖာ္ျပခ်က္အရ ဂ်က္ေဘးေဇာ့စ္သည္ ကမၻာ့အခ်မ္းသာဆံုး ပုဂၢိဳလ္အျဖစ္ ရက္အနည္းငယ္သာ ရပ္တည္ႏိုင္ခဲ့ျပီး LVMH ပူးတြဲတည္ေထာင္သူ Bernard Arnault က ဂ်က္ေဘးေဇာ့စ္အား ျဖတ္ေက်ာ္ကာ ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္ျဖစ္လာေၾကာင္း ေဖာ္ျပသည္)

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစရွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္ရွိသည့္ အိမ္ၿခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Jeff Bezos Surpasses Elon Musk as World’s Richest Person

Photo Credit: Getty Images

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service