ကဲလဲတောင်မှ မှော်မျောက်မင်း (သို့မဟုတ်) တရုတ်ပြည်က သက်ကြီးပိုင်းတစ်ဦး၊ ဘာကြောင့် အံ့ဖွယ်ကောင်း အောင် အရွယ်တင်နေတာလဲ၊ သူ့အသက် ဘယ်လောက်လဲ၊ ဆံပင်တုလား၊ ဆေးဆိုးထားတာလား၊ ဘာတွေစားလဲ၊ ဗလတောင့်အောင် ဘယ်လိုလေ့ကျင့်လဲ
ကဲလဲတောင်မှ မှော်မျောက်မင်း (သို့မဟုတ်) တရုတ်ပြည်က သက်ကြီးပိုင်းတစ်ဦး၊ ဘာကြောင့် အံ့ဖွယ်ကောင်း အောင် အရွယ်တင်နေတာလဲ၊ သူ့အသက် ဘယ်လောက်လဲ၊ ဆံပင်တုလား၊ ဆေးဆိုးထားတာလား၊ ဘာတွေစားလဲ၊ ဗလတောင့်အောင် ဘယ်လိုလေ့ကျင့်လဲ - Property News in Myanmar from iMyanmarHouse.com
7 Mar 2024 11:17 am တွင် တင်ခဲ့သည်
1348 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
တရုတ်ပြည်မှ အဘိုးတစ်ယောက်အကြောင်းမှာ လူမှုကွန်ရက်တွင် မုန်တိုင်းတစ်ခုအသွင် ဂယက်ရိုက်လျက် ရှိနေသည်။
သူ၏ အံဖွယ်အရွယ်တင်မှု၊ ကြံ့ခိုင်မှုနှင့် နေ့စဉ်ကျန်းမာရေး လေ့ကျင့်ပုံတို့အပေါ် များစွာအံ့သြအားကျရလျက် ရှိနေသည်။
သူ၏ အမည်မှာ ကျိုဟီဖျင်ဖြစ်ပြီး ချုံကင်းမြို့မှ ဖြစ်သည်။ သူ၏ ပုံပန်းသဏ္ဍာန်မှာ လူငယ်တစ်ဦးနှင့်သာ တူနေသည်။
တစ်ခေါင်းလုံး ဆံကေသာများ မည်းနက်လျက်သာရှိနေပြီး ဝမ်းဗိုက်တွင်လည်း 8-pack ကြွက်သားများ တွေ့ရမည် ဖြစ်သည်။
ကဲလဲ (Gele) တောင်၏ မှော်မျောက်မင်းဟု လူသိများသော ကျိုဟီဖျင်သည် ဇွဲကြီးစွာဖြင့် ကျန်းမာရေး လေ့ကျင့်ခန်းများ လုပ်ဆောင်ပုံကို အနီးတွင် ဝိုင်းဝန်းကြည့်ရှုကြသူတို့ အလွန်လေးစားအားကျကာ ၎င်းအား ဓာတ်ပုံများ၊ ဗွီဒီယိုများ ရိုက်ယူပြီး လူမှုကွန်ရက်တွင် တင်ကြသည်။
(မှတ်ချက်။ ကဲလဲတောင်သည် ချုံကင်းမြို့အနောက်ဘက် ၁၆ ကီလိုမီတာအကွာတွင် တည်ရှိသော ကဲလဲရှန်း အမျိုးသားသစ်တောဥယျာဉ်အတွင်း တည်ရှိပြီး အလွန်သာယာလှပသောနေရာတစ်ခုဖြစ်သည်)
သူ၏ အသက်မည်မျှရှိသည်ဟု သင်ခန့်မှန်းပါသနည်း။ သူ၏ အသက်မှာ ၇၀ ရှိပြီဖြစ်သည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ဗွီဒီယိုဖိုင်တစ်ခုတွင် “ချုံကင်းမြို့မှ အသက်ကြီးရာမှ ငယ်လာနေသော အသက် ၇၀ အရွယ် အားကစားဆရာကြီး။ ဆံပင်တွေ နက်မှောင်သန်စွမ်းနေတဲ့အပြင် သူ့ကိုယ်မှာ အဆီက ၃ ရာခိုင်နှုန်း လောက်ပဲရှိမယ်။ တကိုယ်လုံးမှာလဲ ကြွက်သားတွေ တောင့်လို့..” ဟု caption ရေးသားဖော်ပြ ထားသည်။
((ကျိုဟီဖျင်၏ ကျန်းမာကြံ့ခိုင်ရေး ခရီးလမ်း))
အပြေးလေ့ကျင့်ခြင်း၏ အရေးပါပုံကို မဂ္ဂဇင်းတစ်ခုတွင် ဖတ်ရှုလိုက်ရပြီးနောက်ပိုင်း ကျိုဟီဖျင်သည် ၁၉၇၉ ခုနှစ်တွင် ကျန်းမာရေးလေ့ကျင့်ခန်း ခရီးကို စတင်ခဲ့သည်။
ပြီးခဲ့သော ၄၅ နှစ်တာ ကာလပတ်လုံး ကျိုဟီဖျင်သည် ကျန်းမာရေးနှင့်ညီညွှတ်သည့် ဘဝနေထိုင်မှု ပုံစံဖြင့်သာ မမှိတ်မသုန် ဖြတ်သန်းခဲ့သည်။
သူ၏ နေ့စဉ် ကျန်းမာရေးလေ့ကျင့်မှုတွင် မနက် ၅း၃၀ တွင် အိပ်ယာထကာ ရေ ၄၄ ပေါင် ထမ်းရင်း အပြေး လေ့ကျင့်ခြင်းလည်း ပါဝင်သည်။
ထို ရေအလေးချိန်ဖြင့် ထိုင်ထလုပ်ခြင်း၊ တိုင်တက်ခြင်း (pole-climbing) ၊ ကင်းမြီးကောက်ထောင်ခြင်းတို့ အပြင် ကဲလဲတောင်၏ သဘာဝမြေမျက်နှာသွင်ပြင်တို့ကို အသုံးချကာ အခြားသော လေ့ကျင့်ခန်းများကို ပြုလုပ်၏။ ထို့နောက် မနက် ၈ နာရီတွင် အလုပ်ခွင်သို့ ဝင်သည်။
ကဲလဲတောင်သည် အမြင့် ၆၇၈ မီတာ (၂၂၂၄ ပေ) ရှိပြီး တောင်ထိပ်အထိ လှေကားထစ်ပေါင်း ၂၅၀၀ ကျော်ရှိသည်။
ထို တောင်တက်လှေကားထစ်များမှာ ကျိုဟီဖျင်အတွက် outdoor အားကစားလေ့ကျင့်ရာ နေရာလည်း ဖြစ်သည်။
ကျိုဟီဖျင်၏ ကျန်းမာရေးလေ့ကျင့်ခန်းများမှာ တမူထူးခြားပြီး တောင်ပေါ်သို့ ဖားခုန်ခုန်တက်ခြင်း၊ တောင်ပေါ်မှ မိချောင်းတွားသွားဆင်းခြင်းတို့ ပါဝင်သည်။
တောင်တက်တောင်ဆင်းလေ့ကျင့်ခန်းမှာ အသက် ၇၀ မှ ၇၉ ကြားရှိသော အသက်တန်းအတွက် အလွန်ခက်ခဲ မည်ဖြစ်ရာ ကျိုဟီဖျင်၏ ဇွဲနှင့် ကြံ့ခိုင်မှုကို ပြသနေသည်။
ကျိုဟီဖျင် တောင်ထိပ်တက်ရာတွင် တစ်နာရီအချိန်ယူရပြီး ပြန်ဆင်းလျှင် မိနစ် ၅၀ အချိန်ယူရသည်။
သူ၏ နုပျိုသောရုပ်ရည်နှင့် ကြံ့ခိုင်မှုတို့ကို တွေ့ရသူတိုင်းက ကျန်းမာနုပျိုမှု လျှို့ဝှက်ချက်ကို မေးမြန်း်ကြသည်။
“ရောက်တဲ့နေရာတိုင်းမှာ ကျွန်တော့်အသက်ကို မေးကြတယ်။ ဆံပင်တုလား၊ ဆေးဆိုးထားတာလား မေးကြ တယ်။ ဘာတွေစားလဲ…ဗလတောင့်အောင် ဘယ်လိုလေ့ကျင့်လဲ…ဒါတွေချည်းဖြေနေရတာ ကျွန်တော် တော်တော်ငြီးငွေ့လာပါပြီ” ဟု ကျိုဟီဖျင်က ပြောသည်။
ကျိုဟီဖျင်သည် အားဆေးများမသုံးစွဲ၊ လေ့ကျင့်ခန်း၏ အရေးပါမှုကိုသာ သူက ထောက်ပြသည်။
ပုံမှန်အတိုင်းသာ စားသောက်သည်။ သို့သော် အရက်သေစာ မသောက်စား၊ ဆေးလိပ်မသောက်။
နုပျိုမှုဟူသည်မှာ ကန့်သတ်ချက်တစ်ခုမဟုတ်ဘဲ ကျန်းမာရေးနှင့်ညီညွှတ်သော ဘဝနေထိုင်မှုဟန်ပန်က ငယ်ရွယ်နုပျိုမှုကို ကြာရှည်ဆွဲဆန့်နိုင်ကြောင်း ကျိုဟီဖျင်က ပြသနေသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: 70-year-old grandfather from China amazes with his physique and fitness routine (nextshark)
[Zawgyi]
သူ၏ နုပျိုသောရုပ်ရည်နှင့် ကြံ့ခိုင်မှုတို့ကို တွေ့ရသူတိုင်းက ကျန်းမာနုပျိုမှု လျှို့ဝှက်ချက်ကို မေးမြန်းကြသည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
Royal Theikdi Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service