ဘဝရဲ့တွန်းအားများ

ဘဝရဲ့တွန်းအားများ - Property Knowledge in Myanmar from iMyanmarHouse.com
17 Jul 2023 1:57 pm တွင် တင်ခဲ့သည်
539 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

ညီငယ်တစ်ယောက်လို ခင်ခဲ့သူနှင့် မနေ့ကတွေ့ခဲ့သည်။ သူ့ပုံစံက နှစ်နှစ်သုံးနှစ်အတွင်းပြောင်းလဲခဲ့တာကို တွေ့ခဲ့ရသည်။ အရက်ဘီယာတို့ကို နေ့စဉ်မှီဝဲနိုင်သူတို့၏ အင်္ဂါရုပ်အတိုင်း ဗိုက်ကလေးပူပူနှင့် ပါးစုန့်တို့က ထွက်နေပေပြီ။

သူ့ကို ဒီအခြေအနေထိ ရောက်လာလိမ့်မည်ဟု ထင်မထားခဲ့။အခုတော့ အခြေအနေတွေက ပြောင်းလဲကုန်သည်။ သူ့ရဲ့ အားထုတ်မှုနှင့်အတူ ရွေ့လျားမှုတွေ၊ ပြောင်းလဲမှုတွေက မျက်မြင် အခြေအနေက သက်သေခံနေပါသည်။

ဘယ်လိုတွန်းအားတွေက သူ့ကို ဒီအခြေအနေထိရောက်အောင် ပြောင်းလဲပေးလိုက်ပါသနည်း။ သူ့ရဲ့ တစ်ချိန်က အနေအထားသည် လက်ရှိအနေအထား၏ ပြောင်းပြန်ဖြစ်သည်။ ချို့တဲ့မှုတို့နှင့် ဖက်သီဖက်သီလိုက်ကာ ဘဝကညစ်တစ်တစ် အနေအထားတွင် ရှိခဲ့သည်။

တစ်ချိန်က မိမိထံကပင် ငွေကြေး အကူအညီတို့ ယူခဲ့ရဖူးသူဖြစ်သည်။အခြားသူများ ထံကလည်း ငွေကြေးအကူအညီတွေ ရယူခဲ့ဖူးကြောင်းလည်းသိရသည်။ ထမင်းကြွေး ဟင်းကြွေး ပြန်မဆပ်နိုင်ဘဲ ရှိခဲ့သည်တို့လည်း ရှိသည်။ ကိုယ်အဆင်ပြေလာသည့်အခါ ပြန်ဆပ်နိုင်သမျှ ပြန်ဆပ် ဖို့ကိုလည်း မိမိက တိုက်တွန်းခဲ့ဖူးသည်။

ခက်ခဲသည့် အခြေအနေတွင် ကလိန်ဉာဏ်အချို့ကိုသုံးပြီးလည်း ဘဝကို ဆက်နိုင်ဖို့ ကြိုးစားခဲ့သည်ကိုလည်း တွေ့ခဲ့ရဖူးသည်။

ယခုတော့ အသွေးအမွေးတို့က တောက်ပြောင်လို့ပင်ဖြစ်နေသည်။ သူကကြံရည်ဖန်ရည်တော့ရှိသည်။ ဒီလိုကြုံရင် ဒီလိုလုပ်တတ်သလို၊ ဟိုလိုကြုံရင်လည်း ဟိုလိုလုပ်လိုက်မည်ဆိုသည့် လူသားမျိုး။ ငတ်တစ်လှည့် ပြတ်တစ်လှည့်နှင့် ဘဝ၏ နှစ်အပိုင်းအခြား အတော်များများကို ကျင်လည်ခဲ့ရဖူးသူလည်း ဖြစ်သည်။ ဘဝနာခဲ့သူဟုပင် ပြောနိုင်သည်။

ဒါတွေသည်ပင် ဘဝရဲ့တွန်းအားလို့ပင် ခေါ်ရမည်ထင်သည်။ သွားနေ၊ လည်နေသောဘီးအတွက် ချောက်ရှိရာကိုလည်း ရောက်နိုင်သည်။ ပန်းတိုင်ရှိသော အရပ်ဆီလည်း ရောက်နိုင်သည်။လမ်းမှန်ဟုတ်မဟုတ် ရွေးချယ်တတ်ဖို့ပဲ လိုသည်။

အခုတော့ သူက လမ်းကြောင်းတစ်ခုပေါ်ကိုတော့ ရောက်နေသည်။ သူပြောသည့် သူလျှောက်နေသည့် သူ့လမ်းကြောင်းက ယခင် သူ့ဘဝ၏ အခြေအနေနှင့်ကွာအောင် ဖန်တီးပေးထားသည်။

သို့သော်လည်း သူ့လမ်းကြောင်းက သေမင်းနှုတ်ခမ်းဝနှင့်တော့ နီးသည်။ အချိန်မရွေး အဆင်းအတက် ကြမ်းနိုင်သည်။ လက်ရှိတွင် သူကောင်းကောင်း လျှောက်နေနိုင်သည်ကိုတွေ့ရသည်။

သူပြောသည်က သူကိုယ်သူ တစ်ကိုယ်တည်း သုံးမျက်နှာ ဟူ၏။ ဘေးတစ်ဖက်ကကြည့်ရင် သတင်းသမား၊ နောက် ဘေးတစ်ဖက်ကကြည့်ရင် အကောင်(အကောင်ဆိုတာကိုသိကြမှာပါ)၊ရှေ့ဘက်ကြည့်တော့ သာမန်လူလို နေထိုင်သည်ဟူ၏။ ဒါကသူ့အပြော။

သူ့ကလည်း သူ့ဘဝကို အဆင်ပြေပြေ ကျင်လည်နိုင်ဖို့ ကောင်းတာတွေရော ဆိုးတာတွေရောကြားထဲက ပါးရည်နပ်ရည်နှင့် နေထိုင်နေကြောင်းဆို၏။

တစ်ခါတစ်ရံ ကျွန်တော်တို့ဟာ ဘဝကို ဘယ်လိုဖြစ်ရမယ်လို့ ဦးတည်ရွေးချယ်ထားတာမျိုးတွေ ရှိကောင်း ရှိနိုင်ပေမယ့်၊ နဂိုရွေးချယ်မှုလမ်းကြောင်းကနေ သွေဖယ်ပြီး လက်မလွတ်ချင်စရာ အခွင့်အရေးများကို တွေ့၍ ရွေးချယ်မှုလမ်းကြောင်းတွေ ပြောင်းသွားတာကိုလည်း ကြုံတွေ့ကြရပါသေးတယ်။

သူက ပြောင်းပြီး ရောက်လာသည့် အခွင့်အရေးကို ဆုပ်ကိုင်လိုက်ခြင်းဟုထင်သည်။ သူ့ရွေးချယ်မှုက သူတစ်ကိုယ်ရေအတွက်တော့ မှန်ကောင်း မှန်နိုင်ပါသော်လည်း….။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

 

ဘဝရဲ႕တြန္းအားမ်ား

 

 

ညီငယ္တစ္ေယာက္လို ခင္ခဲ့သူႏွင့္ မေန႔ကေတြ႕ခဲ့သည္။ သူ႔ပုံစံက ႏွစ္ႏွစ္သုံးႏွစ္အတြင္းေျပာင္းလဲခဲ့တာကို ေတြ႕ခဲ့ရသည္။ အရက္ဘီယာတို႔ကို ေန႔စဥ္မွီဝဲႏိုင္သူတို႔၏ အဂၤါ႐ုပ္အတိုင္း ဗိုက္ကေလးပူပူႏွင့္ ပါးစုန္႔တို႔က ထြက္ေနေပၿပီ။

သူ႔ကို ဒီအေျခအေနထိ ေရာက္လာလိမ့္မည္ဟု ထင္မထားခဲ့။အခုေတာ့ အေျခအေနေတြက ေျပာင္းလဲကုန္သည္။ သူ႔ရဲ႕ အားထုတ္မႈႏွင့္အတူ ေ႐ြ႕လ်ားမႈေတြ၊ ေျပာင္းလဲမႈေတြက မ်က္ျမင္ အေျခအေနက သက္ေသခံေနပါသည္။

ဘယ္လိုတြန္းအားေတြက သူ႔ကို ဒီအေျခအေနထိေရာက္ေအာင္ ေျပာင္းလဲေပးလိုက္ပါသနည္း။ သူ႔ရဲ႕ တစ္ခ်ိန္က အေနအထားသည္ လက္ရွိအေနအထား၏ ေျပာင္းျပန္ျဖစ္သည္။ ခ်ိဳ႕တဲ့မႈတို႔ႏွင့္ ဖက္သီဖက္သီလိုက္ကာ ဘဝကညစ္တစ္တစ္ အေနအထားတြင္ ရွိခဲ့သည္။

တစ္ခ်ိန္က မိမိထံကပင္ ေငြေၾကး အကူအညီတို႔ ယူခဲ့ရဖူးသူျဖစ္သည္။အျခားသူမ်ား ထံကလည္း ေငြေၾကးအကူအညီေတြ ရယူခဲ့ဖူးေၾကာင္းလည္းသိရသည္။ ထမင္းေႂကြး ဟင္းေႂကြး ျပန္မဆပ္ႏိုင္ဘဲ ရွိခဲ့သည္တို႔လည္း ရွိသည္။ ကိုယ္အဆင္ေျပလာသည့္အခါ ျပန္ဆပ္ႏိုင္သမွ် ျပန္ဆပ္ ဖို႔ကိုလည္း မိမိက တိုက္တြန္းခဲ့ဖူးသည္။

ခက္ခဲသည့္ အေျခအေနတြင္ ကလိန္ဉာဏ္အခ်ိဳ႕ကိုသုံးၿပီးလည္း ဘဝကို ဆက္ႏိုင္ဖို႔ ႀကိဳးစားခဲ့သည္ကိုလည္း ေတြ႕ခဲ့ရဖူးသည္။

ယခုေတာ့ အေသြးအေမြးတို႔က ေတာက္ေျပာင္လို႔ပင္ျဖစ္ေနသည္။ သူကႀကံရည္ဖန္ရည္ေတာ့ရွိသည္။ ဒီလိုႀကဳံရင္ ဒီလိုလုပ္တတ္သလို၊ ဟိုလိုႀကဳံရင္လည္း ဟိုလိုလုပ္လိုက္မည္ဆိုသည့္ လူသားမ်ိဳး။ ငတ္တစ္လွည့္ ျပတ္တစ္လွည့္ႏွင့္ ဘဝ၏ ႏွစ္အပိုင္းအျခား အေတာ္မ်ားမ်ားကို က်င္လည္ခဲ့ရဖူးသူလည္း ျဖစ္သည္။ ဘဝနာခဲ့သူဟုပင္ ေျပာႏိုင္သည္။

ဒါေတြသည္ပင္ ဘဝရဲ႕တြန္းအားလို႔ပင္ ေခၚရမည္ထင္သည္။ သြားေန၊ လည္ေနေသာဘီးအတြက္ ေခ်ာက္ရွိရာကိုလည္း ေရာက္ႏိုင္သည္။ ပန္းတိုင္ရွိေသာ အရပ္ဆီလည္း ေရာက္ႏိုင္သည္။လမ္းမွန္ဟုတ္မဟုတ္ ေ႐ြးခ်ယ္တတ္ဖို႔ပဲ လိုသည္။

အခုေတာ့ သူက လမ္းေၾကာင္းတစ္ခုေပၚကိုေတာ့ ေရာက္ေနသည္။ သူေျပာသည့္ သူေလွ်ာက္ေနသည့္ သူ႔လမ္းေၾကာင္းက ယခင္ သူ႔ဘဝ၏ အေျခအေနႏွင့္ကြာေအာင္ ဖန္တီးေပးထားသည္။

သို႔ေသာ္လည္း သူ႔လမ္းေၾကာင္းက ေသမင္းႏႈတ္ခမ္းဝႏွင့္ေတာ့ နီးသည္။ အခ်ိန္မေ႐ြး အဆင္းအတက္ ၾကမ္းႏိုင္သည္။ လက္ရွိတြင္ သူေကာင္းေကာင္း ေလွ်ာက္ေနႏိုင္သည္ကိုေတြ႕ရသည္။

သူေျပာသည္က သူကိုယ္သူ တစ္ကိုယ္တည္း သုံးမ်က္ႏွာ ဟူ၏။ ေဘးတစ္ဖက္ကၾကည့္ရင္ သတင္းသမား၊ ေနာက္ ေဘးတစ္ဖက္ကၾကည့္ရင္ အေကာင္(အေကာင္ဆိုတာကိုသိၾကမွာပါ)၊ေရွ႕ဘက္ၾကည့္ေတာ့ သာမန္လူလို ေနထိုင္သည္ဟူ၏။ ဒါကသူ႔အေျပာ။

သူ႔ကလည္း သူ႔ဘဝကို အဆင္ေျပေျပ က်င္လည္ႏိုင္ဖို႔ ေကာင္းတာေတြေရာ ဆိုးတာေတြေရာၾကားထဲက ပါးရည္နပ္ရည္ႏွင့္ ေနထိုင္ေနေၾကာင္းဆို၏။

တစ္ခါတစ္ရံ ကြၽန္ေတာ္တို႔ဟာ ဘဝကို ဘယ္လိုျဖစ္ရမယ္လို႔ ဦးတည္ေ႐ြးခ်ယ္ထားတာမ်ိဳးေတြ ရွိေကာင္း ရွိႏိုင္ေပမယ့္၊ နဂိုေ႐ြးခ်ယ္မႈလမ္းေၾကာင္းကေန ေသြဖယ္ၿပီး လက္မလြတ္ခ်င္စရာ အခြင့္အေရးမ်ားကို ေတြ႕၍ ေ႐ြးခ်ယ္မႈလမ္းေၾကာင္းေတြ ေျပာင္းသြားတာကိုလည္း ႀကဳံေတြ႕ၾကရပါေသးတယ္။

သူက ေျပာင္းၿပီး ေရာက္လာသည့္ အခြင့္အေရးကို ဆုပ္ကိုင္လိုက္ျခင္းဟုထင္သည္။ သူ႔ေ႐ြးခ်ယ္မႈက သူတစ္ကိုယ္ေရအတြက္ေတာ့ မွန္ေကာင္း မွန္ႏိုင္ပါေသာ္လည္း….။

 အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service