ဗြိတိန်၏ ပထမဆုံးဝန်ကြီးချုပ် ဆာရောဘတ် ဝါးလ်ပိုး (မြန်မာနိုင်ငံတွင် တနင်္ဂနွေမင်းလက်ထက် ) နေထိုင်ခဲ့ သော လန်ဒန်မြို့အဆောက်အအုံရှိ Triplex Penthouse ခန်း ပေါင် ၁၅ ဒသမ ၅ သန်းဖြင့် ရောင်းမည်

ဗြိတိန်၏ ပထမဆုံးဝန်ကြီးချုပ် ဆာရောဘတ် ဝါးလ်ပိုး (မြန်မာနိုင်ငံတွင် တနင်္ဂနွေမင်းလက်ထက် ) နေထိုင်ခဲ့ သော လန်ဒန်မြို့အဆောက်အအုံရှိ Triplex Penthouse ခန်း ပေါင် ၁၅ ဒသမ ၅ သန်းဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
11 Mar 2024 11:04 am တွင် တင်ခဲ့သည်
644 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အင်္ဂလန်နိုင်ငံ ၊ လန်ဒန်မြို့တော်ရှိ အဆောက်အအုံတစ်ခုမှ Luxury Penthouse တစ်ခန်း ပေါင် ၁၅ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

အဆိုပါ အဆောက်အအုံသည် ရှေးအခါက ဗြိတိန်၏ ပထမဆုံးဝန်ကြီးချုပ် နေထိုင်ခဲ့သော နေရာဖြစ်သည်။

အိပ်ခန်း ၃ ခန်းပါ Penthouse ခန်းတည်ရှိသော အဆောက်အအုံမှာ နာမည်ကျော် Ritz Hotel အနီးတွင် တည်ရှိသည်။

ဆာရောဘတ် ဝါးလ်ပိုးသည် ဗြိတိန်၏ ပထမဆုံးဝန်ကြီးချုပ်အဖြစ် ၁၇၂၁ ခုနှစ်မှ ၁၇၄၂ ခုနှစ်အကြား တာဝန် ထမ်းဆောင်ခဲ့သည်။

(မှတ်ချက်။ ဆာရောဘတ် ဝါးလ်ပိုး ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ကမ္ဘာနှင့် မြန်မာနိုင်ငံ တို့၏ အခြေအနေများကို နှိုင်းယှဉ် ကြည့်နိုင်ရန် ထုတ်နှုတ်ကြည့်မည်ဆိုပါက ၁၇၂၁ ခုနှစ် တွင် ထူးခြားသော ဖြစ်ရပ်အနေဖြင့် Peter the Great သည် ရုရှားအင်ပါယာဟု တရားဝင်အမည်ပြောင်းကာ ပထမဆုံးဧကရာဇ် ဖြစ်လာခဲ့သည်။ ၁၇၂၁ ခုနှစ်အတွင်း တနင်္ဂနွေမင်းလက်ထက်တွင် အီတလီဘုန်းတော်ကြီး ဖာသာ Calchi သည် အင်းဝမြို့တော်သို့ စတင်ရောက်ရှိခဲ့ပြီး ဘုရားရှိခိုးကျောင်းဖွင့်ကာ ကလေးများကို စာသင်ပေးခဲ့သည်။ ၁၇၄၀ ပြည့်နှစ်တွင် ဖာသာ Nerini သည် သန်လျင်သို့ရောက်ရှိပြီး ခရစ်ယာန်ကလေးများအတွက် ကျောင်းစတင်ဖွင့်လှစ်ခဲ့သည်။ ဟံသာဝတီရောက် မဟာဓမ္မရာဇာဓိပတိမင်း (တနင်္ဂနွေမင်း၏ သားတော်) လက်ထက်တွင် ဖြစ်သည်။ ၁၇၄၉ ခုနှစ်တွင် ဖာသာ Nerini သည် သန်လျင်တွင်ပင် ကောလိပ်ကျောင်းတစ်ခု ဖွင့်ကာ ကျောင်းသား ၄၀ ခန့်အား ပထဝီ၊ သင်္ချာ၊ မာလိန်မှူးအတတ်ပညာ၊ သိပ္ပံနှင့် ဝိဇ္ဇာပညာရပ်များ သင်ကြားပို့ချပေးခဲ့သည်။)

 

(ပေါင် ၁၅ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသော Penthouse ခန်း။)

 

(ဗြိတိန် ပထမဆုံးဝန်ကြီးချုပ် ဆာရောဘတ် ဝါးလ်ပိုး နေထိုင်ခဲ့ဖူးသော အဆောက်အအုံတွင် တည်ရှိသည်။)

ဝါးလ်ပိုးသည် နော်ဖော့ခရိုင်ရှိ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီး ၁၇၀၁ ခုနှစ် ၊ ဇန်နဝါရီလတွင် နိုင်ငံရေးနယ်ပယ် သို့ စတင်ဝင်ရောက်ခဲ့သည်။

၁၇၂၁ ခုနှစ် ၊ ဧပြီလ ၃ ရက်တွင် ဝါးလ်ပိုးသည် ပထမဆုံး ဘဏ္ဍာရေးဝန်ကြီး ၊ အောက်လွှတ်တော် အကြီးအကဲ အဖြစ် ရွေးချယ်ခန့်အပ်ခြင်း ခံရသည်။

ထိုသို့ ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသော်လည်း အမှန်တကယ်အားဖြင့် ဗြိတိန်၏ နောက်ကွယ်မှ ဝန်ကြီးချုပ်ဖြစ်ကြောင်း အများက သတ်မှတ်ခဲ့ကြသည်။

ချားလ်စ်ဘုရင် II ကဆာရောဘတ် ဝါးလ်ပိုးအား ဒေါင်းနင်းလမ်း နေအိမ်ကို ပေးအပ်ခဲ့ပြီး ယနေ့ခေတ်အထိ ထိုအဆောက်အအုံကို ဗြိတိသျှဝန်ကြီးချုပ်ရုံးနှင့် စံအိမ်တော်အဖြစ် အသုံးပြုလျက်ရှိသည်။

 

 

(ရောင်းချမည့် Penthouse ခန်းမှာ လန်ဒန်မြို့၊ အာလင်တန်လမ်းတွင် တည်ရှိသည်။)

 

(၁၇၂၁ ခုနှစ် ၊ ဧပြီလ ၃ ရက်တွင် ဝါးလ်ပိုးသည် ပထမဆုံး ဘဏ္ဍာရေးဝန်ကြီး ၊ အောက်လွှတ်တော်အကြီးအကဲ အဖြစ် ရွေးချယ်ခန့်အပ်ခြင်း ခံရသည်။)

(Triplex Penthouse ခန်းဖြစ်ပြီး ၅ လွှာ ၊ ၆ လွှာနှင့် ၇ လွှာ တို့တွင် ဖြန့်ကျက်တည်ရှိသည်။)

 

(အတွင်းပိုင်း ကြမ်းခင်းဧရိယာ ၃၃၇၃ စတုရန်းပေ ကျယ်ဝန်းပြီး ထိုအကျယ်အဝန်းတွင် Outdoor နေရာများ မပါသေးချေ။)

အဆောက်အအုံ အရှေ့ဘက်မျက်နှာစာတွင် အပြာရောင်တံဆိပ်ပြားတစ်ခု ကပ်ထားသည်။

တံဆိပ်ပြားတွင် ရေးသားထားသည်မှာ ဗြိတိန်ဝန်ကြီးချုပ် ဆာရောဘတ် ဝါးလ်ပိုး ၁၆၇၆-၁၇၄၅ နှင့် သားဖြစ်သူ Horace Walpole ၁၇၁၇-၁၇၉၇ တို့ နေထိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

Penthouse ခန်းတွင် သီးသန့်အမိုးပေါ် လသာဆောင် ပါဝင်ရာ ကြမ်းခင်းဧရိယာ ၁၃၇၆ စတုရန်းပေ ထပ်မံ ပိုင်ဆိုင်မည်ဖြစ်သည့်အပြင် တိုက်ရိုက်ဓာတ်လှေကားနှင့် ၂၄ နာရီ concierge တို့လည်း ပါဝင်သည်။

 

(Outdoor နေရာများစွာလည်း ပါဝင်ရာ လသာဆောင်နေရာ စုစုပေါင်းအကျယ်အဝန်း ၁၃၇၆ စတုရန်းပေ ရှိသည်)

 

(မီးဖိုဆောင်တွင် ဗဟိုချက်ပြုတ်ခုံနှင့် ကြီးမားသော စကျင်ကျောက်ပြား ကြမ်းခင်းများရှိသည်)

 

(အိပ်ခန်း ၃ ခန်းပါဝင်ရာ ပုံတွင်တွေ့ရသော သီးသန့်နားနေခန်းပါသည့် အိပ်ခန်းလည်း အပါအဝင်ဖြစ်သည်)

 

(ရေချိုးခန်း ၃ ခန်းပါဝင်ကာ ပုံတွင်တွေ့ရသော walk-in-shower ပါသော ရေချိုးခန်းလည်း ပါဝင်သည်)

 

(အမိုးပေါ်လသာဆောင်မှတဆင့် လန်ဒန်မြို့၏ တခွင်တပြင်ကို အပြောကျယ်စွာ ကြည့်ရှုခံစားနိုင်သည်)

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: London penthouse in a building once home to Britain's de facto first prime minister is for sale for £15.5m (dailymail)

Photo Credit: dailymail

 

 

 

 

[Zawgyi]

ျဗိတိန္၏ ပထမဆံုးဝန္ၾကီးခ်ဳပ္ ဆာေရာဘတ္ ဝါးလ္ပိုး (ျမန္မာႏိုင္ငံတြင္ တနဂၤေႏြမင္းလက္ထက္ ) ေနထိုင္ခဲ့ ေသာ လန္ဒန္ျမဳိ႕အေဆာက္အအံုရွိ Triplex Penthouse ခန္း ေပါင္ ၁၅ ဒသမ ၅ သန္းျဖင့္ ေရာင္းမည္

 

အဂၤလန္ႏိုင္ငံ ၊ လန္ဒန္ျမဳိ႕ေတာ္ရွိ အေဆာက္အအံုတစ္ခုမွ Luxury Penthouse တစ္ခန္း ေပါင္ ၁၅ ဒသမ ၅ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာသည္။

အဆိုပါ အေဆာက္အအံုသည္ ေရွးအခါက ျဗိတိန္၏ ပထမဆံုးဝန္ၾကီးခ်ဳပ္ ေနထိုင္ခဲ့ေသာ ေနရာျဖစ္သည္။

အိပ္ခန္း ၃ ခန္းပါ Penthouse ခန္းတည္ရွိေသာ အေဆာက္အအံုမွာ နာမည္ေက်ာ္ Ritz Hotel အနီးတြင္ တည္ရွိသည္။

ဆာေရာဘတ္ ဝါးလ္ပိုးသည္ ျဗိတိန္၏ ပထမဆံုးဝန္ၾကီးခ်ဳပ္အျဖစ္ ၁၇၂၁ ခုႏွစ္မွ ၁၇၄၂ ခုႏွစ္အၾကား တာဝန္ ထမ္းေဆာင္ခဲ့သည္။

(မွတ္ခ်က္။ ဆာေရာဘတ္ ဝါးလ္ပိုး ဝန္ၾကီးခ်ဳပ္ တာဝန္ထမ္းေဆာင္စဥ္ ကာလအတြင္း ကမၻာႏွင့္ ျမန္မာႏိုင္ငံ တို႔၏ အေျခအေနမ်ားကို ႏိႈင္းယွဥ္ ၾကည့္ႏိုင္ရန္ ထုတ္ႏႈတ္ၾကည့္မည္ဆိုပါက ၁၇၂၁ ခုႏွစ္ တြင္ ထူးျခားေသာ ျဖစ္ရပ္အေနျဖင့္ Peter the Great သည္ ရုရွားအင္ပါယာဟု တရားဝင္အမည္ေျပာင္းကာ ပထမဆံုးဧကရာဇ္ ျဖစ္လာခဲ့သည္။ ၁၇၂၁ ခုႏွစ္အတြင္း တနဂၤေႏြမင္းလက္ထက္တြင္ အီတလီဘုန္းေတာ္ၾကီး ဖာသာ Calchi သည္ အင္းဝျမိဳ႕ေတာ္သို႔ စတင္ေရာက္ရွိခဲ့ျပီး ဘုရားရွိခိုးေက်ာင္းဖြင့္ကာ ကေလးမ်ားကို စာသင္ေပးခဲ့သည္။ ၁၇၄၀ ျပည့္ႏွစ္တြင္ ဖာသာ Nerini သည္ သန္လ်င္သို႔ေရာက္ရွိျပီး ခရစ္ယာန္ကေလးမ်ားအတြက္ ေက်ာင္းစတင္ဖြင့္လွစ္ခဲ့သည္။ ဟံသာဝတီေရာက္ မဟာဓမၼရာဇာဓိပတိမင္း (တနဂၤေႏြမင္း၏ သားေတာ္) လက္ထက္တြင္ ျဖစ္သည္။ ၁၇၄၉ ခုနွစ္တြင္ ဖာသာ Nerini သည္ သန္လ်င္တြင္ပင္ ေကာလိပ္ေက်ာင္းတစ္ခု ဖြင့္ကာ ေက်ာင္းသား ၄၀ ခန္႔အား ပထဝီ၊ သခ်ၤာ၊ မာလိန္မွဴးအတတ္ပညာ၊ သိပၸံႏွင့္ ဝိဇၨာပညာရပ္မ်ား သင္ၾကားပို႔ခ်ေပးခဲ့သည္။)

(ေပါင္ ၁၅ ဒသမ ၅ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာေသာ Penthouse ခန္း။)

(ျဗိတိန္ ပထမဆံုးဝန္ၾကီးခ်ဳပ္ ဆာေရာဘတ္ ဝါးလ္ပိုး ေနထိုင္ခဲ့ဖူးေသာ အေဆာက္အအံုတြင္ တည္ရွိသည္။)

ဝါးလ္ပိုးသည္ ေနာ္ေဖာ့ခရိုင္ရွိ ေရြးေကာက္ပြဲတြင္ အႏိုင္ရခဲ့ျပီး ၁၇၀၁ ခုႏွစ္ ၊ ဇန္နဝါရီလတြင္ ႏုိင္ငံေရးနယ္ပယ္ သို႔ စတင္ဝင္ေရာက္ခဲ့သည္။

၁၇၂၁ ခုႏွစ္ ၊ ဧျပီလ ၃ ရက္တြင္ ဝါးလ္ပိုးသည္ ပထမဆံုး ဘ႑ာေရးဝန္ၾကီး ၊ ေအာက္လႊတ္ေတာ္ အၾကီးအကဲ အျဖစ္ ေရြးခ်ယ္ခန္႔အပ္ျခင္း ခံရသည္။

ထိုသို႔ ဘ႑ာေရးဝန္ၾကီးအျဖစ္ ခန္႔အပ္ခံရေသာ္လည္း အမွန္တကယ္အားျဖင့္ ျဗိတိန္၏ ေနာက္ကြယ္မွ ဝန္ၾကီးခ်ဳပ္ျဖစ္ေၾကာင္း အမ်ားက သတ္မွတ္ခဲ့ၾကသည္။

ခ်ားလ္စ္ဘုရင္ II ကဆာေရာဘတ္ ဝါးလ္ပိုးအား ေဒါင္းနင္းလမ္း ေနအိမ္ကို ေပးအပ္ခဲ့ျပီး ယေန႔ေခတ္အထိ ထိုအေဆာက္အအံုကို ျဗိတိသွ်ဝန္ၾကီးခ်ဳပ္ရံုးႏွင့္ စံအိမ္ေတာ္အျဖစ္ အသံုးျပဳလ်က္ရွိသည္။

(ေရာင္းခ်မည့္ Penthouse ခန္းမွာ လန္ဒန္ျမဳိ႕၊ အာလင္တန္လမ္းတြင္ တည္ရွိသည္။)

(၁၇၂၁ ခုႏွစ္ ၊ ဧျပီလ ၃ ရက္တြင္ ဝါးလ္ပိုးသည္ ပထမဆံုး ဘ႑ာေရးဝန္ၾကီး ၊ ေအာက္လႊတ္ေတာ္အၾကီးအကဲ အျဖစ္ ေရြးခ်ယ္ခန္႔အပ္ျခင္း ခံရသည္။)

(Triplex Penthouse ခန္းျဖစ္ျပီး ၅ လႊာ ၊ ၆ လႊာႏွင့္ ၇ လႊာ တို႔တြင္ ျဖန္႔က်က္တည္ရွိသည္။)

(အတြင္းပိုင္း ၾကမ္းခင္းဧရိယာ ၃၃၇၃ စတုရန္းေပ က်ယ္ဝန္းျပီး ထုိအက်ယ္အဝန္းတြင္ Outdoor ေနရာမ်ား မပါေသးေခ်။)

အေဆာက္အအံု အေရွ႕ဘက္မ်က္ႏွာစာတြင္ အျပာေရာင္တံဆိပ္ျပားတစ္ခု ကပ္ထားသည္။

တံဆိပ္ျပားတြင္ ေရးသားထားသည္မွာ ျဗိတိန္ဝန္ၾကီးခ်ဳပ္ ဆာေရာဘတ္ ဝါးလ္ပိုး ၁၆၇၆-၁၇၄၅ ႏွင့္ သားျဖစ္သူ Horace Walpole ၁၇၁၇-၁၇၉၇ တို႔ ေနထုိင္ခဲ့ေၾကာင္း ေဖာ္ျပထားသည္။

Penthouse ခန္းတြင္ သီးသန္႔အမိုးေပၚ လသာေဆာင္ ပါဝင္ရာ ၾကမ္းခင္းဧရိယာ ၁၃၇၆ စတုရန္းေပ ထပ္မံ ပိုင္ဆိုင္မည္ျဖစ္သည့္အျပင္ တိုက္ရိုက္ဓာတ္ေလွကားႏွင့္ ၂၄ နာရီ concierge တို႔လည္း ပါဝင္သည္။

(Outdoor ေနရာမ်ားစြာလည္း ပါဝင္ရာ လသာေဆာင္ေနရာ စုစုေပါင္းအက်ယ္အဝန္း ၁၃၇၆ စတုရန္းေပ ရွိသည္)

(မီးဖိုေဆာင္တြင္ ဗဟိုခ်က္ျပဳတ္ခံုႏွင့္ ၾကီးမားေသာ စက်င္ေက်ာက္ျပား ၾကမ္းခင္းမ်ားရွိသည္)

(အိပ္ခန္း ၃ ခန္းပါဝင္ရာ ပံုတြင္ေတြ႔ရေသာ သီးသန္႔နားေနခန္းပါသည့္ အိပ္ခန္းလည္း အပါအဝင္ျဖစ္သည္)

(ေရခ်ဳိးခန္း ၃ ခန္းပါဝင္ကာ ပံုတြင္ေတြ႔ရေသာ walk-in-shower ပါေသာ ေရခ်ဳိးခန္းလည္း ပါဝင္သည္)

(အမိုးေပၚလသာေဆာင္မွတဆင့္ လန္ဒန္ျမိဳ႕၏ တခြင္တျပင္ကို အေျပာက်ယ္စြာ ၾကည့္ရႈခံစားႏိုင္သည္)

 

 

Ref: London penthouse in a building once home to Britain's de facto first prime minister is for sale for £15.5m (dailymail)

Photo Credit: dailymail

 

 

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service