ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ၏ အသက် ၇၅ နှစ်အရွယ် မိခင်ကြီး သားဖြစ်သူ၏ အိမ်သို့ အလည်သွားရာတွင် ကြမ်းပြင်ပေါ်၌ စောင်ဖြင့်အိပ်ရ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ၏ အသက် ၇၅ နှစ်အရွယ် မိခင်ကြီး သားဖြစ်သူ၏ အိမ်သို့ အလည်သွားရာတွင် ကြမ်းပြင်ပေါ်၌ စောင်ဖြင့်အိပ်ရ - Property News in Myanmar from iMyanmarHouse.com
14 Feb 2024 11:36 am တွင် တင်ခဲ့သည်
844 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
Tesla Inc. နှင့် SpaceX တို့၏ စီအီးအို Elon Musk ၏ မိခင်ကြီး Maye Musk သည် သားဖြစ်သူ၏ အိမ်သို့ အလည်သွားရာတွင် အိပ်စက်ရပုံအခြေအနေအကြောင်း ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်းက ထုတ်ဖော်ပြောကြား ခဲ့ဖူးသည်။
“ကျွန်မဟာ ကြမ်းပြင်ပေါ်၊ ခုံတန်းတွေပေါ်မှာ မွေ့ယာ (ဒါမှမဟုတ်) စောင်နဲ့ အိပ်ရတာမျိုး၊ (ဒါမှမဟုတ်) ဂိုဒေါင်ထဲက အိပ်ယာတစ်ခုမှာ အိပ်ရတာမျိုး အမှတ်ရစရာတွေ အများကြီးရှိပါတယ်”ဟု Maye Musk က သားဖြစ်သူ Elon Musk ၏ အိမ်သို့ အလည်သွားစဉ် အိပ်စက်ရမှု အခြေအနေအကြောင်း တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့ဖူးသည်။
သူမ၏ အခြား သားသမီးနှစ်ဦးဖြစ်သော Kimbal နှင့် Tosca တို့သည်လည်း အလားတူ အခြေအနေမျိုး ကြုံတွေ့ ရဖူးကြောင်း Maye Musk က ပြောသည်။
“ကျွန်မတို့ ကျင့်သားရနေပါပြီ။ ဒီလိုအိပ်ရတာက ကာလာဟရီ သဲကန္တာရထဲမှာ ခြင်္သေ့တွေ၊ ဟိုင်အီးနားကောင် တွေနဲ့ အိပ်ရတာမျိုးထက်တော့ ပိုသာနေသေးပါတယ်။ ကျွန်မ ကလေးဘဝတုန်းက အဲ့လိုမျိုး အိပ်ခဲ့ဖူးပါတယ်” ဟု Maye က တွစ်တာတွင် ရေးသားခဲ့သည်။
Elon Musk က ရုံးပိတ်ရက်များတွင် သူငယ်ချင်းဖြစ်သူအိမ်တွင် ခုံတန်းပေါ်၌ အိပ်ရကြောင်း ပြောဆိုမှုအပေါ် Maye Musk က တုံ့ပြန်သည့်အနေဖြင့် ရေးသားခဲ့ခြင်းလည်း ဖြစ်သည်။
Maye Musk ၏ ရေးသားမှုက သားဖြစ်သူ၏အိမ်တွင် လက်တွေ့ကျသော နေထိုင်မှု အခြေအနေနှင့် သူမ အနေဖြင့် ကွဲပြားခြားနားသော အခြေအနေမျိုးနှင့် လိုက်လျောညီထွေ နေထိုင်တတ်မှုကို မီးမောင်းထိုး ပြသနေသည်။
The Times UK နှင့် တွေ့ဆုံမေးမြန်းခန်းတွင် Maye Musk က ထုတ်ဖော်ပြောကြားသည်မှာ SpaceX ၏ တက္ကဆပ်ပြည်နယ်မှ ရုံးချုပ်ဖြစ်သော Boca Chica တွင် သားဖြစ်သူ၏ ဒေါ်လာ ၄၅၀၀၀ တန်အိမ်သို့ အလည်သွားလျှင် ဂိုဒေါင်ထဲတွင် အိပ်ရလေ့ရှိကြောင်း ပြောသည်။
ဒုံးကျည်လွှတ်တင်ရာ နေရာအနီးတွင် ဖြစ်သောကြောင့် နေထိုင်ရမှုအခြေအနေများမှာ လက်တွေ့ဆန်ကြောင်းလည်း သူမကပြောသည်။
“ဒုံးကျည်စခန်းတစ်ခုအနားမှာ ထည်ဝါတဲ့ အိမ်မျိုးနဲ့ နေလို့မရနိုင်ပါဘူး”ဟု သူမကပြောသည်။
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk သည် ဧည့်သည်များ နေထိုင်ရန် ရည်ရွယ်ထားသော ဒေါ်လာ ၅၀၀၀၀ တန် စတုရန်းပေ ၃၇၅ သာ ကျယ်ဝန်းသည့် အိမ်ငယ်လေးတစ်လုံးလည်း ပိုင်ဆိုင်ထားသည်။
၂၀၂၀ ပြည့်နှစ်အတွင်း Elon Musk က သူ၏ နေအိမ်များအပါအဝင် ရုပ်ပိုင်းဆိုင်ရာ ပိုင်ဆိုင်မှုအများစုကို ရောင်းချပစ်ရန် စီစဉ်ထားကြောင်း ကြေညာခဲ့မှုမှာ ထိပ်တန်းသတင်းတစ်ရပ် ဖြစ်ခဲ့သည်။
မိမိတွင် ကိုယ်ပိုင်အိမ်ထားရှိတော့မည် မဟုတ်ကြောင်း Elon Musk က ကြေညာခဲ့ခြင်း ဖြစ်သည်။
Maye Musk က သူ၏ ဘဝဇာတ်ကြောင်းကို A Woman Makes A Plan ဟူသော အမည်ဖြင့် စာအုပ်တစ်အုပ် ရေးသားထားသည်။
မဟာဘွဲ့ ၂ ခု ရရှိရန် ကြိုးစားနေစဉ်ကာလအတွင်း Single မိခင်တစ်ဦးအနေဖြင့် သားသမီး ၃ ဦးအား ပြုစုပျိုးထောင်ရခြင်း၏ စိန်ခေါ်မှုများအကြောင်း ထိုစာအုပ်ထဲတွင် ရေးသားဖော်ပြထားသည်။
Maye Musk သည် မော်ဒယ်တစ်ဦး ၊ အာဟာရဗေဒပညာရှင်အဖြစ် အသက်မွေးခဲ့ရာတွင် အောင်မြင်မှုများ ရရှိခဲ့သည်။
သူမသည် ယခင်က တောင်အာဖရိကတွင် နေထိုင်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် ကနေဒါသို့ ပြောင်းရွှေ့လာခဲ့သည်။
ထိုကာလများအတွင်း မိသားစုကို ကျွေးမွေးနိုင်ရန် အလုပ်အမျိုးမျိုး လုပ်ကိုင်ခဲ့ကြောင်း သူမက ပြောသည်။
(ဆက်စပ်သတင်းများ)
နေအိမ်များ တစ်လုံးမကျန် ရောင်းထုတ်မည်ဟု ကြေညာထားသော ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် သူဌေးကြီး Elon Musk က ကယ်လီဖိုးနီးယားရှိ နေအိမ် ၅ လုံးကို ကန်ဒေါ်လာ ၉၇ ဒသမ ၅ သန်းဖြင့် ထပ်မံအရောင်းဈေးကွက်တင်
https://www.imyanmarhouse.com/news/read/919765
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သော်လည်း အိမ်ပိုင်မရှိသူ Elon Musk က မိသားစု ဘဝတည်ငြိမ်ရေးအတွက် ကိုယ်ပိုင်အိမ်တလုံး ဝယ်ယူရန် ချင့်ချိန်စဉ်းစားခဲ့သော်လည်း လက်ရှိအိမ်ခြံမြေဈေးကွက်ရှိ နေအိမ်များမှာ ဈေးအလွန်ကြီးကြောင်း ညည်းတွား
https://www.imyanmarhouse.com/news/read/1087650
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
  Ref: Elon Musk's 75-Year-Old Mother Says She Sleeps on 'Mattresses Or Blankets On The Floor Or In The Garage' When She Visits Her Son — The Richest Man In The World (benzinga)
Photo Credit: benzinga
[Zawgyi]
(ဆက်စပ်သတင်းများ)
Photo Credit: benzinga
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
pan-swal-taw
taunggyi-garden-city
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service