အင်္ဂလန်တွင် အိမ်ခြံမြေ ကံစမ်းမဲ၌ ပေါင် ၂ သန်းတန်အိမ် မဲပေါက်သော အမျိုးသမီး အိမ်မရဘဲ ပေါင် ၅၀၀၀ သာရ

အင်္ဂလန်တွင် အိမ်ခြံမြေ ကံစမ်းမဲ၌ ပေါင် ၂ သန်းတန်အိမ် မဲပေါက်သော အမျိုးသမီး အိမ်မရဘဲ ပေါင် ၅၀၀၀ သာရ - Property News in Myanmar from iMyanmarHouse.com
20 Sep 2023 10:26 am တွင် တင်ခဲ့သည်
1945 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်တွင် အိမ်ခြံမြေ ကံစမ်းမဲ၌ ပေါင် ၂ သန်းတန်အိမ်ပေးမည်ဟု ပြောထားသော်လည်း ကံစမ်းမဲ စည်းမျဉ်း တစ်ခုကြောင့် ပေါင် ၅၀၀၀ သာရခဲ့ကြောင်း မဲပေါက်သူအမျိုးသမီးက ပြောသည်။

လိုရက်တာ အမည်ရှိ ကျောင်းဆရာမတစ်ဦးသည် ယခုလ အစောပိုင်းက အင်္ဂလန်နိုင်ငံအလယ်ပိုင်း နော်တင်ဟမ်မြို့ရှိ Park Estate အိမ်ရာရှိ အိမ်တစ်လုံးကို Win My Home အိမ်ခြံမြေကံစမ်းမဲ အစီအစဉ်မှ ကံထူးရှင်အဖြစ် ကြေညာခြင်းခံခဲ့ရသည်။

 

 

(မဲဖောက်ပေးမည်ဟု ကြေညာခဲ့သော ပေါင် ၂ သန်းတန်အိမ်အား တွေ့ရစဉ်)

 

ထွက်ပေါ်လာသော ဗွီဒီယိုဖိုင်တစ်ခုတွင် တွေ့ရှိရသည်မှာ လိုရက်တာ၏ နေအိမ်ရှေ့သို့ အမျိုးသမီးတစ်ဦးသည် ပန်းများ ၊ ရှန်ပိန်ပုလင်းတို့နှင့်အတူ ရောက်ရှိလာပြီး “နော်တင်ဟမ် အိမ်ခြံမြေကံစမ်းမဲ အစီအစဉ်မှာ အစ်မ ကံထူးပါတယ်။” ဟု ပြောလိုက်သည်ကို တွေ့ရသည်။

သို့သော် မည်သည့်မဲ ပေါက်သည်ကိုမူ မပြောချေ။

ယင်းနောက်ပိုင်းတွင်မှ လိုရက်တာအား ပြောသည်မှာ သူမအနေဖြင့် အိမ်ရမည်မဟုတ်ကြောင်း ၊ ကံစမ်းမဲ၏ စည်းမျဉ်းအရ ပေါင် ၅၀၀၀ သာရမည်ဖြစ်ကြောင်း ပြောခဲ့သည်ဟု ဆိုသည်။

အဆိုပါ ကံစမ်းမဲ အစီအစဉ်၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ ကံစမ်းမဲ လက်မှတ် ရောင်းချရမှု ပေါင် ၂ ဒသမ ၅ သန်းမပြည့်ပါက ကံထူးသူမှာ ရောင်းရငွေ၏ ၅၀ ရာခိုင်နှုန်းသာ ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သို့သော် ကံစမ်းမဲ စီစဉ်သူ အရှုံးပေါ်သည့် အခြေအနေမျိုးတွင် လိုရက်တာအား စေတနာထားသည့်အနေဖြင့် ပေါင် ၅၀၀၀ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထိုအခြေအနေကို သိလိုက်ရချိန်တွင် အသက် ၃၅ နှစ်အရွယ်ရှိ လိုရက်တာမှာ စိတ်ပျက်ကြေကွဲသွားခဲ့ရသည်။

“လူနှစ်ယောက်ရောက်လာပြီး အိမ်ခြံမြေကံစမ်းမဲ ပေါက်တယ်လို့ လာပြောတယ်။ ကျွန်မက အဲဒါဆို အိမ်သော့ပေးလေလို့ ပြောတာပေါ့။ အဲဒီမှာ သူတို့ပြောတာက အိမ်မရဘူး…ပေါင် ၅၀၀၀ ဆုငွေပဲရမယ်လို့ ပြောပါတယ်။ ကျွန်မကလည်း ….ကျေးဇူးတင်ပါတယ်ပေါ့။ သူတို့ပြောတာက လက်မှတ်ရောင်းရငွေ လုံလုံလောက်လောက် မရတာကြောင့် အိမ်မပေးနိုင်ဘူးလို့ ပြောပါတယ်” ဟု လိုရက်တာက Nottingham Live သတင်းဌာနသို့ ပြောသည်။

လိုရက်တာသည် သူမတို့ မိသားစု လက်ရှိနေထိုင်နေသော ကြောက်မက်ဖွယ် မှိုစွဲနေသည့်အိမ်မှ ပြောင်းရွှေ့ နိုင်ရန် မျှော်လင့်ချက်ဖြင့် အိပ်ခန်း ၆ ခန်းပါ လေးထပ်အိမ် မဲဖောက်ပေးမည့် ယခုကံစမ်းမဲ အစီအစဉ်တွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။

“သူတို့အနေနဲ့ အိမ်မပေးနိုင်ဘူးဆိုရင်တောင် သူတို့စည်းမျဉ်းအတိုင်း ပေါင် ၅၀၀၀၀ ပေးသင့်ပါတယ်။ အခုတော့ ပေါင် ၅၀၀၀ တဲ့လား။ အဲဒီငွေက ဓာတ်ငွေ့နဲ့ မီတာခတောင် မကာမိပါဘူး”

ယခုအိမ်ခြံမြေကံစမ်းမဲကို စီစဉ်သည့် Win My Home က ကံထူးသူ လိုရက်တာအကြောင်း ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ဗွီဒီယိုဖိုင်နှင့်အတူ ရေးသားဖော်ပြထားရာတွင်ကား “နော်တင်ဟမ်မှာနေတဲ့ ကျွန်တော်တို့ရဲ့ ကံထူးရှင် လိုရက်တာအတွက် ဂုဏ်ယူပါတယ်။

သူမနဲ့ ခင်ပွန်းဟာ ကြင်စဦး ဇနီးမောင်နှံဖြစ်ပြီး လက်ထပ်ပြီးတာ ၂ လခွဲပဲ ရှိသေးပါတယ်။ သူတို့က အိမ်တစ်လုံးဝယ်နိုင်ဖို့ အတူကြိုးစားနေကြသူတွေပါ။ နှစ်ဦးလုံးအတွက် ကျွန်တော်တို့ အလွန်ဝမ်းမြောက်မိပါတယ်။ ဘဝရဲ့ နောက်စာမျက်နှာသစ်မှာ လိုရာဆန္ဒပြည့်ဝပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်”ဟု ရေးသားဖော်ပြထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: I won £2m house in lottery but I was never allowed to move in – I got just £5k instead because of ‘confusing’ loophole (thesun)

 

 

 

[Zawgyi]

 

အဂၤလန္တြင္ အိမ္ျခံေျမ ကံစမ္းမဲ၌ ေပါင္ ၂ သန္းတန္အိမ္ မဲေပါက္ေသာ အမ်ဳိးသမီး အိမ္မရဘဲ ေပါင္ ၅၀၀၀ သာရ

 

အဂၤလန္တြင္ အိမ္ျခံေျမ ကံစမ္းမဲ၌ ေပါင္ ၂ သန္းတန္အိမ္ေပးမည္ဟု ေျပာထားေသာ္လည္း ကံစမ္းမဲ စည္းမ်ဥ္း တစ္ခုေၾကာင့္ ေပါင္ ၅၀၀၀ သာရခဲ့ေၾကာင္း မဲေပါက္သူအမ်ဳိးသမီးက ေျပာသည္။

လိုရက္တာ အမည္ရွိ ေက်ာင္းဆရာမတစ္ဦးသည္ ယခုလ အေစာပိုင္းက အဂၤလန္ႏိုင္ငံအလယ္ပိုင္း ေနာ္တင္ဟမ္ျမဳိ႕ရွိ Park Estate အိမ္ရာရွိ အိမ္တစ္လံုးကို Win My Home အိမ္ျခံေျမကံစမ္းမဲ အစီအစဥ္မွ ကံထူးရွင္အျဖစ္ ေၾကညာျခင္းခံခဲ့ရသည္။

(မဲေဖာက္ေပးမည္ဟု ေၾကညာခဲ့ေသာ ေပါင္ ၂ သန္းတန္အိမ္အား ေတြ႔ရစဥ္)

ထြက္ေပၚလာေသာ ဗြီဒီယိုဖိုင္တစ္ခုတြင္ ေတြ႔ရွိရသည္မွာ လုိရက္တာ၏ ေနအိမ္ေရွ႕သို႔ အမ်ဳိးသမီးတစ္ဦးသည္ ပန္းမ်ား ၊ ရွန္ပိန္ပုလင္းတုိ႔ႏွင့္အတူ ေရာက္ရွိလာျပီး “ေနာ္တင္ဟမ္ အိမ္ျခံေျမကံစမ္းမဲ အစီအစဥ္မွာ အစ္မ ကံထူးပါတယ္။” ဟု ေျပာလိုက္သည္ကို ေတြ႔ရသည္။

သို႔ေသာ္ မည္သည့္မဲ ေပါက္သည္ကိုမူ မေျပာေခ်။

ယင္းေနာက္ပိုင္းတြင္မွ လုိရက္တာအား ေျပာသည္မွာ သူမအေနျဖင့္ အိမ္ရမည္မဟုတ္ေၾကာင္း ၊ ကံစမ္းမဲ၏ စည္းမ်ဥ္းအရ ေပါင္ ၅၀၀၀ သာရမည္ျဖစ္ေၾကာင္း ေျပာခဲ့သည္ဟု ဆိုသည္။

အဆိုပါ ကံစမ္းမဲ အစီအစဥ္၏ ဝက္ဘ္ဆိုက္တြင္ ေဖာ္ျပထားခ်က္အရ ကံစမ္းမဲ လက္မွတ္ ေရာင္းခ်ရမႈ ေပါင္ ၂ ဒသမ ၅ သန္းမျပည့္ပါက ကံထူးသူမွာ ေရာင္းရေငြ၏ ၅၀ ရာခိုင္ႏႈန္းသာ ရမည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

သို႔ေသာ္ ကံစမ္းမဲ စီစဥ္သူ အရံႈးေပၚသည့္ အေျခအေနမ်ဳိးတြင္ လိုရက္တာအား ေစတနာထားသည့္အေနျဖင့္ ေပါင္ ၅၀၀၀ ေပးအပ္ခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

ထိုအေျခအေနကို သိလိုက္ရခ်ိန္တြင္ အသက္ ၃၅ ႏွစ္အရြယ္ရွိ လိုရက္တာမွာ စိတ္ပ်က္ေၾကကြဲသြားခဲ့ရသည္။

“လူႏွစ္ေယာက္ေရာက္လာျပီး အိမ္ျခံေျမကံစမ္းမဲ ေပါက္တယ္လို႔ လာေျပာတယ္။ ကၽြန္မက အဲဒါဆို အိမ္ေသာ့ေပးေလလို႔ ေျပာတာေပါ့။ အဲဒီမွာ သူတို႔ေျပာတာက အိမ္မရဘူး…ေပါင္ ၅၀၀၀ ဆုေငြပဲရမယ္လို႔ ေျပာပါတယ္။ ကၽြန္မကလည္း ….ေက်းဇူးတင္ပါတယ္ေပါ့။ သူတို႔ေျပာတာက လက္မွတ္ေရာင္းရေငြ လံုလံုေလာက္ေလာက္ မရတာေၾကာင့္ အိမ္မေပးႏိုင္ဘူးလို႔ ေျပာပါတယ္” ဟု လိုရက္တာက Nottingham Live သတင္းဌာနသို႔ ေျပာသည္။

လိုရက္တာသည္ သူမတို႔ မိသားစု လက္ရွိေနထုိင္ေနေသာ ေၾကာက္မက္ဖြယ္ မႈိစြဲေနသည့္အိမ္မွ ေျပာင္းေရႊ႕ ႏိုင္ရန္ ေမွ်ာ္လင့္ခ်က္ျဖင့္ အိပ္ခန္း ၆ ခန္းပါ ေလးထပ္အိမ္ မဲေဖာက္ေပးမည့္ ယခုကံစမ္းမဲ အစီအစဥ္တြင္ ပါဝင္ခဲ့ျခင္း ျဖစ္သည္။

“သူတုိ႔အေနနဲ႔ အိမ္မေပးႏိုင္ဘူးဆိုရင္ေတာင္ သူတို႔စည္းမ်ဥ္းအတိုင္း ေပါင္ ၅၀၀၀၀ ေပးသင့္ပါတယ္။ အခုေတာ့ ေပါင္ ၅၀၀၀ တဲ့လား။ အဲဒီေငြက ဓာတ္ေငြ႔နဲ႔ မီတာခေတာင္ မကာမိပါဘူး”

ယခုအိမ္ျခံေျမကံစမ္းမဲကို စီစဥ္သည့္ Win My Home က ကံထူးသူ လိုရက္တာအေၾကာင္း ၎တို႔၏ ဝက္ဘ္ဆိုက္တြင္ ဗြီဒီယိုဖိုင္ႏွင့္အတူ ေရးသားေဖာ္ျပထားရာတြင္ကား “ေနာ္တင္ဟမ္မွာေနတဲ့ ကၽြန္ေတာ္တို႔ရဲ႕ ကံထူးရွင္ လိုရက္တာအတြက္ ဂုဏ္ယူပါတယ္။

သူမနဲ႔ ခင္ပြန္းဟာ ၾကင္စဦး ဇနီးေမာင္ႏွံျဖစ္ျပီး လက္ထပ္ျပီးတာ ၂ လခြဲပဲ ရွိေသးပါတယ္။ သူတု႔ိက အိမ္တစ္လံုးဝယ္ႏိုင္ဖို႔ အတူၾကိဳးစားေနၾကသူေတြပါ။ ႏွစ္ဦးလံုးအတြက္ ကၽြန္ေတာ္တို႔ အလြန္ဝမ္းေျမာက္မိပါတယ္။ ဘဝရဲ႕ ေနာက္စာမ်က္ႏွာသစ္မွာ လိုရာဆႏၵျပည့္ဝပါေစလို႔ ဆုမြန္ေကာင္းေတာင္းအပ္ပါတယ္”ဟု ေရးသားေဖာ္ျပထားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: I won £2m house in lottery but I was never allowed to move in – I got just £5k instead because of ‘confusing’ loophole (thesun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service