ကယ်လီဖိုးနီးယားပြည်နယ်တွင် သရဲခြောက်သော တစ္ဆေမြို့ကြီးတစ်ခုလုံးကို ဒေါ်လာ ၁ ဒသမ ၄ သန်းဖြင့် ဝယ်ယူကာ တစ်ဦးတည်း အထီးကျန်စွာ နေထိုင်လျက်ရှိသော အမျိုးသား

ကယ်လီဖိုးနီးယားပြည်နယ်တွင် သရဲခြောက်သော တစ္ဆေမြို့ကြီးတစ်ခုလုံးကို ဒေါ်လာ ၁ ဒသမ ၄ သန်းဖြင့် ဝယ်ယူကာ တစ်ဦးတည်း အထီးကျန်စွာ နေထိုင်လျက်ရှိသော အမျိုးသား - Property News in Myanmar from iMyanmarHouse.com
5 Mar 2024 11:17 am တွင် တင်ခဲ့သည်
1171 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(မှတ်ချက်။ Brent Underwood အမည်ရှိ အမျိုးသားက ကယ်လီဖိုးနီးယားပြည်နယ်ရှိ တစ္ဆေမြို့ကြီးအား ဝယ်ယူပြောင်းရွှေ့နေထိုင်ခဲ့ပုံကို Polly Thompson က မေးမြန်းကာ ရသစာတမ်းအဖြစ် ရေးသားထားခြင်း ဖြစ်ပါသည်။)

အဆိုပါရသစာတမ်းကို အနှစ်ချုပ်ပြီး ဆီလျော်အောင် မြန်မာပြန်ဆိုထားခြင်း ဖြစ်ပါသည်)

၂၀၁၈ ခုနှစ်ထဲမှာ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ကယ်လီဖိုးနီးယားက စွန့်ပစ်ခံ သတ္တုတွင်းမြို့တစ်ခု ဖြစ်တဲ့ Cerro Gordo မြို့ အရောင်းဈေးကွက်တင်တဲ့သတင်းကို ကျွန်တော့်ဆီပို့လာပြီး “ဒါက ခင်ဗျားအတွက် နောက်ထပ်စီမံကိန်းတစ်ခုဖြစ်လာနိုင်တယ်”လို့ သူက အရွှန်းဖောက်ပါတယ်။

အဘိုးနေ့တိုင်းကြည့်တဲ့ ရုပ်မြင်သံကြားစက် အဟောင်းကြီးကိုတောင် ပြန်သတိရမိပါတယ်။

ကျွန်တော်က အော်စတင်မြို့မှာ အတော်လေးနာမည်ကျော်တဲ့ မနက်စာကျွေးတဲ့ ညအိပ်တည်းခိုခန်း ဖွင့်နေတာပါ။

ဒါပေမယ့် နိစ္စဓူဝ ထပ်တလဲလဲ လုပ်နေရတဲ့ အလုပ်မျိုးတွေကို ငြီးငွေ့လာပြီး ကျွန်တော့်ကို နိုးကြားစေမယ့် အရာမျိုး ရှာဖွေခဲ့ပါတယ်။

ဒီ လူသူကင်းမဲ့တဲ့ တစ္ဆေမြို့ကို ဝယ်လိုက်တာ အဲဒါကြောင့်ပါ။

အဲဒါက ဒေါ်လာ ၁ ဒသမ ၄ သန်းလောက်ပေးရပါတယ်။ တဝက်ကျော်က ငွေချေးသူတစ်ယောက်ဆီက ချေးခဲ့တာပါ။

ကျန်တဲ့ငွေ အများစုကတော့ ကျွန်တော်နဲ့ သူငယ်ချင်းတစ်ယောက်တို့ ၂ ယောက်ပေါင်း ထည့်ဝင်ခဲ့ကြပါတယ်။

ဒါပေမယ့် တခြားသူငယ်ချင်း အနည်းငယ်လည်း ပါပါသေးတယ်။

ဒီမှာ ရေပိုက်လိုင်းမရှိပါဘူး။ ၈ မိုင်လောက်ရှည်တဲ့ မြေလမ်းလေးတစ်ခုရဲ့ အဆုံးမှာ ရှိပြီး အနီးဆုံး ဈေးဆိုင်နဲ့ တစ်နာရီ ခရီးလောက်ဝေးပါတယ်။

 

 

(၁၈၀၀ ပြည့်လွန်နှောင်းပိုင်းကာလများက Cerro Gordo သည် သက်ဝင်စည်ကားသော သတ္တုတွင်း မြို့လေး ဖြစ်ခဲ့သည်။ ဓာတ်ပုံ-Brent Underwood)

 

ဒီမှာနေရတာ အရမ်းကို အထီးကျန်ပါတယ်။ ဘယ်နေရာနဲ့မှ မနီးပါဘူး။

နောက်ပိုင်း လူသူမရှိတဲ့ ဒီမြို့မှာ နေရတာ ကျင့်သားရပြီး သက်တောင့်သက်သာဖြစ်လာတာနဲ့အတူ ဒီမှာရှိတဲ့ သရဲတွေကိုလည်း သိပ်မကြောက်တော့ပါဘူး။

သရဲတွေ ခြောက်လှန့်တယ်လို့ ယူဆရတဲ့ အသံဗလံတွေအပေါ်မှာလည်း နေသားကျသွားပါပြီ။

တခါကဆိုရင် အိပ်ဆောင်တစ်ခုရဲ့ ပြတင်းပေါက်မှာ အရိပ်မည်းကြီးတစ်ခု တွေ့ပါတယ်။

အဲ့နောက်ပိုင်း အဲ့ဒီဘက်ကို ခြေဦးမလှည့်တော့ပါဘူး။

ဒီလိုနေရာမှာ နေဖို့ဆိုတာ ဇွဲလုံ့လရှိဖို့တော့ လိုပါတယ်။

ကျွန်တော် Cerro Gordo ကို ရောက်ပြီးနောက်ပိုင်း မုန်တိုင်းဘေး၊ မီးဘေး၊ ရေကြီးတာ၊ ငလျင်လှုပ်တာ၊ နှင်းမုန်တိုင်းတိုက်တာတွေ ရင်ဆိုင်ရပါတယ်။

“အခက်အခဲတွေ အရမ်းများတယ်။ ကျွန်တော်သိရပါပြီ” လို့ ပြောပြီး လက်လျှော့လိုက်ရမယ့် အခြေအနေမျိုးပါ။

ဒီလိုနေရာမျိုးမှာ နေ့စဉ်နေထိုင်မှုဘဝ ပိုမိုလွယ်ကူစေဖို့အတွက် ရုပ်ပိုင်း၊ စိတ်ပိုင်း တိုးတက်မှုတွေ အများကြီးရ အောင် ကြိုးစားရပါတယ်။

ဒီမြို့လေးရဲ့သမိုင်းကို ထိန်းသိမ်းနိုင်ဖို့ ကြိုးစားပါတယ်။

 

(လာရောက်လည်ပတ်သူများ တည်းခိုနိုင်ရန်အတွက် Brent က မြို့ထဲရှိ ဟိုတယ်တစ်ခုကို ပြန်လည်မွမ်းမံမှုများ ပြုလုပ်နေသည်။ ဓာတ်ပုံ- Brent Underwood)

 

ဒီမှာ နေရတဲ့ဘဝက မြို့ကြီးတစ်ခု နေရတာမျိုးနဲ့ယှဉ်ရင် အရမ်းနှေးကွေးတဲ့ဘဝပါ။

မြို့မှာဆိုရင် တစ်နေ့တာဟာ ဓာတ်ဆီဆိုင်မှာ ကားဆီထည့်ရတာမျိုးလို ဝေယျာဝစ္စအလုပ်ပေါင်း ၁၀၀ လောက် နဲ့ အချိန်တွေ အငွေ့ပျံ ကုန်ဆုံးသွားနိုင်ပါတယ်။

ဒါပေမယ့် ဒီမှာလည်း တချို့အချိန်တွေမှာ လုပ်စရာတွေပုံနေပြီး ကျွန်တော်အလုပ်များနေတတ်ပါတယ်။

ဘဝရပ်တည်ဖို့အတွက်ကတော့ Brass Check လို့ခေါ်တဲ့ ကုမ္ပဏီတစ်ခုမှာ နေ့ဘက်အလုပ်လုပ်ပါတယ်။

ပြီးရင် စွန့်ပစ်ခံမြို့ကြီးကို ပြန်ပြီး မွမ်းမံတည်ဆောက်ရတဲ့ အချိန်ပြည့်အလုပ်ကလည်း ရှိနေတယ်။

အဲဒါအပြင် ကျွန်တော့်ရဲ့ YouTube ချန်နယ်မှာ ဒီမြို့အကြောင်း content ဖန်တီးဖို့ပေါ့။

 

(မှတ်ချက်။ Brent ၏ YouTube ချန်နယ်မှာ Ghost Town Living ဟု အမည်ရသည်)

ကျွန်တော်ဒီမြို့ကနေ ဝင်ငွေ တစ်ပြားမှ ပြန်မရသေးပါဘူး။

ဒါပေမယ့် ဒီက ဟိုတယ်ကို မကြာခင်မှာ ဖွင့်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

နောက်ပိုင်းမှာ စခန်းချဖို့ နေရာနဲ့ ညအိပ်တည်းခိုနိုင်ကြဖို့အတွက် လုံးချင်းအိမ်လေးတွေကိုလည်း ဖွင့်လှစ်သွားနိုင်မှာပါ။

ဒီမြို့ကို လာရောက်လည်ပတ်မယ့်သူတွေကို ဝင်ကြေးအခမဲ့နဲ့ ကျွန်တော်တို့ အမြဲ ကြိုဆိုသွားမှာပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: I bought a California ghost town for $1.4 million. Living here gets lonely — but I've found my purpose (businessinsider)

Photo Credit: Brent Underwood

 

 

 

 

[Zawgyi]

ကယ္လီဖိုးနီးယားျပည္နယ္တြင္ သရဲေျခာက္ေသာ တေစၦျမိဳ႕ၾကီးတစ္ခုလံုးကို ေဒၚလာ ၁ ဒသမ ၄ သန္းျဖင့္ ဝယ္ယူကာ တစ္ဦးတည္း အထီးက်န္စြာ ေနထိုင္လ်က္ရွိေသာ အမ်ဳိးသား

 

(မွတ္ခ်က္။ Brent Underwood အမည္ရွိ အမ်ဳိးသားက ကယ္လီဖုိးနီးယားျပည္နယ္ရွိ တေစၦျမိဳ႕ၾကီးအား ဝယ္ယူေျပာင္းေရႊ႕ေနထုိင္ခဲ့ပံုကို Polly Thompson က ေမးျမန္းကာ ရသစာတမ္းအျဖစ္ ေရးသားထားျခင္း ျဖစ္ပါသည္။

အဆိုပါရသစာတမ္းကို အႏွစ္ခ်ဳပ္ျပီး ဆီေလ်ာ္ေအာင္ ျမန္မာျပန္ဆိုထားျခင္း ျဖစ္ပါသည္)

၂၀၁၈ ခုႏွစ္ထဲမွာ ကၽြန္ေတာ့္သူငယ္ခ်င္းတစ္ေယာက္က ကယ္လီဖိုးနီးယားက စြန္႔ပစ္ခံ သတၱဳတြင္းျမိဳ႕တစ္ခု ျဖစ္တဲ့ Cerro Gordo ျမိဳ႕ အေရာင္းေစ်းကြက္တင္တဲ့သတင္းကို ကၽြန္ေတာ့္ဆီပို႔လာျပီး “ဒါက ခင္ဗ်ားအတြက္ ေနာက္ထပ္စီမံကိန္းတစ္ခုျဖစ္လာႏိုင္တယ္”လို႔ သူက အရႊန္းေဖာက္ပါတယ္။

အဘိုးေန႔တိုင္းၾကည့္တဲ့ ရုပ္ျမင္သံၾကားစက္ အေဟာင္းၾကီးကိုေတာင္ ျပန္သတိရမိပါတယ္။

ကၽြန္ေတာ္က ေအာ္စတင္ျမိဳ႕မွာ အေတာ္ေလးနာမည္ေက်ာ္တဲ့ မနက္စာေကၽြးတဲ့ ညအိပ္တည္းခိုခန္း ဖြင့္ေနတာပါ။

ဒါေပမယ့္ နိစၥဓူဝ ထပ္တလဲလဲ လုပ္ေနရတဲ့ အလုပ္မ်ဳိးေတြကို ျငီးေငြ႔လာျပီး ကၽြန္ေတာ့္ကို ႏိုးၾကားေစမယ့္ အရာမ်ဳိး ရွာေဖြခဲ့ပါတယ္။

ဒီ လူသူကင္းမဲ့တဲ့ တေစၦျမိဳ႕ကို ဝယ္လိုက္တာ အဲဒါေၾကာင့္ပါ။ အဲဒါက ေဒၚလာ ၁ ဒသမ ၄ သန္းေလာက္ေပးရပါတယ္။ တဝက္ေက်ာ္က ေငြေခ်းသူတစ္ေယာက္ဆီက ေခ်းခဲ့တာပါ။

က်န္တဲ့ေငြ အမ်ားစုကေတာ့ ကၽြန္ေတာ္နဲ႔ သူငယ္ခ်င္းတစ္ေယာက္တို႔ ၂ ေယာက္ေပါင္း ထည့္ဝင္ခဲ့ၾကပါတယ္။

ဒါေပမယ့္ တျခားသူငယ္ခ်င္း အနည္းငယ္လည္း ပါပါေသးတယ္။

ဒီမွာ ေရပိုက္လိုင္းမရွိပါဘူး။ ၈ မိုင္ေလာက္ရွည္တဲ့ ေျမလမ္းေလးတစ္ခုရဲ႕ အဆံုးမွာ ရွိျပီး အနီးဆံုး ေစ်းဆိုင္နဲ႔ တစ္နာရီ ခရီးေလာက္ေဝးပါတယ္။

(၁၈၀၀ ျပည့္လြန္ေႏွာင္းပိုင္းကာလမ်ားက Cerro Gordo သည္ သက္ဝင္စည္ကားေသာ သတၱဳတြင္း ျမိဳ႕ေလး ျဖစ္ခဲ့သည္။ ဓာတ္ပံု-Brent Underwood)

ဒီမွာေနရတာ အရမ္းကို အထီးက်န္ပါတယ္။ ဘယ္ေနရာနဲ႔မွ မနီးပါဘူး။

ေနာက္ပိုင္း လူသူမရွိတဲ့ ဒီျမိဳ႕မွာ ေနရတာ က်င့္သားရျပီး သက္ေတာင့္သက္သာျဖစ္လာတာနဲ႔အတူ ဒီမွာရွိတဲ့ သရဲေတြကိုလည္း သိပ္မေၾကာက္ေတာ့ပါဘူး။

သရဲေတြ ေျခာက္လွန္႔တယ္လို႔ ယူဆရတဲ့ အသံဗလံေတြအေပၚမွာလည္း ေနသားက်သြားပါျပီ။

တခါကဆိုရင္ အိပ္ေဆာင္တစ္ခုရဲ႕ ျပတင္းေပါက္မွာ အရိပ္မည္းၾကီးတစ္ခု ေတြ႔ပါတယ္။

အဲ့ေနာက္ပိုင္း အဲ့ဒီဘက္ကို ေျခဦးမလွည့္ေတာ့ပါဘူး။

ဒီလိုေနရာမွာ ေနဖို႔ဆိုတာ ဇြဲလံု႔လရွိဖို႔ေတာ့ လိုပါတယ္။

ကၽြန္ေတာ္ Cerro Gordo ကို ေရာက္ျပီးေနာက္ပိုင္း မုန္တိုင္းေဘး၊ မီးေဘး၊ ေရၾကီးတာ၊ ငလ်င္လႈပ္တာ၊ ႏွင္းမုန္တိုင္းတိုက္တာေတြ ရင္ဆိုင္ရပါတယ္။

“အခက္အခဲေတြ အရမ္းမ်ားတယ္။ ကၽြန္ေတာ္သိရပါျပီ” လို႔ ေျပာျပီး လက္ေလွ်ာ့လိုက္ရမယ့္ အေျခအေနမ်ဳိးပါ။

ဒီလိုေနရာမ်ဳိးမွာ ေန႔စဥ္ေနထုိင္မႈဘဝ ပိုမိုလြယ္ကူေစဖုိ႔အတြက္ ရုပ္ပိုင္း၊ စိတ္ပိုင္း တိုးတက္မႈေတြ အမ်ားၾကီးရ ေအာင္ ၾကိဳးစားရပါတယ္။

ဒီျမိဳ႕ေလးရဲ႕သမိုင္းကို ထိန္းသိမ္းႏိုင္ဖုိ႔ ၾကိဳးစားပါတယ္။

(လာေရာက္လည္ပတ္သူမ်ား တည္းခိုႏိုင္ရန္အတြက္ Brent က ျမိဳ႕ထဲရွိ ဟိုတယ္တစ္ခုကို ျပန္လည္မြမ္းမံမႈမ်ား ျပဳလုပ္ေနသည္။ ဓာတ္ပံု- Brent Underwood)

ဒီမွာ ေနရတဲ့ဘဝက ျမိဳ႕ၾကီးတစ္ခု ေနရတာမ်ဳိးနဲ႔ယွဥ္ရင္ အရမ္းေႏွးေကြးတဲ့ဘဝပါ။

ျမိဳ႕မွာဆိုရင္ တစ္ေန႔တာဟာ ဓာတ္ဆီဆိုင္မွာ ကားဆီထည့္ရတာမ်ဳိးလို ေဝယ်ာဝစၥအလုပ္ေပါင္း ၁၀၀ ေလာက္ နဲ႔ အခ်ိန္ေတြ အေငြ႔ပ်ံ ကုန္ဆံုးသြားႏိုင္ပါတယ္။

ဒါေပမယ့္ ဒီမွာလည္း တခ်ဳိ႕အခ်ိန္ေတြမွာ လုပ္စရာေတြပံုေနျပီး ကၽြန္ေတာ္အလုပ္မ်ားေနတတ္ပါတယ္။

ဘဝရပ္တည္ဖုိ႔အတြက္ကေတာ့ Brass Check လို႔ေခၚတဲ့ ကုမၸဏီတစ္ခုမွာ ေန႔ဘက္အလုပ္လုပ္ပါတယ္။

ျပီးရင္ စြန္႔ပစ္ခံျမိဳ႕ၾကီးကို ျပန္ျပီး မြမ္းမံတည္ေဆာက္ရတဲ့ အခ်ိန္ျပည့္အလုပ္ကလည္း ရွိေနတယ္။

အဲဒါအျပင္ ကၽြန္ေတာ့္ရဲ႕ YouTube ခ်န္နယ္မွာ ဒီျမိဳ႕အေၾကာင္း content ဖန္တီးဖို႔ေပါ့။

(မွတ္ခ်က္။ Brent ၏ YouTube ခ်န္နယ္မွာ Ghost Town Living ဟု အမည္ရသည္)

ကၽြန္ေတာ္ဒီျမိဳ႕ကေန ဝင္ေငြ တစ္ျပားမွ ျပန္မရေသးပါဘူး။ ဒါေပမယ့္ ဒီက ဟိုတယ္ကို မၾကာခင္မွာ ဖြင့္ႏိုင္မယ္လုိ႔ ေမွ်ာ္လင့္ထားပါတယ္။

ေနာက္ပိုင္းမွာ စခန္းခ်ဖို႔ ေနရာနဲ႔ ညအိပ္တည္းခိုႏိုင္ၾကဖို႔အတြက္ လံုးခ်င္းအိမ္ေလးေတြကိုလည္း ဖြင့္လွစ္သြားႏိုင္မွာပါ။

ဒီျမိဳ႕ကို လာေရာက္လည္ပတ္မယ့္သူေတြကို ဝင္ေၾကးအခမဲ့နဲ႔ ကၽြန္ေတာ္တို႔ အျမဲ ၾကိဳဆိုသြားမွာပါ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: I bought a California ghost town for $1.4 million. Living here gets lonely — but I've found my purpose (businessinsider)

Photo Credit: Brent Underwood

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service