အင်္ဂလန်တွင် အမျိုးသားတစ်ဦးက ရဲတိုက်ပျက်ကြီးတစ်ခုကို ၁ ပေါင်မျှဖြင့် ဝယ်ယူ

အင်္ဂလန်တွင် အမျိုးသားတစ်ဦးက ရဲတိုက်ပျက်ကြီးတစ်ခုကို ၁ ပေါင်မျှဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
1 Feb 2024 10:50 am တွင် တင်ခဲ့သည်
741 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အင်္ဂလန်တွင် တချိန်က ဧကရာဇ်တစ်ပါးအတွက် ခမ်းနားထည်ဝါခဲ့ဖူးပြီး ယခုအခါ ပျက်စီးနေပြီဖြစ်သော ရဲတိုက်ကြီးတစ်ခုလုံးကို အမျိုးသားတစ်ဦးက ဗြိတိန်ငွေ ၁ ပေါင်မျှဖြင့် ဝယ်ယူလိုက်သည်။

ဒေသကောင်စီက အဆိုပါရဲတိုက်ကြီးကို ပြန်လည်မွမ်းမံမှုများ မပြုလုပ်တော့သည့်နောက်ပိုင်း အင်္ဂလန်နိုင်ငံ၊ ဆာရေးခရိုင်၊ Brockham မြို့နေ အသက် ၆၀ အရွယ်ရှိ မာတင် ဟစ်ဂင်စ် (Martin Higgins) ဆိုသူက Betchworth Castle အမည်ရှိ ရဲတိုက်ကြီးကို ဝယ်ယူလိုက်ခြင်း ဖြစ်သည်။

 

(ရဲတိုက်ပျက်ကြီးကို ၁ ပေါင်မျှဖြင့် ဝယ်ယူခဲ့သည်။ ဓာတ်ပုံ-BPM)

 

(သမိုင်းပညာရှင် မာတင်က ယခုအခါ ပိုင်ဆိုင်ထားသည်။ ဓာတ်ပုံ-Getty)

 

မာတင်သည် ကလေးဘဝကတည်းက Betchworth ရဲတိုက်ကြီးအတွင်းသို့ ရောက်ဖူးသည်။

ထိုအချိန်ကတည်းက ဒေသတွင်းရှိ ကလေးများသည် ရဲတိုက်ဝန်းကြီးအတွင်း လည်ပတ်လေ့ရှိကြသည်။

ဤရဲတိုက်ကြီးတွင် ရှေးအခါက အက်ဒ်ဝါ့ဘုရင် စံမြန်းခဲ့ဖူးပြီး နောက်ပိုင်းတွင် စွန့်ပစ်ထားခဲ့သည်။

ဤရဲတိုက်ကြီးကို ဒေသတွင်းကောင်စီက ဖြိုဖျက်ရန် စီစဉ်နေမှုကို ဗြိတိန်အစိုးရက တားမြစ်ခဲ့သည်။

ရဲတိုက်ကြီးကို ဂေါက်ကွင်းတစ်ခုက ဝန်းပတ်ထားသည်။

ဒေသကောင်စီက ရဲတိုက်ပျက်ကြီးကို ပြုပြင်ထိန်းသိမ်းရန် ငြင်းပယ်ခဲ့ရာ မာတင်က ထိန်းသိမ်းရန် ကမ်းလှမ်းခဲ့ ခြင်း ဖြစ်သည်။

မာတင်က The Guardian သတင်းဌာနသို့ “ကျွန်တော်ပြောမယ်။ အဲဒီရဲတိုက်ပျက်ကို ခင်ဗျားတို့ဆီကနေ ၁ ပေါင်နဲ့ ဝယ်မယ်။ ပြီးရင် ကိုယ့်ဟာကိုယ် ထိန်းသိမ်းမွမ်းမံပါမယ်..လို့ ပြောခဲ့ပါတယ်”ဟု ပြောသည်။

“ဒီဒေသမှာ ကျွန်တော့်ကို ရဲတိုက်ပိုင်တဲ့လူကြီးလို့ သိကြတယ်။”

“ဒါကြီးကို ဝယ်ခဲ့တဲ့စိတ်ကူးအပေါ် ပြက်ရယ်ပြုကြပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ ကြိုးစားအားထုတ်မှု အပေါ်မှာ သူတို့ ချီးမွမ်းကြပါတယ်”

Betchworth ရဲတိုက်ကြီးသည် ပြန်လည်မွမ်းမံထိန်းသိမ်းမှုများ ပြုလုပ်မည်ဆိုပါက မွမ်းမံမှု ကုန်ကျစရိတ်မှာ ရဲတိုက်ကြီး၏ ကာလပေါက်ဈေးထက် ပိုမိုကုန်ကျဖွယ်ရှိသည်။

မြို့ကောင်စီက မာတင်ထံမှ ၁ ပေါင်တန် ဒင်္ဂါးတစ်ပြားကို လက်ခံခဲ့ပြီးနောက် မာတင်အား ပိုင်ရှင်အဖြစ် လွှဲပြောင်းပေးခဲ့သည်။

ရဲတိုက်ကြီး၏ နံရံများနှင့် ပြတင်းဘောင်များအပါအဝင် ပြုပြင်မွမ်းမံမှုအတွက် ပေါင် ၂၉၀၀၀ ခန့် သုံးစွဲခဲ့ကြောင်း မာတင်က သူ၏ ဇနီးအား ဝန်ခံခဲ့သည်။

မာတင်ဝယ်ယူစဉ်က ရဲတိုက်ကြီးမှာ ပြိုကျလုနီးနီး အခြေအနေဖြစ်သည်။ ယခုအခါ ထိုရဲတိုက်ကြီးသို့ နှစ်စဉ်လာရောက်လည်ပတ်သူ ၂၈၀၀၀ ခန့် ရှိနေသည်။

“ကျွန်တော်ဝယ်ယူချိန်မှာ Betchworth ရဲတိုက်ကြီးဟာ ပြိုကျတော့မယ့် အခြေအနေရောက်နေပါပြီ။ အဲဒီတုန်းက တစ်နှစ်ကို လူ ၇၀၀၀ လောက် လည်ပတ်မှုရှိခဲ့တယ်။ မနှစ်တုန်းကတော့ လူပေါင်း ၂၈၀၀၀ လောက် လာခဲ့ကြတယ်လို့ ခန့်မှန်းရပါတယ် ”ဟု မာတင်က ဆိုသည်။

 

(မြို့ကောင်စီက ရဲတိုက်ကြီးကို စွန့်ပစ်ထားရန်သာ ဆုံးဖြတ်ခဲ့ချိန်တွင် မာတင်က ဝယ်ယူခဲ့သည်။ ဓာတ်ပုံ-BPM)

 

(ယခုအခါ ရဲတိုက်ကြီးသို့ နှစ်စဉ်လာရောက်လည်ပတ်သူ ၂၈၀၀၀ ခန့်ရှိသည်။ ဓာတ်ပုံ-Visit Surrey)

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: I bought crumbling castle loved by royals for just £1 – it was a ‘romantic ruin’ until I could cut off the padlock (thesun)

Photo Credit: BPM

 

 

 

 

[Zawgyi]

အဂၤလန္တြင္ အမ်ဳိးသားတစ္ဦးက ရဲတိုက္ပ်က္ၾကီးတစ္ခုကို ၁ ေပါင္မွ်ျဖင့္ ဝယ္ယူ

 

အဂၤလန္တြင္ တခ်ိန္က ဧကရာဇ္တစ္ပါးအတြက္ ခမ္းနားထည္ဝါခဲ့ဖူးျပီး ယခုအခါ ပ်က္စီးေနျပီျဖစ္ေသာ ရဲတိုက္ၾကီးတစ္ခုလံုးကို အမ်ဳိးသားတစ္ဦးက ျဗိတိန္ေငြ ၁ ေပါင္မွ်ျဖင့္ ဝယ္ယူလိုက္သည္။

ေဒသေကာင္စီက အဆိုပါရဲတုိက္ၾကီးကို ျပန္လည္မြမ္းမံမႈမ်ား မျပဳလုပ္ေတာ့သည့္ေနာက္ပိုင္း အဂၤလန္ႏိုင္ငံ၊ ဆာေရးခရိုင္၊ Brockham ျမိဳ႕ေန အသက္ ၆၀ အရြယ္ရွိ မာတင္ ဟစ္ဂင္စ္ (Martin Higgins) ဆိုသူက Betchworth Castle အမည္ရွိ ရဲတိုက္ၾကီးကို ဝယ္ယူလိုက္ျခင္း ျဖစ္သည္။

 

(ရဲတိုက္ပ်က္ၾကီးကို ၁ ေပါင္မွ်ျဖင့္ ဝယ္ယူခဲ့သည္။ ဓာတ္ပံု-BPM)

(သမိုင္းပညာရွင္ မာတင္က ယခုအခါ ပိုင္ဆိုင္ထားသည္။ ဓာတ္ပံု-Getty)

မာတင္သည္ ကေလးဘဝကတည္းက Betchworth ရဲတိုက္ၾကီးအတြင္းသို႔ ေရာက္ဖူးသည္။

ထိုအခ်ိန္ကတည္းက ေဒသတြင္းရွိ ကေလးမ်ားသည္ ရဲတိုက္ဝန္းၾကီးအတြင္း လည္ပတ္ေလ့ရွိၾကသည္။

ဤရဲတိုက္ၾကီးတြင္ ေရွးအခါက အက္ဒ္ဝါ့ဘုရင္ စံျမန္းခဲ့ဖူးျပီး ေနာက္ပိုင္းတြင္ စြန္႔ပစ္ထားခဲ့သည္။

ဤရဲတိုက္ၾကီးကို ေဒသတြင္းေကာင္စီက ျဖိဳဖ်က္ရန္ စီစဥ္ေနမႈကို ျဗိတိန္အစိုးရက တားျမစ္ခဲ့သည္။

ရဲတိုက္ၾကီးကို ေဂါက္ကြင္းတစ္ခုက ဝန္းပတ္ထားသည္။

ေဒသေကာင္စီက ရဲတိုက္ပ်က္ၾကီးကို ျပဳျပင္ထိန္းသိမ္းရန္ ျငင္းပယ္ခဲ့ရာ မာတင္က ထိန္းသိမ္းရန္ ကမ္းလွမ္းခဲ့ ျခင္း ျဖစ္သည္။

မာတင္က The Guardian သတင္းဌာနသို႔ “ကၽြန္ေတာ္ေျပာမယ္။ အဲဒီရဲတိုက္ပ်က္ကို ခင္ဗ်ားတို႔ဆီကေန ၁ ေပါင္နဲ႔ ဝယ္မယ္။ ျပီးရင္ ကိုယ့္ဟာကိုယ္ ထိန္းသိမ္းမြမ္းမံပါမယ္..လို႔ ေျပာခဲ့ပါတယ္”ဟု ေျပာသည္။

“ဒီေဒသမွာ ကၽြန္ေတာ့္ကို ရဲတိုက္ပိုင္တဲ့လူၾကီးလို႔ သိၾကတယ္။”

“ဒါၾကီးကို ဝယ္ခဲ့တဲ့စိတ္ကူးအေပၚ ျပက္ရယ္ျပဳၾကပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ့္ရဲ႕ ၾကိဳးစားအားထုတ္မႈ အေပၚမွာ သူတို႔ ခ်ီးမြမ္းၾကပါတယ္”

Betchworth ရဲတိုက္ၾကီးသည္ ျပန္လည္မြမ္းမံထိန္းသိမ္းမႈမ်ား ျပဳလုပ္မည္ဆိုပါက မြမ္းမံမႈ ကုန္က်စရိတ္မွာ ရဲတိုက္ၾကီး၏ ကာလေပါက္ေစ်းထက္ ပိုမိုကုန္က်ဖြယ္ရွိသည္။

ျမိဳ႕ေကာင္စီက မာတင္ထံမွ ၁ ေပါင္တန္ ဒဂၤါးတစ္ျပားကို လက္ခံခဲ့ျပီးေနာက္ မာတင္အား ပိုင္ရွင္အျဖစ္ လႊဲေျပာင္းေပးခဲ့သည္။

ရဲတုိက္ၾကီး၏ နံရံမ်ားႏွင့္ ျပတင္းေဘာင္မ်ားအပါအဝင္ ျပဳျပင္မြမ္းမံမႈအတြက္ ေပါင္ ၂၉၀၀၀ ခန္႔ သံုးစြဲခဲ့ေၾကာင္း မာတင္က သူ၏ ဇနီးအား ဝန္ခံခဲ့သည္။

မာတင္ဝယ္ယူစဥ္က ရဲတိုက္ၾကီးမွာ ျပိဳက်လုနီးနီး အေျခအေနျဖစ္သည္။ ယခုအခါ ထိုရဲတိုက္ၾကီးသို႔ ႏွစ္စဥ္လာေရာက္လည္ပတ္သူ ၂၈၀၀၀ ခန္႔ ရွိေနသည္။

“ကၽြန္ေတာ္ဝယ္ယူခ်ိန္မွာ Betchworth ရဲတိုက္ၾကီးဟာ ျပိဳက်ေတာ့မယ့္ အေျခအေနေရာက္ေနပါျပီ။ အဲဒီတုန္းက တစ္ႏွစ္ကို လူ ၇၀၀၀ ေလာက္ လည္ပတ္မႈရွိခဲ့တယ္။ မႏွစ္တုန္းကေတာ့ လူေပါင္း ၂၈၀၀၀ ေလာက္ လာခဲ့ၾကတယ္လို႔ ခန္႔မွန္းရပါတယ္ ”ဟု မာတင္က ဆိုသည္။

 

(ျမိဳ႕ေကာင္စီက ရဲတိုက္ၾကီးကို စြန္႔ပစ္ထားရန္သာ ဆံုးျဖတ္ခဲ့ခ်ိန္တြင္ မာတင္က ဝယ္ယူခဲ့သည္။ ဓာတ္ပံု-BPM)

(ယခုအခါ ရဲတိုက္ၾကီးသို႔ ႏွစ္စဥ္လာေရာက္လည္ပတ္သူ ၂၈၀၀၀ ခန္႔ရွိသည္။ ဓာတ္ပံု-Visit Surrey)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: I bought crumbling castle loved by royals for just £1 – it was a ‘romantic ruin’ until I could cut off the padlock (thesun)

Photo Credit: BPM

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
Magical World Apartment
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service