ဒူဘိုင်းတွင် လက်ရှိကမ္ဘာ့အမြင့်မားဆုံးအဆောက်အအုံကြီးထက် ပိုမိုမြင့်မားမည်ဖြစ်ကာ အထပ်ပေါင်း ၃၀၀ ကျော်ရှိပြီး လူပေါင်း ၁ သန်းကျော် နေထိုင်နိုင်မည့် ပိရမစ်ကြီးတစ်ခု ဆောက်လုပ်ရန် စီစဉ်နေ

ဒူဘိုင်းတွင် လက်ရှိကမ္ဘာ့အမြင့်မားဆုံးအဆောက်အအုံကြီးထက် ပိုမိုမြင့်မားမည်ဖြစ်ကာ အထပ်ပေါင်း ၃၀၀ ကျော်ရှိပြီး လူပေါင်း ၁ သန်းကျော် နေထိုင်နိုင်မည့် ပိရမစ်ကြီးတစ်ခု ဆောက်လုပ်ရန် စီစဉ်နေ - Property News in Myanmar from iMyanmarHouse.com
1 Mar 2024 12:25 pm တွင် တင်ခဲ့သည်
1257 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဒူဘိုင်းတွင် ဆောက်လုပ်ရန် စီစဉ်နေသည့် မဟာပိရမစ်ကြီးမှာ လူမှုကွန်ရက် သုံးစွဲသူတို့အကြား အံ့ဖွယ် အကြောင်းရပ်ဖြစ်နေသည်။

အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းတွင် ဆောက်လုပ်ရန် စီစဉ်နေသော ပိရမစ်ကြီးမှာ ကမ္ဘာ့အံ့ဖွယ် တစ်ပါးဖြစ်သော Giza ပိရမစ်ကြီးသည်ပင်လျှင် သေးငယ်လှသည်ဟု မှတ်ထင်ရစေလောက်အောင် ကြီးမားမည် ဖြစ်သည်။

Ziggurat ဟု အမည်ပေးမည့် ပိရမစ်ကြီး ဆောက်လုပ်ရန် စီမံကိန်းကို ၂၀၀၈ ခုနှစ်တွင် စတင်ချပြခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် စတင်ဆောက်လုပ်ရန်နှင့် ၂၀၂၈ ခုနှစ်တွင် အပြီးသတ်ရန် ရည်မှန်းခဲ့သည်။

အီဂျစ်နှင့် မာယာလူမျိုးတို့၏ ပိရမစ်များအပေါ် စိတ်ကူးစိတ်သန်း အခြေခံသော်လည်း ထိုပိရမစ်များထက် အလွန်တရာ ပိုမို ကြီးမားလှသည့် အရွယ်အစား ဖြစ်သည်။

Ziggurat ပိရမစ်ကြီးသည် လက်ရှိ ကမ္ဘာ့အမြင့်မားဆုံးဖြစ်သော ဒူဘိုင်းရှိ Burj Khalifa မိုးမျှော်တိုက်ကြီးနှင့် ဒူဘိုင်းတွင် ဆောက်လုပ်ရန် စီစဉ်ထားသော Downtown Circle တို့ထက် ပိုမိုမြင့်မားမည်ဖြစ်ကာ အမြင့် မီတာ ၁၂၀၀ ရှိမည်ဟု ဆိုသည်။

Ziggurat ပိရမစ်သည် စတုရန်း ၂ ဒသမ ၃ ကီလိုမီတာရှိမည်ဖြစ်ပြီး လူပေါင်း ၁ သန်းကျော် နေထိုင်နိုင်မည် ဖြစ်သည်။

(လက်ရှိ ကမ္ဘာ့အမြင့်မားဆုံး အဆောက်အအုံထက်ပင် ပိုမိုမြင့်မားမည်ဖြစ်သည်။ ဓာတ်ပုံ-Instagram/ @ docuoneumofficial)

ပိရမစ်ကြီးတွင် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု မရှိစေရန်လည်း ရည်ရွယ်ထားပြီး ဆိုလာပြားများ၊ လေစွမ်းအင်နှင့် အခြားသဘာဝရင်းမြစ်များမှ စွမ်းအင်ကိုသာ အသုံးပြုသွားမည် ဖြစ်သည်။

ပိရမစ်ကြီးတွင် ကိုယ်ပိုင်သယ်ယူပို့ဆောင်ရေးစနစ်ထားရှိမည်ဖြစ်ပြီး မြေပြင်ညီအပြင် ဒေါင်လိုက်ပို့ဆောင်မှု စနစ်များလည်း ပါဝင်မည်ဖြစ်ရာ ထိုဝန်းအတွင်း ကားများ မလိုအပ်နိုင်သည်အထိ စီစဉ်ထားသည်။

Ziggurat ပိရမစ်ကြီးတွင် လူနေ၊ ကူးသန်းရောင်းဝယ်ရေးနှင့် အပန်းဖြေနေရာများ ပါဝင်ကာ အထပ်ပေါင်း ၃၀၀ ရှိမည် ဖြစ်သည်။

ဒူဘိုင်းအခြေစိုက် မြို့ပြစီမံကိန်းအဖွဲ့ဖြစ်သော Timelinks မှ ဒီဇိုင်းရေးဆွဲပေးထားခြင်းဖြစ်ကာ ထိုအဖွဲ့မှာ မြို့ပြ စီမံကိန်းရေးဆွဲသူများ၊ သိပ္ပံပညာရှင်များ၊ ဗိသုကာပညာရှင်များဖြင့် ဖွဲ့စည်းထားသည်။

Timelinks ၏ မန်နေးဂျင်းဒါရိုက်တာ Ridas Matonis က ပြောသည်မှာ Ziggurat ပိရမစ်ကြီးမှာ စွမ်းအင် အတွက် လုံးဝနီးပါး မိမိဘာသာ ရပ်တည်နိုင်မည်ဖြစ်ကြောင်း ပြောသည်။

Flashy Dubai ၏ ဖော်ပြချက်အရ Ziggurat ပိရမစ်ကြီးတွင် လုံခြုံရေးအတွက် Facial Recognition နည်းပညာကို အသုံးပြုမည်ဟု ဆိုသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Dubai mega-pyramid would be home to 1,000,000 people and be totally 'self-sufficient' (unilad)

Photo Credit: Instagram/ @docuoneumofficial/ unbuiltskyscrapers

[Zawgyi]

ဒူဘိုင္းတြင္ လက္ရွိကမၻာ့အျမင့္မားဆံုးအေဆာက္အအံုၾကီးထက္ ပိုမိုျမင့္မားမည္ျဖစ္ကာ အထပ္ေပါင္း ၃၀၀ ေက်ာ္ရွိျပီး လူေပါင္း ၁ သန္းေက်ာ္ ေနထိုင္ႏိုင္မည့္ ပိရမစ္ၾကီးတစ္ခု ေဆာက္လုပ္ရန္ စီစဥ္ေန

ဒူဘိုင္းတြင္ ေဆာက္လုပ္ရန္ စီစဥ္ေနသည့္ မဟာပိရမစ္ၾကီးမွာ လူမႈကြန္ရက္ သံုးစြဲသူတို႔အၾကား အံ့ဖြယ္ အေၾကာင္းရပ္ျဖစ္ေနသည္။

အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု၊ ဒူဘိုင္းတြင္ ေဆာက္လုပ္ရန္ စီစဥ္ေနေသာ ပိရမစ္ၾကီးမွာ ကမၻာ့အံ့ဖြယ္ တစ္ပါးျဖစ္ေသာ Giza ပိရမစ္ၾကီးသည္ပင္လွ်င္ ေသးငယ္လွသည္ဟု မွတ္ထင္ရေစေလာက္ေအာင္ ၾကီးမားမည္ ျဖစ္သည္။

Ziggurat ဟု အမည္ေပးမည့္ ပိရမစ္ၾကီး ေဆာက္လုပ္ရန္ စီမံကိန္းကို ၂၀၀၈ ခုႏွစ္တြင္ စတင္ခ်ျပခဲ့ျပီး ၂၀၂၁ ခုႏွစ္တြင္ စတင္ေဆာက္လုပ္ရန္ႏွင့္ ၂၀၂၈ ခုႏွစ္တြင္ အျပီးသတ္ရန္ ရည္မွန္းခဲ့သည္။

အီဂ်စ္ႏွင့္ မာယာလူမ်ဳိးတို႔၏ ပိရမစ္မ်ားအေပၚ စိတ္ကူးစိတ္သန္း အေျခခံေသာ္လည္း ထိုပိရမစ္မ်ားထက္ အလြန္တရာ ပိုမို ၾကီးမားလွသည့္ အရြယ္အစား ျဖစ္သည္။

Ziggurat ပိရမစ္ၾကီးသည္ လက္ရွိ ကမၻာ့အျမင့္မားဆံုးျဖစ္ေသာ ဒူဘိုင္းရွိ Burj Khalifa မိုးေမွ်ာ္တိုက္ၾကီးႏွင့္ ဒူဘိုင္းတြင္ ေဆာက္လုပ္ရန္ စီစဥ္ထားေသာ Downtown Circle တုိ႔ထက္ ပိုမိုျမင့္မားမည္ျဖစ္ကာ အျမင့္ မီတာ ၁၂၀၀ ရွိမည္ဟု ဆိုသည္။

Ziggurat ပိရမစ္သည္ စတုရန္း ၂ ဒသမ ၃ ကီလိုမီတာရွိမည္ျဖစ္ျပီး လူေပါင္း ၁ သန္းေက်ာ္ ေနထိုင္ႏိုင္မည္ ျဖစ္သည္။

(လက္ရွိ ကမၻာ့အျမင့္မားဆံုး အေဆာက္အအံုထက္ပင္ ပိုမိုျမင့္မားမည္ျဖစ္သည္။ ဓာတ္ပံု-Instagram/ @ docuoneumofficial)

ပိရမစ္ၾကီးတြင္ ကာဗြန္ဒိုင္ေအာက္ဆိုက္ ထုတ္လႊတ္မႈ မရွိေစရန္လည္း ရည္ရြယ္ထားျပီး ဆိုလာျပားမ်ား၊ ေလစြမ္းအင္ႏွင့္ အျခားသဘာဝရင္းျမစ္မ်ားမွ စြမ္းအင္ကိုသာ အသံုးျပဳသြားမည္ ျဖစ္သည္။

ပိရမစ္ၾကီးတြင္ ကိုယ္ပိုင္သယ္ယူပို႔ေဆာင္ေရးစနစ္ထားရွိမည္ျဖစ္ျပီး ေျမျပင္ညီအျပင္ ေဒါင္လိုက္ပို႔ေဆာင္မႈ စနစ္မ်ားလည္း ပါဝင္မည္ျဖစ္ရာ ထိုဝန္းအတြင္း ကားမ်ား မလိုအပ္ႏိုင္သည္အထိ စီစဥ္ထားသည္။

Ziggurat ပိရမစ္ၾကီးတြင္ လူေန၊ ကူးသန္းေရာင္းဝယ္ေရးႏွင့္ အပန္းေျဖေနရာမ်ား ပါဝင္ကာ အထပ္ေပါင္း ၃၀၀ ရွိမည္ ျဖစ္သည္။

ဒူဘိုင္းအေျခစိုက္ ျမိဳ႕ျပစီမံကိန္းအဖြဲ႔ျဖစ္ေသာ Timelinks မွ ဒီဇိုင္းေရးဆြဲေပးထားျခင္းျဖစ္ကာ ထိုအဖြဲ႔မွာ ျမိဳ႕ျပ စီမံကိန္းေရးဆြဲသူမ်ား၊ သိပၸံပညာရွင္မ်ား၊ ဗိသုကာပညာရွင္မ်ားျဖင့္ ဖြဲ႔စည္းထားသည္။

Timelinks ၏ မန္ေနးဂ်င္းဒါရိုက္တာ Ridas Matonis က ေျပာသည္မွာ Ziggurat ပိရမစ္ၾကီးမွာ စြမ္းအင္ အတြက္ လံုးဝနီးပါး မိမိဘာသာ ရပ္တည္ႏိုင္မည္ျဖစ္ေၾကာင္း ေျပာသည္။

Flashy Dubai ၏ ေဖာ္ျပခ်က္အရ Ziggurat ပိရမစ္ၾကီးတြင္ လံုျခံဳေရးအတြက္ Facial Recognition နည္းပညာကို အသံုးျပဳမည္ဟု ဆိုသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Dubai mega-pyramid would be home to 1,000,000 people and be totally 'self-sufficient' (unilad)

Photo Credit: Instagram/ @docuoneumofficial/ unbuiltskyscrapers

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service